မြောက်ပိုင်းသုံးသပ်ချက် (၁)မြောက်ပိုင်းဇတ်မှန်၊ ပေါ်စေငြား၊ သစ္စာပန်းများ ပွင်.ပါစေ။
၂၀၁၁
ဒီဇင်ဘာ လ က စပြီး မြောက်ပိုင်း စခန်းက အဖြစ်အပျက်တွေ အင်တာနက်၊
ဖေ.စ်ဘွတ်ခ် တို.မှာ ပထမဆုံးအကြိမ် ကျယ်ကျယ်လောင်လောင် ပေါက်ကွဲ
ထွက်လာခဲ.ပါတယ်။
ပန်းချီထိန်လင်း၏သန်းကြီးမ ဆောင်းပါး၊ ပြီးတော. အောင်မိုးဝင်း၏
အရိုးတွန်သံများဆောင်းပါးတွဲ ( အမှတ် ၁--၁၁) ထွက်လာတဲ.အခါ
အေဘီဟောင်းတွေသာမက နေရာ အနှံ.အပြားက စာဖတ်ပရိသတ် တွေကြားမှာ
အံ့သြစရာကောင်းလောက်အောင် ကို မခံချင်စိတ်၊နာကျင်စိတ် တွေနဲ.
အကြီးအကျယ်စိတ်ထိခိုက် ပေါက်ကွဲမှုတွေ ဖြစ်ခဲ.ကြပါတယ်။ ခံခဲ.ရတဲ.သူတို. ကို
စာနာသနားစိတ် တွေဖြစ်ခဲ.ကြပါတယ်။ အမှန်တရားကို ကူညီရှာဖွေပေးလိုစိတ်နဲ.
မြောက်ပိုင်းပြန်တွေကို လူတွေက တသားတည်း ၀ိုင်းရံပေးခဲ.ကြပါတယ်။
တဖက်မှာလည်း-ဘက်ရွေးမှု တွေ၊ ပုဂ္ဂိုလ်ရေးခင်မင်မှုတွေ ကြောင်.၊ အဖွဲ.ကို
ကာသလိုနဲ.လူကို ကာပေးခဲ.တာတွေလည်း တွေ.ခဲ.ရပါတယ်။ ဒီကိစ္စ ကြောင်.
သူငယ်ချင်း၊ မိတ်ဆွေ နဲ. ရဲဘော် တွေ အချင်းချင်းကြား မျက်နှာပျက်စရာတွေ
၊ငြင်းခုန်ရတာတွေ ဖြစ်ခဲ.ကြပါတယ်။ ဒါပေမဲ.- အုပ်စုစွဲကင်းတဲ.
လူသူအမြောက်အများကတော. ခံခဲ.ရတဲ. မြောက်ပိုင်းပြန်တွေ အပေါ် (၁၉၉၂ က စလို.
သူတို.ဘယ်တုန်းက ဘယ်နေရာမှာမှ မရ ဘူးတဲ.) အသိအမှတ်ပြုမှုမျိုးကို သတ္တိ
ရှိရှိ ပြသခဲ.ကြပါတယ်။ ဒီလိုနဲ. ပရိတ်သတ် ကြီးဟာ ထက်သန်တဲ. စေတနာတွေနဲ.
အပယ်ခံ မြောက်ပိုင်းပြန်တွေဘက်က ရပ်ပေးရုံသာမက၊ သူတို.ကို
အမှုမှန်ပေါ်ပေါက်ရေး မှာ လက်တွေ.ကျကျ ၀ိုင်းကူညီမယ် ဆိုမယ်ဆိုတဲ.
ပိုင်းဖြတ်ချက်တွေကိုပါ ကမ်းလှမ်း ဖော်ပြခဲ့ကြတယ်။
သို.သော်---နှစ် ၂၀ တိမ်မြှပ်နေတဲ. ဒဏ်ရာဟောင်းတစ်ခု အတွက် ကုထုံးကို
ရှာဖွေကြရာမှာ နည်းလမ်းမှားယွင်းနေတာ လွဲချော်နေတာ တွေ ကို ၂၀၁၂ ဧပြီ
လနောက်ပိုင်းကစ ပြီး အကဲခတ်မိပါတယ်။ လူအချို.က
ငါတို.မြောက်ပိုင်းပြန်တွေ၏ပြဿနာဆိုတဲ. ခေါင်းစဉ်အောက်မှာ အဖြစ်မှန်ပေါ်ဖို.
၂၀၁၂ အတွင်း အားထုတ်ကြတယ်ဆိုပေမဲ. ဖြစ်ပေါ်ပြောင်းလဲမှု အသီးသီးဟာ ဟာ
ကျေနပ်အားရစရာ မရှိခဲ့ပါဘူး။ ၂၀၁၂ခုနှစ် ပထမ ၆ လပိုင်းမှာ
အများထောက်ခံမှုတွေနဲ. ဆူညံ နေတဲ. မြောက်ပိုင်း ဇတ်လမ်းဟာ ၂၀၁၂
နှစ်ဝက်ကျော် လာတဲ. အချိန်က စလို. ၂၀၁၃ အကူးမှာ ဦးတည်ရာ ဂီယာ
ပြောင်းသွားပါတော.တယ်။ ဒီလို ဦးတည်ရာဂီယာပြောင်းသွားခဲ.တာကို
စောင်.ကြည်.လေလာနေသူတွေက မျက်ခြေမပြတ်ခဲ.ပါဘူး။ အောက်က ရေးသား ချက် ဟာ
သူငယ်ချင်း ကိုမိုးကျော် နှင်. ကျမ ၏ တဦးစီ သုံးသပ်ချက်ဖြစ်ပါတယ်။
သေသေချာချာ ဖတ်ရှုဖို. တိုက်တွန်းလိုပါတယ်။
အေးအေးစိုးဝင်း
မြောက်ပိုင်းကိစ္စနဲ.ပါတ်သက်ပြီး အလုပ်ပိုင်း မထိရောက်ခြင်း ၊မြောက်ပိုင်းပြန်တွေ လုပ်ရမဲ. လမ်းကြောင်းက သွေဖယ်လာတဲ. အကြောင်းရင်း
(မိုးကျော်)
ထိရောက်အောင်၊ သူတို.မလုပ်နိုင်ပါ။ လူတွေနဲ.ညှိမရသေးဘူး၊ အခက်အခဲတွေ-
အဟန်.အတားတွေ ရှိတယ် ဆိုတဲ. ဆင်ခြေကို မနန်းအောင်ထွေးကြည်ကသာ
အမျိုးမျိုးပြောဆို ပြီး အလုပ်မဖြစ်အောင် တမင် လုပ်ထားတာဖြစ်ပါတယ်။
ဘယ်အချက်တွေကြောင်. အလုပ်မဖြစ်ခဲ.ဘူးဆိုတာ အောက်ပါအတိုင်း အချက်တွေအရ
ကျနော် ပြောပါမယ်။ စာဖတ်သူတွေလဲဝိုင်းစဉ်းစားနိုင်ပါတယ်။
- မြောက်ပိုင်းကိစ္စကို ကိုအောင်မိုးဝင်းက အစပြုလို.
အားလုံးဝိုင်းဝန်းပြီးဖေါ်ထုတ်ခဲ့ကြတဲ့ ရလဒ်အရ လက်သည်တရားခံတွေဟာ
ဘယ်သူတွေလဲဆိုတာ ပေါ်လွင်နေပါတယ်။ လုပ်ခဲ့တဲ့သူတွေလဲ သူတို.လုပ်ခဲ့တယ်
ဆိုတာကို ကမ္ဘာသိ ကြေငြာချက်ထုတ်ပြီး ပြောကြားထားတယ်။ အဲဒိမှာ
သူတို.လုပ်နိုင်တာကတော့ တရားရေးလမ်းကြောင်းပါပဲ။ ဒါပေမယ့် အခုဖြစ်နေတာက
အဲဒီလမ်းကြောင်းကို မရောက်ပဲ ဟန်ရေးပြ လေလုံးထွားပြီး ဟိုလူက
ဒီလိုဖြစ်လို. ဒီလူက ဟိုလိုဖြစ်လို. ဆိုပြီး ညီညွတ်ရေး ပျက်ပြားအောင်
ဦးတည်တဲ့ လုပ်ဆောင်ချက်တွေရယ်။ လူတစ်ဦးတစ်ယေါက်ထဲကနေပြီး ဖြစ်ရမယ့်
လမ်းကြောင်းကို မရောက်အောင် ဒီအမှုကို ကြိုးကိုင်နေတာရယ်တွေကတော့ အဓိက
ပြသနာပါပဲ။ အဲဒါတွေကိုတော့ ကျနော်နောက်ပိုင်း ရေးသားချက်တွေထဲမှာ
အကျယ်ချဲ.ဖေါ်ပြသွာမှာပါ။
- သမိုင်းတစ်ခုကို ဖေါ်ထုတ်တယ်ဆိုတဲ့ နေရာမှာ မိမိသိတဲ့
မိမိပါဝင်ခဲ့တဲ့ လုပ်ဆောင်ချက်များအပြင် တခြားသော သူတွေရဲ. သိရှိချက်
လုပ်ဆောင်ချက်တွေကိုလဲ လေးလေးစားစား လက်ခံရမှာဖြစ်ပါတယ်။
မိမိပြောဆိုရေးသားခဲ့တဲ့ အချက်အလက်နဲ. ဆန်.ကျင့်ဖက်ဖြစ် ကွဲပြားနေရင်
မိမိအဆိုမှန်ကန်ကြောင်းကိုလဲ သက်သေပြရမှာဖြစ်ပါတယ်။
အခုဒီမြောက်ပိုင်းကိစ္စမှာကျတော့ သမိုင်းမှန်ကို ဖေါ်ဆောင်နေတယ်သာပြောတယ်။
ဒီဖြစ်စဉ်ကြီးရဲ. အစက ဘယ်လိုမှန်းမသိ။ သူတို.ရဲ.ပါဝင်ခဲ့မှတွေကိုလဲ
ပြောဆိုခြင်းမရှိ။ ဘယ်သူတွေက ဘယ်လိုပါဝင်ခဲ့တယ်။ ဘယ်သူတွေက
ဘယ်လိုလုပ်ဆောင်ခဲ့တယ်ဆိုတာကိုလဲ တိတိကျကျ ပြည့်ပြည့်စုံစုံ
ဖေါ်ပြခြင်းမရှိ။ စာဖတ်သူပရိတ်သတ်တွေသိနေရတာက သူတို.တွေကို ဘယ်သူတွေက
ဘယ်နေ.မှာ ဘယ်လိုဖမ်းသွားပြီး ဘယ်လိုနှိပ်စက်မှုမျိုးတွေနဲ.
ဘယ်လောက်ရက်စက်စွာ နှိပ်စက်ခဲ့တယ်ဆိုတာတွေကိုပဲ ပြောကြားနေကြတယ်။ အဲဒီတော့
ကျနော်တို. ယူဆနိုင်တာက အခုသမိုင်းမှန် ဖေါ်နေတယ်ဆိုတဲ့သူတွေဟာ
သူတို.တကယ်ပါဝင်ပတ်သက်ခဲ့တာတွေကို မဖေါ်ပြနိုင်တဲ့၊ ပရိသတ်ကို မသိစေချင်တဲ့
အချက်တွေရှိတယ်။ နောက်တစ်ခုက တကယ်လုပ်ရမယ့် လုပ်သင့်တဲ့အလုပ်ကို
မလုပ်ပဲနဲ. သူတို.ဘယ်လိုခံစားရတာတွေကိုပဲ ထပ်တလဲလဲ ပြောကြားရင်းနဲ.
လူထုကြားမှာ နာမည်ကြီးအောင်လုပ်နေပြီး သူတို.ကိုယ်တိုင် ပါဝင်ခဲ့ဖူးတဲ့
အဖွဲ.အစည်းကို ဂုဏ်သိက္ခာချနေတယ်လို. ယူဆလို.ရပါတယ်။
- အခုနန်းအောင်ထွေးကြည် လုပ်ဆောင်ချက်တွေဟာ သူမ နာမည်ကြီးရေးနဲ.
အမှုလမ်းကြောင်းပျောက်အောင်လုပ်ဆောင်နေတယ်လို. ယုံကြည်ထင်မြင်ပါတယ်။
ရလဒ်တစ်ခုပေါ်လာပြီးတဲ့နောက်မှာ လုပ်သင့်တာတွေကို မလုပ်ပဲနဲ.
ဘယ်သူ.သဘောထားယူဖို.လိုတယ်။ ဘယ်သူ.တွေဆီက ဘာအချက်တွေရမှ
လုပ်လို.ရမယ်ဆိုတာတွေဟာ တကယ်တော့ ဒီအမှုမှန်မပေါ်အောင်
ဟန်ဆောင်လိမ်ညာခြင်းသက်သက်သာဖြစ်တယ်လို. ကျနော်ယုံကြည်တယ်။
နောက်ပိုင်းကျနော်တင်ပြမဲ. အပိုင်းတွေမှာ အသေးစိတ်လေးတွေကို တချက်စီ တင်ပြသွားမှာဖြစ်ပါတယ်။
မိုးကျော်
မြောက်ပိုင်းကိစ္စနဲ.ပါတ်သက်ပြီး အလုပ်ပိုင်း မထိရောက်ခြင်း ၊မြောက်ပိုင်းပြန်တွေ လုပ်ရမဲ. လမ်းကြောင်းက သွေဖယ်လာတဲ. အကြောင်းရင်း
၂၀၁၂ နှစ်ဝက်ကျော် နောက်ပိုင်း လများ နဲ. ယနေ.အထိ
သူတို.မြောက်ပိုင်းပြန် တွေလုပ်တဲ. ပီအာ အ၀၀မှာ စီမံခန်.ခွဲနေတဲ.
မနန်းအောင်ထွေးကြည် ၏လုပ်ရပ်များကြောင်. တကယ်နစ်နာခံစားခဲ.ရသူတွေအတွက်
အမြတ်တ၀က် အ ရှုံး တ၀က် ဖြစ် ခဲ.ရပါတယ်။ မြင်ထားတာကတော. ဒီလိုပါ။
၁။ အမှုဖြစ်ချင်ရင် ဖြစ်လို.ရတဲ. အနေအထား ၂၀၁၂ ဧပြီလလောက် ကတည်းက
လုပ်ချင်တဲ.သူတွေအတွက် လုပ်နိုင်ခြေရှိပါတယ်။ (အဖွဲ. အစည်းအသွင်နဲ.
မဖြစ်မနေ အမှု ကို စုလုပ်မယ် ဆိုရင်) trust-worthy ဖြစ်တဲ.
မြောက်ပိုင်းပြန်တွေနဲ. ပြင်ပက ပံ.ပိုးကူညီပေးမဲ.သူတွေ ကြားမှာ ရိုးသားမှု
မြင်သာမှုတွေ ရှိခဲ. လျှင် မှ ဒီအမှုကို ရမှာဖြစ်ပါတယ်။ သို.သော်-
ရိုးသားမှု မရှိသူတစ်ဦးက အတွင်းအပြင် ဆက်ဆံရေး အသွားအလာတွေအားလုံးကို
တစ်ဦးတည်း ကြိုးကိုင်နေသည်. အတွက်ကြောင်.-- အစိုးရမီဒီယာဖက်က
အင်တာဗျူးတွေ နဲ. ရေးသားချက်တွေ သာ ထွက်လာပါတယ်။ ဒါကြောင်.--မိတ်ဆွေ
ရဲဘော်များ၏ ရှေ.ပိုင်းက အမှုဖြစ်ရေးဆွေးနွေး အကြံပေးခဲ.မှုများ အရာ
မထင်ခဲ.၊ အကြံပေးကူညီရကျိုး လည်းမနပ်ခဲ.ပါ။ ၂၀၁၂ စက်တင်ဘာနောက်ပိုင်း
မြောက်ပိုင်းပြန်တို. လုပ်နေတဲ. ပီအာ public relations ကိစ္စတွေဟာ
အစိုးရအတွက် အမြတ်ထုတ်နိုင်တဲ. အတွက် သမ္မတဘေးက ဇော်ဦး၊ အောင်မင်းဘေးက
လှမောင်ရွှေ၊ ညိုအုန်းမြင်.၊ မင်းဇော်ဦး စသည်. အကြံပေးများက
အစိုးရမီဒီယာကို သူတို.လိုချင်တဲ.ပုံစံခွက်အတိုင်း
ခြေသွက်လက်သွက်ဖြစ်အောင် ဒိုင်ခံ ညွှန်ကြားနေပါတော.တယ်။
၂၀၁၂ နှစ် ဒီဇင်ဘာမှာ အစိုးရနဲ.ထိပ်တိုက်စစ်ဖြစ်နေတဲ. ကချင်မြေက
ကျောင်းသားတပ်မတော် က လက်နက်မချသေးပါ။ အေဘီ ဥက္ကဌနဲ. အဖွဲ.လည်း ၂၀၁၂
ဒီဇင်ဘာမှာ ပြည်တွင်းရောက်ရှိနေပါတယ်။ ဒီ.အတွက် စစ်အစိုးရက မြောက်ပိုင်း
ဇတ်နာကို ပြောချင်သူတွေကို အသုံးချကာ သူတို. မီဒီယာနဲ.
ထိုးနှက်လို.ကောင်းတဲ. အချိန်ကာလလဲဖြစ်နေပါတယ်။ အမှန်က -
မြောက်ပိုင်းပြန်အချို.က အစိုးရပိုင် မီဒီယာကို မညှာမတာ အသုံးပြု
လိုက်တဲ.အတွက် တကယ် တာဝန်ရှိခဲ.တဲ. ဗီလိန်အစစ်ကိုမရပဲ၊
လမ်းကြောင်းလွဲသွားတယ်
ဆိုတာ ပေါ်လွင်ခဲ.ရပါတယ်။ စောင်.ကြည်.လေ.လာနေသူတွေကို တပတ်ရိုက်ခဲ.သလို ဖြစ်ခဲ.ပါတယ်။
၂။ ခြုံကြည်.ရင်- မြောက်ပိုင်းပြန် တွေမှာ အစိုးရအကြံပေးများက လွဲလို.
ပြင်ပက ကောင်းစွာ ကူညီပေးနိုင်တဲ.သူတွေနဲ. အခွဲခံထားရဆဲလို.မြင်ပါတယ်။
ငါတဦးထဲ ကြိုးကိုင်ချယ်လှယ်ခွင်.မရရင် အချက်အလက်တွေ
ဘယ်သူ.ကိုမှမပေးဘူး၊ငါ ပဲအဓီက ဆိုတဲ. မနန်းအောင်ထွေးကြည်ရဲ.စတိုင်က --
အစိုးရမီဒီယာအတွက် ကျေနပ်စရာ။
ကျောင်းသားတပ်မတော်အတွက် ခံပြင်းစရာ။
အမှန်တကယ်ခံခဲ.ရတဲ.မြောက်ပိုင်းပြန်မိသားစုတွေအတွက်
စိတ်ရှုတ်ထွေးအားငယ်စရာ ဖြစ်ခဲ.တယ်။ သူမ ပြောခဲ.တဲ. အချက်အလက်တွေကလည်း
၇၀%-၈၀% လောက်သာ မှန်ကန်ပြီး ကျန်တဲ. ၂၀%-၃၀%က ထိန်ချန်မှုတွေ၊
ဝန်မခံလိုမှုတွေ နဲ.ပြည်.နေပါတယ်။
ကျည်ဆံ အစစ်မပါတဲ. သေနတ်နဲ.ပစ်ခြင်းမှာ မည်သည်.ပစ်မှတ်ကိုမှ မထိ ခဲ.ပါ။
အစိုးရမီဒီယာနဲ. ပူးပေါင်းလုပ် ဆောင်တဲ. အခါမှာ၊ တရားခံ အစစ် ဘယ်မှာလဲ ၊
ဘာကြောင်.လွတ်နေတာလဲ ၊ ဘယ်လို နည်းနဲ. အကာအကွယ် ရထားသလဲ စသည်. ပိုင်းခြား
စိတ်ဖြာ သုံးသပ်ချက်တွေမပါတဲ. အင်တာဗျူးတွေ ကြောင်. အစိုးရကို
မျက်နှာလုပ်ချင်သူတွေ သတင်းသမားတွေပဲ စန်းပွင်. အမြတ်ထုတ်ခဲ.ကြပါတယ်။
မဟာမိတ်ရွေးချယ်မှု မှားယွင်းမှုကြောင်. စစ်မှန်တဲ.တော် လှန်ရေးသမားတွေစီက
ကျောင်းသား တန်ပြန် ခြေပ ခြင်းတွေကိုလည်း မနန်းအောင်ထွေးကြည် သင်တင်.
လျှောက်ပတ်စွာ ဖြေရှင်း ပေးနိုင်ဖို. မပြင်ဆင်ထားခဲ.ပါ။ ၂၀၁၂
နှစ်ဦးပိုင်း လောက်က အများက ထားခဲ.တဲ.စေတနာကို လက်မခံရင် အများက
ပြန်ငြိုညင်တာ ခံရတတ်ပါတယ်။ လမ်းကြောင်းမှားတစ်ခုကို တမင်တင်ပြီးကာမှ
ကိုယ်ကတဲ.ဇတ် ကိုယ်မနိုင်လို. ပြန်ပြီး ရှာင်ထွက် သွားမယ်ဆိုရင်တောင် ခု
တော်တော် နောက်ကျသွားပြီလို.ပြောနိုင်ပါတယ်။ ဒီတော.-အစိုးရအဖွဲ့တွင်း က
အကြံပေးသူ တစ်ဦး နှစ်ဦးရဲ. ဂိုက်လိုင်း လမ်းညွှန်ချက်တွေနဲ.
ကပြနေကြကြောင်း လူတွေကို ရိပ်မိစေပါတယ်။ (ဆက်လက်ဖေါ်ထုတ်မှာ ဖြစ်ပါတယ်။)
၃။ ဒီလို အစိုးရမီဒီယာကို အသုံးချမှုကတဆင်. ရှုတ်ထွေးမှု
အချို.ပေါ်လာရတဲ.အတွက် မြောက်ပိုင်းမှာ ခံခဲ.ရသူတွေ၏ သမိုင်းကတော.
ပျောက်သွားမှာ မဟုတ်ပါ။ ဒီဖြစ်ရပ်ကြီးတစ်ခုလုံးအပေါ် ရိုးသားစွာ
ယုံကြည်ခဲ.သူတွေ ထောက်ခံပေးခဲ.သူတွေ အားလုံး သတိကြီးရပါလိမ်.မယ်။
အဲလိုဆိုရင်-- ခု လမ်းကြောင်းမှားကို တမင်ကလာ တင်၊ တယောက်ထဲချယ်လှယ်နေ
သူတစ်ဦးရဲ. အခန်းကဏ္ဍ သို.မဟုတ် ပြောရေးဆိုခွင်.၊ ဆင်ခြေပေးခွင်.တွေ ကတော.
ရှေ.ရှောက် တော်တော် ကြီး လျှော.နည်းသွားပါလိမ်.မယ်။ ဆိုရေးရှိက မဆိုပါက
လူတစ်ဦး တစ်ဖွဲ.ကပဲ အမြတ်ထုတ်၊ အစိုးရက အမြတ်ထုတ်၊ အမှု ဖြစ်မလာပဲ
ဆူညံနေတဲ.မီဒီယာ ရှိုး တွေကတဆင်. ထိုသူများ၏ မလိမ့်တပတ် ရည်ရွယ်ချက်တွေပဲ
အခြေခိုင်လာမှာစိုးရိမ် တဲ. အတွက်
ကိုယ်တတ်နိုင်သလောက်ရေးသားဖေါ်ထုတ်ပေးရတာဖြစ်ပါတယ်။
၁၉၉၂ ဖေဖေါ်ဝါရီ၁၂ ရက်နေ. ခေါင်းဖြတ်လူသတ်ပွဲ အပေါ် တာဝန်ရှိတဲ.
မြောက်ပိုင်း မကမဒ ခေါင်းဆောင်မှု ကို မနန်းအောင်ထွေးကြည် က ရဲရဲတောက်
ကဗျာ တပုဒ် သီကုံးပြီး နဲ. ၂၀၁၂ နှစ်ဆန်းပိုင်းက စိမ်ခေါ်ခဲ. ပါတယ်။
ရဲရဲတောက် ဒီကဗျာတစ်ပုဒ်ကို မှတ်မိနေကြဦးမှာပါ။
မြောက်ပိုင်းစခန်းပြန်တွေ ကြားမှာ လူတိုင်း ဒဏ်ရာ ဒဏ်ချက် ကိုယ် စီ
ရှိကြပါရဲ.နဲ. နန်းအောင်ထွေးကြည် တယောက် ထဲ ဦးဆောင်ပြီး ဘာကြောင်.
ဇတ်နာတဲ.အပိုင်းကိုပဲ ဇောင်းတင် ပြောကြား နေတယ်လို.ထင်ပါလဲ။ အမှုဆင်မယ်
အမှုပေါ်အောင်လုပ်မယ် စသည်. ခေါင်းစဉ်တွေ အောက်မှာ သနားတတ်တဲ.ပရိတ်သတ်
ကြီးလည်းစောင်.ရင်း စောင်းရင်း မောပန်း စိတ်ပျက် သွားပါပြီ။ လူတွေရဲ.
ထက်သန် တက်ကြွတဲ.စိတ်ဆန္ဒတွေ အားနည်းသွားခဲ.တာ တစ်စုံတစ်ဦးမှာ
လုံးလုံးတာဝန်ရှိပါတယ်။ ဗီလိန်တွေကို ဥပဒေကြောင်းအရ
အရေးယူစေချင်တဲ.ပရိတ်သတ်ကြီး ကို တဖက်က မက်လုံးပေးထားသော်လည်း
အခြားတဖက်မှာ ဘာမှ မလုပ်နေတဲ.အတွက် ဘာမှဖြစ်မလာခဲ.ပါ။ ဒီလိုနဲ.
တနှစ်ကြာသွားပါတယ်။ ယခုထိ ဘာမှ မည်မည်ရရ ဖြစ်မလာသေးပါ။ အစိုးရဖက်ကတော.
တော်တော်မြတ်သွားပါတယ်။
ဒီတော. ၀ိုင်းစဉ်းစားကြပါတယ်။ ဘယ်လို ရည်ရွယ်ချက်မျိုးနဲ. ဒီကိစ္စကို
ဒီလိုအချိန်မှာမှ အစိုးရမီဒီယာက ဒီလိုပုံစံမျိုးနဲ. ဖေါ်ထုတ်နေချင်ကြလဲ
ဆိုတာ ကို အလေးအနက် တွေးမိကြပါတယ်။ နောက်ကွယ် မှာ ရည် ရွယ်ချက်တမျိုး
ရှိနေပြီ၊ လူသိမခံရဲတဲ.ညွှန်ကြားချက်တွေပါဝင်နေပြီ ဆိုတာ မိမိတို.လေ.လာထား
သလောက် ရှင်းပြပေးချင် တဲ.အတွက် ဆက်လက်တင်ပြပေးပါမယ်။
သက်ရောက်မှု ကြီးသော လူသားဝါဒ သာဖြစ်စေလို။
တည်ကြည်စွာဖြင်.
အေးအေးစိုးဝင်း
Jan 22 2013
မြောက်ပိုင်း ဇတ်လမ်း သုံးသပ်ချက်(၂)
-မြောက်ပိုင်းစခန်း အဖြစ်မှန် ပေါ်ပေါက်ရေးအတွက် ကနဦး သတင်းတိုက်ပွဲ ( ၂၀၁၁ နှစ်ကုန် မှ --၂၀၁၂ ဂျွန် အထိ)
အရိုးတွန်သံဆောင်းပါးတွေ
အရှိန်မြင့်အားကေါင်းလာတဲ့ အချိန်မှာပဲ မြောက်ပိုင်းက တစ်ဦးစ နှစ်ဦးစ
စတင်ရေးသားလာပါတယ်။ အဲဒီကာလမှာပဲ ကျနော် နန်းအောင်ထွေးကြည်နဲ.
စတင်သိကျွမ်းခဲ့ရပါတယ်။ နန်းအောင်ထွေးကြည်ဟာ ရုပ်ရည်သန်.ပြန်.ပြီး
ခင်မင်ဖို.ကေါင်းပါတယ်။ တဖြည်းဖြည်းရင်းနှီးလာတဲ့ အချိန်မှာ သတိပြုမိတာက
သူမဟာ ကိုယ်ရည်သွေးစကားများ ပြောဆိုတတ်ပြီး စကားပြောကြမ်းပါတယ်။
သူကလဲပြောပါတယ်။ ငါက အစထဲက ဒီလိုခပ်ကြမ်းကြမ်းပဲဆိုပြီးတော့။ ပြည့်စုံပြိး
ပညာတတ်အသိုင်းအ၀ိုင်းက မိန်းကလေးတစ်ယေါက်က စကားပြောကြမ်းတယ်ဆိုတာကိုတော့
အံ့သြမိပေမယ့် ကျနော်ကိုယ်တိုင်က တောထဲမှာ စစ်သင်တန်း အကြိမ်ပေါင်းများစွာ
တက်ခဲ့ဖူးသူဖြစ်တဲ့အတွက် ပြဿနာ ထွေထွေထူးထူးမရှိပါဘူး။
နောက်တစ်ချက်ကတော့
သူမနဲ. တွေ.ဆုံစကားပြောဖူးသူတွေရဲ. တူညီတဲ့ကောက်ချက်ကတော့ သူမဟာ
စာဖတ်အားနည်းတယ်၊ နိုင်ငံရေး သဘောတရားအားနည်းတယ် ဆိုတဲ့အချက်ပါပဲ။ စကားစကား
ပြောပါများ၊ စကားထဲက ဇာတိပြ ဆိုတဲ.စကား ဟာ အလွန်မှန်ပါတယ်။ သူမ လိမ်တတ်တာ၊
ေ၇ှ.နောက်မညီညွတ်မှုတွေဟာ ဘယ်သူကမှ ဖိအား ပေး ပြောခိုင်းနေတာ မဟုတ်ပဲ၊
သူ.ဖာသာသူ ကိုယ်ရည်သွေး ရင်း ဖွာ ထွက်လာတဲ. အစအနတွေဖြစ်ပါတယ်။ ကျနော်တို.က
နားထောင် နေသူများသာဖြစ်ပါတယ်။ ထိုစဉ်က သူ ပြောတာကို လေးလေးစားစား နားထောင်
ပေးခဲ.၊ မှတ်သားခဲ.ပါတယ်။
အဲဒိအချိန်မှာ မြောက်ပိုင်းကိစ္စကို သတင်းဌာနတွေကနေ ဖေါ်ပြထုတ်လွှင့်ပေးကြဖို.အတွက် တိုက်ပွဲဝင်နေတဲ့ အချိန်ဖြစ်ပါတယ်။
မအေးအေးစိုးဝင်းနဲ.အတူ
ကနေဒါမှ အမှန်တရားမြတ်နိုးသူတစ်ယေါက်ရဲ.တိုက်ပွဲဝင်မှုကြော့င့် DVB
သတင်းဌာနဟာ ၂၀၁၂ ဂျန်န၀ါရီမှာ ၏ ဂျန်န၀ါရီ ၉ ရက် သတင်းကြေငြာချက် အတွက်
၂၀၁၂ ဂျန်န၀ါရီ၂၃ ရက်နေ.မှာ မူလကြေငြာချက်မှာ ဘက်လိုက်မှုပါဝင်နေခဲ.ကြောင်း
ပြောဆိုပြီး လူသိရှင်ကြားတောင်းပန်ခဲ့ရပါတယ်။
ဒီမြောက်ပိုင်းကိစ္စဖေါ်ထုတ်မှုရဲ. ဂယက်ကြောင့် ပန်းချီထိန်လင်းကို RFA မှ
ဂျန်န၀ါရီ လကုန်မှာ ဆက်သွယ်ပြီး၊ အင်တာဗျူးပြီး ထုတ်လွင့်ခဲ့ပါတယ်။
ဒါပေမယ့် အဲဒီအင်တာဗျူးမှာ ပြောကြားချက်တွေဟာ အင်တာဗျူးယာ
မေးမြန်းသူ၏ကောင်တာမေးခွန်းတွေကြောင်. မြောက်ပြန်ပြန်များကိစ္စပေါ်လွင်ဖို.
အတွက် တော်တော်ကို အားနည်းခဲ့ပါတယ်။ အဲဒီအချက်ကိုလဲ အများသိကြမှာပါ။
အဲဒီအတွက် ပိုပြီးသမာသမတ်ကျ ဘက်မလိုက်တဲ. အင်တာဗျူးအသစ်တစ်ခု ထပ်ရဖို.
အတွက် မအေးအေးစိုးဝင်းဟာ RFA ကို စာရေးဆက်သွယ်ပြီးတောင်းဆိုခဲ့ပါတယ်။
RFA မှ ဒေါ်ငြိမ်းရွှေကလဲ ပြန်လည်ဆက်သွယ်လာပြီး ပြုလုပ်ပေးမယ့်အကြောင်း၊ အင်တာဗျူး အသစ်အတွက်
၁၂-၁၅မိနစ်ခန်.ပေးနို
င်ကြောင်း၊ ကြိုက်တဲ့သူကို ရွေးချယ်နိုင်ကြောင်းပါ ခွင့်ပေးလာပါတယ်။
အဲဒီ. အချိန်က မြောက်ပိုင်းပြန်တွေဆိုတာ အပယ်ခံ မျက်နှာမွဲတွေဖြစ်ပါတယ်။
နန်းအောင်ထွေးကြည် နံမည်ကြီးလာခြင်းမှာ-
--ကိုအောင်မိုးဝင်း ၏ မုန်တိုင်းနဲ.တူသောအရိုးတွန်သံဆောင်းပါးများ၊
--ကိုမောင်မောင်ဝမ်းက သူပိုင်လူမှုကွန်ယက်က ဒီဇတ်လမ်းတွေကိုဖြန်.ဖြူး၊
--မအေးအေးစိုးဝင်းက သူမကို တနိုင်ငံလုံးလွှင်.တဲ. RFAရေဒီယို မှာ အဗျူးခံရအောင်၊ စာတွေရေးကြိုးပမ်းပေး၊
--အေဘီအခြေအနေကို
သုံးသပ်ထားတဲ. ကိုကို ဦး၏စာနဲ. တခြားနိုင်ငံအသီးသီးမှာ ရှိတဲ.
အေဘီဟောင်းတွေ၊ ပြီးတော. အားကြီးတဲ. ပရိသတ် က အဖွဲ.စွဲ လူစွဲ မထားပဲ
ခံရတဲ. သူတွေဖက်က ပြတ်သားစွာ ရပ်တည်ပေး ခဲ.လို.သာဖြစ်တယ်။
လူ.သဘာဝ
က အပယ်ခံ အနှိမ်ခံတွေဆိုသနား တတ်တယ်။ ၀ိုင်းသနားကြတယ်။ ကူညီပေးကြတယ်။
နန်းအောင်ထွေးကြည် တစ်ယောက်ထဲ အစွမ်းအစနဲ. ဒီလောက်ဖြစ်မလာခဲ.ဘူးဆိုတာ
သူကိုယ်တိုင်သိသလို၊ မြောက်အမေရိကတိုက်က အေဘီဟောင်းများ
တစ်ယောက်မကျန်သိကြပါတယ်။ မေသင်ကြန်ဟိန်နဲ. ဗျူးတဲ. အခါ မှာတော. ဇတ်အိမ်ကြီး
တစ်ခုလုံး ရဲ. စ လယ် ဆုံး ကို တော်တော် ဖျောက်ထားပြီး၊ မိမိသာ မိမိ အလွန်
အရေးပါလွန်း၏ဆိုတဲ.မူနဲ. တကိုယ်ကောင်းဆန်မှုတွေ၊ ထိန်ချန်မှုတွေ၊
လိမ်ညာမှုတွေ ပါလာခဲ.ပါတယ်။ မဗျိုင်း ဇီးသီးအကြောင်း မသိနိုင်တော.တာ
ပြဿနာ မဟုတ်ပေမဲ.၊ မဗျိုင်း လမ်းကြောင်းမှားနေတာ ကို အရှိအတိုင်းပြောရမှာ
ကျနော်တို. အားလုံး၏တာဝန်ဖြစ်ပါတယ်။
ရေဒီယို ဖရီးအေရှား
အင်တာဗျူး အတွက် လူရွေးချယ်တဲ့အခါမှာ နန်းအောင်ထွေးကြည်နဲ. ဘိုဘိုကို
ပထမမှာ လျာထားခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဘိုဘိုကို ဖြုတ်ပြီး
သင်းသင်းညီကို အစားတင်ပေးဖို. ကျနော်တို.တောင်းဆိုခဲ့ပါတယ်။
အဲဒီအကြောင်းပြချက်ကိုလဲ နန်းအောင်ထွေးကြည်သိပါတယ်။ နန်းအောင်ထွေးကြည်နဲ.
သင်းသင်းညီစီ ကိုလဲ RFA မှ ဆက်သွယ်လာမှာဖြစ်တဲ့အကြောင်းကို အသိပေးခဲ့ပါတယ်။
ဒီအင်တာဗျူးထုတ်လွင့်ချက်ဟာ ထိရောက်အောင်မြင်ခဲ့ပါတယ်။ ၂၀၁၂ ဖေဖေါ်ဝါရီ
လဆန်း RFA အာအက်ဖ်အေ အင်တာဗျူးမှာ မနန်းအောင်ထွေးကြည် အသံနဲ. ခင်ချိုဦး
နောက်ဆုံး ဇတ်သိမ်းခန်း နဲ. ပတ်သက်ပြီးဖြေကြားသွားတာကို
မှတ်မိနေကြဦးမယ်ထင်ပါတယ်။
သမိုင်းမှန်ကို ဖေါ်ထုတ်ရာမှာ
စစ်မှန်တိကျတဲ့ အချက်များနဲ.သာ ဖေါ်ထုတ်မယ် ဆိုပြီး ကြွေးကြော်ခဲ့တဲ့
နန်းအောင်ထွေးကြည်ကို အင်တိုက်အားတိုက်ကျနော်တို. ၀န်းရံခဲ့ကြပါတယ်။
ဝန်းရံရတဲ့ အချက်တွေကတော့
၁. သူမကိုယ်တိုင် ဒီလူမဆန် ရက်စက်မှုများကို ခံစားခဲ့ရပြီးမှ လွတ်မြောက်လာခဲ့ရသူ တစ်ဦးဖြစ်ခြင်း
၂. နိုင်ငံခြားတွင် နေထိုင်သူဖြစ်သဖြင့် သူမအား ဆက်သွယ်ရာတွင် လွယ်ကူမြန်ဆန် အဆင်ပြေမှုရှိခြင်း။
စတဲ့အချက်တွေပေါ်မှာ အခြေခံပြီး ၀န်းရံခဲ့ကြခြင်းဖြစ်ပါတယ်။
သူမနဲ.ကျနော်
စကားအကြိမ်ပေါင်းများစွာပြောဖြစ်ခဲ့ပါတယ်။ သူမဆီကလဲ မြောက်ပိုင်းကိစ္စနဲ.
ပတ်သက်တဲ့ အချက်အလက်တွေ တော်တော်များများ လေ့လာခဲ့ရပါတယ်။ RFA မှာ
ဖေဖေါ်ဝါရီလဆန်း အင်တာဗျူးနဲ.အသံလွှင့်ခဲ့ပြီးနောက်ပိုင်းမှာ သူမဟာ
သူသိတဲ့အချက်အလက်များသာ အမှန်၊ သူများပြောရင် မမှန်ဘူး။ ဒီလို ဟိုလူ
တွေပြောတာ မတိကျဘူး။ သူကလွဲရင် ကျန်တဲ.သူတွေ ပြောသမျှ တနေရာရောမှာ
မှားနေလို. သူတစ်ဦးထဲကသာ အချက်အလက်တွေအားလုံး အသိဆုံး၊ သူက လွဲရင် ဘယ်သူမှ
သူ.လောက်မတိကျ၊ ဒီလို ဒီဇိုင်းမျိုးနဲ. ကျနော် တို. ကို တနေရာတမျိုး
ခပ်ဆန်းဆန်းတွေ ၊တလွဲတွေအမြဲပြောခဲ.ပါတယ်။ ကျနော် တို.ကလည်း ၂၀၁၂ ဧပြီ အထိ
သူ. အပေါ်ယုံကြည်ခဲ.ပါတယ်။
ထို အချိန်အထိ ကျနော်၊
မအေးအေးစိုးဝင်း၊ အောင်မိုးဝင်း ဒီလူတွေဟာ မြောက်ပိုင်း ကိစ္စကို မျက်နှာ
ဆုံ ညီ မဆွေး နွေးခဲ.၇သေးပါဘူး။ အခြား မြောက်ပိုင်းပြန်များ ပြောဆိုတဲ့
အချက်များဆိုရင်၊ ဘယ်သူပြောတာ မမှန်ဘူး။ ဘယ်သူပြောတာ မတိကျဘူး အစရှိသဖြင့်
ဝေဖန်တာတွေများလာပြီး ဒါတွေပဲ ကျနော့်ကို ပြောလာပါတယ်။ မန္ဒလေးက လူတွေ ကို
သူ တော်တော် ဝေဖန်ပါတယ်။
အထူးသဖြင့် သူမအဝေဖန်ဆုံးကတော့
ဆမားညီညီကိုပါပဲ။ ကျနော်နောက်ပိုင်းမှာ သိရှိခဲ့၇တာက သူမဟာ
သူမပြောဆိုခဲ့တဲ့ အချက်တစ်ချက်ကို ပြန်ဖြုတ်ပေးဖို. စာရေးသားသူတွေကို
တောင်းဆိုခဲ့ပါတယ်။ သူတောင်းဆိုခဲ့တဲ့ သူတွေက Bertil Lintner နဲ.
ကိုအောင်မိုးဝင်းကိုပါပဲ။ ထူးဆန်းစွာပဲ နန်းအောင်ထွေးကြည်ဟာ
(ကိုအာင်မိုးဝင်း စီသွား ဖြုတ်ခိုင်းထားတဲ. အချက်ကို) သူမကိုယ်တိုင် RFA
အင်တာဗျူးမှာ ထပ်မံပြီး ပြောကြားခဲ့တာပါပဲ။
ဒီလိုနဲ.
တစ်ရက်မှာ ကျနော့်ဆီကို ဖုန်းဆက်လာပါတယ်။ အသံကတော့
တုန်လှုပ်ခြောက်ခြားနေတဲ့ လေသံနဲ. ‘ “ဆမားညီညီတို. ညီကျော်တို.ကို
ပြန်ရေးဖို.ပြောရအုံးမယ်။ ငါကိုတော့ ခင်ရွှေလှိုင်တော. ဆော်နေပြီဆိုပြီး”
ပြောပါတယ်။ ကျနော်က မေးကြည့်တဲ့အခါမှာတော့ ခင်ရွှေလှိုင်ရေးတဲ့
ဆောင်းပါးအပိုင်း ၄ မှာ သူမရဲ. RFA အင်တာဗျူးမှာ ပါဝင်တဲ့ မခင်ချိုဦးရဲ.
နောက်ဆုံးနာရီအချိန်မှာ ဖြစ်ပျက်ခဲ့တဲ့ ပြောပြထားချက်ဟာ မမှန်ကန်ဘူးလို.
ပြောထားတဲ့အကြောင်း သိရပါတယ်။ နန်းအောင်ထွေးကြည်ကိုယ်တိုင်လဲ အဲဒီအချိန်က
တဆက်ထဲပြောခဲ့ပါတယ်။ အဲဒီအချက်နဲ. ပတ်သက်ပြီး ဘယ်သူမှ
သူ.ကိုမပြောခဲ့ကြောင်း။ ကျော်ခိုင်ဝင်းပြောပြတဲ့ အထဲမှာလဲ
အဲဒီအချက်နဲ.ပါတ်သက်ပြီး မပါဝင်ကြောင်းပြောပါတယ်။
ကျနော်
အံ့အားသင့်ခဲ့ရပါတယ်။ ဒီလိုမမှန်ကန်တဲ့အချက်ကို သူမဘာဖြစ်လို.များ
ပြောဆိုရပါသလဲဆိုတာလဲ စဉ်းစားလို. မရနိုင်ခဲ့ပါ။ အဲဒီအချက်နဲ. ပတ်သက်ပြီး
ဇန်န၀ါရီ ၅ရက်နေ.က ရန်ကုန်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာလဲ သက်သေ ၃
ယေါက်နဲ. သူ.ကိုပြောပြထားတဲ့ အသံဖိုင်တွေ ရှိကြောင်း ထပ်မံပြီး
လိမ်ညာခဲ့ပါသေးတယ်။ နန်းအောင်ထွေးကြည် ဘာကြောင်. သူမသိပါဘူး၊
သူမမြင်ပါဘူး၊ သူမကြားပါဘူး၊ ဘယ်သူမှ သူ. မပြောပါဘူး လို. ကျနော်တို. ကို
အခါခါ ပြောပြီး ခဲ. တဲ. စတိတ်မန်. ကို ၁၈၀ ဒီဂရီ လမ်းလွှဲ ပြီး ---(သူ. ကို
ဘယ်လိုမှ ထိထိမိမိ မေးခွန်းမထုတ်တဲ. ပြည်တွင်းသတင်းသမား
အုပ်စုကြီးရှေ.မှာ) ထပ်မံ လိမ်ညာခဲ.ပါတယ်။ သတင်းစာ ဆရာများစွာ ရှေ.မှာ
အမေးခံရတော. မနန်းအောင်ထွေးကြည် ထိပ်လန်.သွားတယ်လို.
အကဲခတ်နေသူတွေကဆိုပါတယ်။ ထိုနည်းဖြင်.- ခင်ချို ဦး ၏ နောက် ဆုံး အချိန်
နဲ. ပတ်သက်ပြီး နန်းအောင်ထွေးကြည် ထပ်မံ လိမ်ညာခဲ.ပါတယ်။
မြန်မာပြည်က
သတင်းထောက်တွေ ရှေ.မှာ ခင်ချိုဦး အ၀တ်မဲ.နဲ. အသတ်ခံရတဲ. အဖြစ်ကို သူက
ဟုတ်တယ် မှန်တယ်၊ တကယ်ဖြစ်ခဲ.တယ်လို. ထပ် အတည်ပြုပေး ခဲ.တယ်။
သက်သေရှိလားလို. အမေးခံရတဲ.အခါ နန်းအောင်ထွေးကြည်က သက်သေလူ ၃ ယောက်
မြင်တယ်လို. ပြော ပါ တယ်။ သူ. မှာ ဒီသက်သေလူ ၃ ယောက်ရဲ. အသံဖိုင်တွေ
ရှိပါတယ် ၊လို. ၂၀၁၃ ဂျန်န၀ါရီ ၅ ရက် ရန်ကုန်က သတင်းစာ ရှင်း လင်း ပွဲမှာ
(မျက်စိမျက်နှာ ပျက်နဲ.) ဒီ မနန်းအောင်ထွေးကြည်ကပဲ ဖြေဆိုသွားပါတယ်။
ကိုအောင်မိုးဝင်းနဲ.
ကျနော်. ကို သူ ကိုယ်တိုင် ဒီလို မဖြစ်ခဲ.ပါဘူး။ သူ မသိဘူး လို. ၂၀၁၂
နှစ်ဆန်းက ၂ ကြိမ်တိုင်တိုင် ၀န်ခံခဲ.ပြီး မှ၊ ကိုယ်ပြောထားတဲ.စကား ကိုယ် ၂
ကြိမ် ရုတ်သိမ်း ပြီးကာမှ၊ ဒီ စကားကိုပဲ ဘာကြောင်.၊ဘာရည်ရွယ်ချက်နဲ.
ရန်ကုန်က သတင်းစာ ရှင်းလင်းပွဲမှာ သူ ထပ်ပြောခဲ.ပါသလဲ။
နန်းအောင်ထွေးကြည်ဟာ
သူနဲ. အတူ တောခိုဖက် သူ.သူငယ်ချင်းလို. ခဏခဏ ရည်စူး ပြောလေတဲ. သွားလေသူ
မခင်ချိုဦး ၏ ၀ိဥာဏ်ကို ထပ်ခါထပ်ခါ အသုံးချခဲ.သူဖြစ်တယ်။ သွားလေသူ
သူငယ်ချင်း ရဲ. ဇတ်နာကို မမှန်ကန်တဲ. အချက်တွေဖြည်. ပြီး
ထပ်ဆင်.လိမ်ညာခဲ.တယ်။ ရည်ရွယ်ချက်က တော. မြောက်ပိုင်း အမှုဖေါ်ထုတ်ပွဲမှာ
သူ.ကို လူတွေအားလုံးက ၀ိုင်း ဂရုဏာသက်ပြီး ဒီပွဲမှာ မိမိ နံမည်ကြီးရေး၊
မိမိ ကိုယ် မိမိ ပြန်ဆေးကြောရေးအတွက် သေသွားရှာသူတစ်ဦးရဲ. ၀ိဥာဏ်ကို ဒီလို
နင်းခြေခဲ.တာပဲဖြစ်တယ်လို. ကျနော် သုံးသပ်ထားပါတယ်။
ကျန်တဲ. အပိုင်း ကို မအေးအေးစိုးဝင်း က ဆက်ပြောပါလိမ်.မယ်။ မိုးကျော်
မီဒီယာနှင့် တုန်.ပြန်မှု ဂယက်များ
ဂျန်န၀ါရီ
၅ ရက် ၂၀၁၃ ရန်ကုန်မှာ မြောက်ပိုင်းပြန်တွေလုပ်သွားတဲ. သတင်းစာ
ရှင်းလင်းပွဲ မှာ ဟာပေါက်တွေ အများကြီးတွေ.၇ပါတယ်။ ထုံးစံအတိုင်း
ဇတ်နာတွေကို ပဲ ထပ်ကာတလဲလဲ ပြောနေတာကလွဲလို. ဘာ ရည်ရွယ်ချက် နဲ.ဆိုတာ ခုထိ
စောင်.ကြည်.လေ.လာနေတဲ.သူတွေ မသိရသေးပါဘူး။ မကမဒ ကိုယ်စားလှယ်တွေ
ပြည်တွင်းရောက်နေခိုက်နဲ. အချိန်တိုက်လုပ်သွားတဲ. မြောက်ပိုင်းသတင်းစာ
ရှင်းလင်းပွဲပါ။ ဘာကြောင်.ဒီလိုဖြစ်တယ်ဆိုတာ ဦးအောင်မင်းနဲ.
အပေါင်းအပါများ အသိဆုံးဖြစ်တယ်။
အကယ်၍မနန်းအောင်ထွေးကြည် က
အဲဒီ.နေ. သတင်းစာ ရှင်းလင်းပွဲမှာ သူ အမေးခံရတဲ.မေးခွန်း--ခင်ချိုဦး ၏
နောက်ဆုံး အချိန်နဲ.ပတ်သက်ပြီး အဖြေတမျိုးထဲ ရှိခဲ.မယ်။ သူအရင်က
ပြောကြားချက်တွေကို အတည်ပြုပေးနိုင်တဲ. အာမခံချက် သို.မဟုတ် အထောက်အထား
တခုခု နဲ. ဖြေခဲ.တယ်ဆိုလျှင် ၊ပြီးတော. သူ. လက်ထဲမှာ
သူ
ပြောတဲ.အတိုင်း လူ ၃ ယောက် စီက အသံဖိုင်ဆိုတာ တကယ်ရှိခဲ.လျှင် ၊
လူသိရှင်ကြား သတင်းစာ ရှင်းလင်းပွဲတွေလုပ်ပြီး ဘာကို
လှို.၀ှက်ထားချင်ရတာလဲ။ သူ. လှည်.ဖျားမှုကိုသာ
သူပြန်လှို.၀ှက်တာဖြစ်ပါလိမ်.မယ်။
ခင်ရွှေလှိုင်၏ အမှတ် ၎
ခင်
ရွှေလှိုင် ၏ အမှတ် ၄ ဟာ မြောက်ပိုင်းပြန်တွေ မဖြေနိုင်တဲ. အချက်တွေ
ပါဝင်နေပြီး နန်းအောင်ထွေးကြည်ကိုသွေးပျက်စေပါတယ်။ အမှန်လည်း-ခငိရွှေလှိုင်၏
အမှတ် ၄ ပါ အချက်များကို နန်းအောင်ထွေးကြည် ပြန်လည်ခြေပ
တုန်.ပြန်နိုင်စွမ်းမ၇ှိတာကို အကဲခတ်မိပါတယ်။ သူမ ၂၀၁၂ ဧပြီမှာ အမေရိက ကို
လာ လည်တော. အောင်မိုးဝင်း နှင်. ကျမ၊ ပြီးတော. မိုးကျော် ပါ ပြန် ပြီး
ခင်ရွှေလှိုင် ကို
တခုခု ပြန်ရေးပါလားလို. အကြံပေးခဲ.တယ်။ သူ ပြန်မရေးရဲပါ။
ခင်ရွှေလှိုင်
--(နန်းအောင်ထွေး ကြည် ပြောခဲ့သလို မခင်ချိုဦးကို တကိုယ်လုံးချွတ်ချပြီး
ရဲဘော်တွေကို မုဒိမ်းကျင့်ခိုင်းတယ်ဆိုတဲ့အချက်က မမှန်ကန်ပါ။ မြောက်ပိုင်းက
ရဲဘော်တွေအားလုံးကို သိမ်းကြုံးစော်ကားသလို ဖြစ်နေပါတယ်) ဒီလို
ခင်ရွှေလှိုင်က အမှတ် ၄ မှာ ပြော သွားပါတယ်။
အာ အက်ဖ်အေRFA
မှာ ပြောခဲ.သလို --မျိုးဝင်း က ခင်ချိုဦးအသတ်ခံရခါနီးမှာ၊ သူ. လူတွေကို
ဖျော်ဖြေပေးရမယ် လို.ပြော ပြီး အ၀တ်တွေ ချွတ်ခံခဲ. ရတာ မျက် မြင် သက်သေ
တဦး က ကျမ ကိုပြော ပါတယ်--- ဆိုတဲ. မနန်းအောင်ထွေးကြည် ဟာ ခင် ရွှေ လှိုင် ၏
အမှတ် ၄ ထွက်လာတဲ. အချိန်မှာ မှာ တော် တော် ကြောက် သွားပါတယ်။
တခါ
လောက်တော. မှတ်မိမှု အမှားကြောင်. လွဲနိုင်တာ မသေချာနိုင်တာ ရှိသော်လည်း
တခါမှားပြီးသွားရင်၊ နောက်ဆက်ဒီအမှားမပြောဖို. ၊ဒီလို လိမ်ညာမှုမျိုး
မဖြစ်အောင် ရှောင်လွှဲလို့ ရနိုင်ပါတယ်။ ဒါပေမဲ.- နန်းအောင်ထွေးကြည်ဟာ
အောင်မိုးဝင်းစီက သူ withdraw လုပ်ထားတဲ.အချက်ကို RFA မှာ ပြန်သုံးတယ်။
တဖန် မိုးကျော်နဲ. ဘာတေးလ်စီမှာ မဟုတ်ပါဘူး မမှန်ပါဘူးလို. withdraw
လုပ်ထားတာကို ရန်ကုန်က လူပုံအလယ်မှာ ထပ်သုံးသွားပြန်ပါတယ်။ ။
နန်းအောင်ထွေးကြည်ဟာ သူ.စကားတွေ သူ.လုပ်ရပ်တွေ သူ.ဖာသာသူမဆင်ခြင် လို.
လူတွေဖက်က သူ.ကိုဆက်ယုံကြည်လို.မရတော.နိုင်လောက်အောင် နောက်ပိုင်း
ပြဿနာတွေကို ဖန်တီးခဲ့တာဖြစ်တယ်။ ရန်ကုန်မှာ လုပ်ခဲ.တဲ. ပီအာ ရှိုးတွေက
ဘာအတွက်ပါလည်း။ ရည်ရွယ်ချက်က ဘာပါလည်း။
ကံတရားဟာ ဆန်းကျယ်
ပါတယ်။ ၂၀၁၁ ဒီဇင်ဘာက စလို. ၂၀၁၂ ဧပြီလောက်အထိ underdog ဖြစ်ခဲ.တဲ.
မြောက်ပိုင်းပြန်တွေဟာ၊နောက်ပိုင်းမှာ အနေအထား ပြောင်းသွားပါတယ်။ ရန်ကုန်
နဲ. မန္ဒလေးက မြောက်ပိုင်းပြန်တွေ အနေအထားနဲ. နန်းအောင်ထွေးကြည် ယူထားတဲ.
အနေအထား မတူညီပါ။ ၂၀၁၂ နှစ်နောက်ပိုင်းမှာ တချိန်က မကမဒ က underdog
အဖွဲ.ပြန်ဖြစ်သွားပြီး၊ နန်းအောင်ထွေးကြည်က အများဂရုဏာသေနပ်
နဲ.ရန်သူမဟုတ်သူတွေကို စနိုက်ပါ စပစ်နေ ပါပြီ။
ပြည်ပမှာ
ရောက်နေတဲ. မြောက်ပိုင်းပြန်မိန်းကလေးတစ်ယောက်အနေနဲ. အားလုံးက
ညှာတာထောက်ထား သနား ကြပေမဲ. ရလဒ်မရှိတဲ. ဇတ်မျောကြီးကို
မေးခွန်းထုတ်ဖို.လိုလာပါပြီ။
မိမိ ရှင်သန်နိုင်ဖို.၊
သေဆုံးသွားတဲ. မိန်းကလေး ခင်ချိုဦး ၀ိဥာဉ်ကို ဇတ်မနာနာ အောင် အကြိမ်ကြိမ်
အသုံးချခဲ.တာ မှန်ရင် သူ. ရည်ရွယ်ချက်က ဘာလဲ။ သူမ အဆင်ပြေသလို
ရပ်တည်ရေးအတွက် မန္ဒလေးနဲ. ရန်ကုန်အုပ်စု အချင်းချင်း၊ ၊ အမေရိက က သူ. ကို
ကူညီ ချင်တဲ.သူ အချင်းချင်း၊ ရေးသားပြောဆို ထောက်ခံနေတဲ.သူတွေ အချင်းချင်း
သွေးခွဲစည်းရုံးရေးလုပ်နေခြင်းမှာ သူ. ရည်၇ွယ်ချက်ကဘာလဲ။
အမှုမှန်တကယ်ပေါ်စေချင်တဲ. သူတစ်ဦးဖြစ်လျှင်တော.၊ ဒါမျိုးတွေ လုပ်မှာ
မဟုတ်ဘူးလို. သိနေခဲ.တယ်။
ခင်ချိုဦး၏ နောက်ဆုံးနေ.မှာ သူမ ပြောတဲ.
ပထမ ဗားရှင်း၊ ပြီးတော. ဒုတိယ ဗား ရှင်း ၂ ခုမှာ၊ အဆင်ပြေသလို တနေရာ
တမျိုးပြောလို. မသင်.ပါ။ လူတွေက မှတ်မိတတ်ပါတယ်။ ဒါပေမဲ.-သူမပြောတဲ. အချက်
တွေမှာ ၇၀%-၈၀% ကတော. မှန်ပါတယ်လို. မြောက်ပိုင်းစခန်းပြန်တွေနဲ.
အတွင်းရေးသိသူတွေက ဆိုကြပါတယ်။
လွဲနေ၊ လိမ်ထားတာတွေကတော.---
၁--RFA အင်တာဗျူးမှာ ခင်ချိုဦး အ၀တ်တွေဆွဲချွတ်ခံရ၊ ဒီလို အသတ်ခံပုံနဲ.ပတ်သက်ပြီး သက်သေရှိတယ်။ သူ သိတယ် လို.ပြောတယ်။
ပြီးတော.
ခင်ရွှေလှိုင် အမှတ် ၄ ထွက်လာတော.-သူ မသိရပါဘူး။RFA မေးတုန်းက
ဘာအထောက်အထားမှ မရှိပဲ ဖြေခဲ.တယ်လို. ကို မိုးကျော် စီမှာ ၀န်ခံပါတယ်။
သူ.မှာ ဘယ်သူ. အထောက်အထားမှ မရှိဘူး လို.ပြောပြန်တယ်။ တဖန် အောင် မိုး
ဝင်း စီ သွား ချဉ်းကပ်ပါတယ်။ ခင် ချို ဦး သေ မဲ.
နေ.သေပုံသေနည်းနဲ.ပတ်သက်ပြီး အောင်မေးဝင်းကို သူ .လက်ရေးမူနဲ. ထားတဲ. သူ
အရင်ပေးထားတဲ. အချက်တွေ မမှန်လို. ကို အောင် မိုး ၀င်း အမှား ပြင်ပေးပါလို.
သွားခိုင်းပါတယ်။
အောင်မိုးဝင်းက ပြင် မပေးနိုင်တဲ.အကြောင်း ပြောခဲ.ပါတယ်။
"မနန်း
အောင် ထွေး ကြည် -အဲတာ ခင်ဗျားလက်ရေးနဲ.ရေးခဲ.တဲ.အချက်ပဲလေ။
ခင်ဗျားကိုယ်တိုင် လက်ရေးနဲ. ရေးထားတဲ. လက်ရေးမူ အတိုင်း ကျနော် က
တင်ပြပေးတာ။ ကျနော်. ကို ပြင်စေချင် ရင် ခင်ဗျား က အရင်စပြင်ရမှာပေါ.။
ခင်ဗျားကိုယ် တိုင် "ကျမ အောင်မိုးဝင်းကို မတိကျတဲ. အချက် အလက်တွေ ပေးခဲ.
မိပါတယ်။ ဒီအပိုင်း မှာ မတိကျတာ အချို.ပါနေပါတယ် ၊ဒီ.အတွက်
ကျမလက်ရေးနဲ.ရေးခဲ.သူမှာသာတာဝန်ရှိပါတယ်" လို. လို.
ခင်ဗျားကိုယ်တိုင်ဝန်ခံမှ ဖြစ်မှာပေါ." လို.
အောင် မိုး ၀င်း က ပြန်ဖြေကြားခဲ.ပါတယ်။ဒီတော.- နန်းအောင်ထွေးကြည်လည်း နောက်ထပ် စောတက ထပ်မတက် နိုင်တော.ပါဘူး။
၂-
ကိုမောင်မောင် စာ အုပ်မှာ လဲ အမှားတွေ ပါလို. နန်းအောင်ထွေးကြည် က သူ
ကိုမောင်မောင် ကို လှမ်းပြီး အမှားပြင် ခိုင်း လိုက်တယ် လို. ကျမတို. ကို
ပြော ပါတယ်။ ၂၀၁၂ ဧပြီနောက်ပိုင်းမှာ မှာ ကျမ သူ. အကြောင်း နဲနဲ သိစ ပြု
ပြီမို. ထိုင်းသတင်းထောက်အမျိုးသမီး ရင်ဒီ မြောက်ပိုင်းစခန်းမှ ရှိတဲ.
အချိန်နဲ.ပတ်သက်ပြီး ဘယ်သူ ပြင်ပြင် မပြင် ပြင် အလေး မထားပါ။ အရေးလဲ မကြီး
ပါ။ ၁၉၉၂ ဖေဖေါ်ဝါရီ ၁၂ မှာ လူ၁၅ ယောက် အသတ်ခံ ခဲ.ရပါတယ်။ ဒီ အချက်ပဲ အဓိက။
ဒါကိုပဲ ပို အာ ရုံစိုက်ပါတယ်။
၃- ဘာတေးလ် ဆောင်းပါး
အေရှတိုင်းမှာ ထွက် တဲ. ညမှာ ပဲ သူ မ က ဘာတေးစီ အီးမေး ပို. ပြီး ဘာတေး
ရေးတာ မှားနေလို. သူ မ က လှမ်းခိုင်း လိုက်တဲ. အကြောင်း ၊
ဘာတေးကပြင်ပေးမယ်လို.ပြောကြောင်း နန်းအောင်ထွေးကြည်က ကျမစီ အီးမေး ပို.
ပါတယ်။ကျမ အရမ်းအံ.သြသွားပါတယ်။
အမှန်က ကျမ သိတာ က ဒီလိုပါ။
နန်းအောင် ထွေး ကြည် ဟာ အကြောင်း တခုခု နဲ. နောက် ဆုတ်နေပါပြီ။ သူ.
withdraw strategy နောက်ဆုတ် နည်းဗျူ ဟာ မှာ အပေါက် အယိုတွေ အများကြီး
ရှိနေပြီ။ သူ.ဖာသာသူလည်း မီးစင်ကြည်.ကနေသလိုပုံပေါက်ပါတယ်။ ဒါကို
လူအချို.က ထွင်းဖေါက် ကြည်. ရှု အကဲခတ်နေ ကြတာကိုလည်း သူမ အနေနဲ.
ဆန်းစစ်နိုင်ပုံ မရပါဘူး။
အဲဒီ. ညက ကျမနဲ. ဘာတေး စကားပြော
ဖြစ်ကြပါတယ်။ ဘာတေးက သူ. လို ဂုဏ်သိက္ခာ ကြီးမားတဲ. သတင်း ထောက် စာ ရေး ဆရာ
တယောက်အနေနဲ.။ ရေး ပြီးသား ထုတ်ဝေပြီးသား စာ တပိုဒ် စာတကြောင်းကို၊
အများမသိပဲ ( စာကို ပုံနှိပ်ပြီးကာမှ၊ ဖြန်.ဝေပြီးကာမှ လူတယောက် က နောက်
ကွယ် မှာဖိအားပေးမှုကြောင်.) ဖြုတ်ပေးဖို.ဆိုတာ မဖြစ်နိုင်တဲ. အကြောင်း
ပြောပါတယ်။ ဒီလိုလုပ်ရင် ရေးတဲ.သူ ၏ သိက္ခာ လည်း ပွန်းပဲ. သွားနိုင်ရုံမက
နောင် အမှန်ပြောတောင် လူတွေ ယုံမှာ မဟုတ်တဲ.အကြောင်းပြောပါတယ်။ ကျမ ကလည်း
ဘာတေး မပြင် ပေးပါစေနဲ.လို.ပဲ မျှော်လင်.နေတာပါ။
ပြီးတော.-ကျမ
သိတဲ. ဥပမာ နဲ. နှိုင်းယှဉ်ပြောပြခဲ.ပါတယ်။ ဂုဏ်သိက္ခာရှိ၊သတင်းတင်ပြပုံ
အဆင်.အတန်း ရှိတဲ. ပရိုတစ်ဦးဟာ လူတစ်ယောက် ပြောပြချက်တွေကို ၏ သည် မရွေး ၊
ရေးမှာမဟုတ်ပါ။သတင်း ဆောင်းပါး နဲ.သတင်း မတူပါ။ အရည်အသွေးအရ
ကွဲလွဲချက်ရှိပါတယ်။ သတင်းက fact and data ပေါ် မူတည်ပါတယ်။
သတင်းဆောင်းပါးကတော. ဒေါင်.ပေါင်းစုံ က အမြင်တွေ၊ အချက်အလက်နဲ. တကွ
အဖြစ်အပျက် တစ်ခုလုံး ပေါ် အခြေခံပြီး သုံးသပ်ချက်၊ ဖြစ်စဉ်နဲ.တကွ
လားရာတွေကိုပါ တတ်နိုင်သလောက် ခန်.မှန်းတွက်ချက် မှုတွေပါဝင်ပါတယ်။
ပြီးတော.-ဘာတေးဟာ
မြောက်ပိုင်းပြန်လူ အများကြီး ကို အင် တာ ဗျူးပြီးမှ သူ.
ဆောင်းပါးရေးတာပါ။ မနန်းအောင်ထွေး ကြည် တစ်ယောက်ထဲ ပြောသမျှနဲ. အကုန်စုပြုံ
ဖြစ်ကတတ်ဆန်းရေးခဲ. သူမဟုတ်ပါဘူ။ ဒီတော.-မနန်းအောင်ထွေးကြည် ၏ ရှေ.နောက်
မညီညွတ်မှု ကို လူတွေက သူမ ကိုယ်စား၊ သူတို.ဂုဏ်သိက္ခာနဲ. ရင်းပြီး
လိုက်ရှင်းပေးစရာမလိုပါဘူး။
ဒီတော.-စဉ်းစားပါတယ်။ တဘက်က
သူပေးလိုက်တဲ.သတင်းအရ ပဲ သူ.ကိုကူညီပေးနေ တဲ.သူတွေကို (နောက်ကွယ်က)
အလှည်.အပတ်တွေနဲ. ဒီလို ချယ်လှယ် နေတာ သိပ် အန္တရာယ် ကြီးပါလားဆိုတာ
သဘောပေါက် လာကြပါတယ်။ (လူအချို.ရေးခဲ.တဲ. ၁၉၉၁၊ ၁၉၉၂ မြောက်ပိုင်းစခန်း
သမိုင်း နောက်ခံဇတ် ကို လည်း ပြန် အမှတ်ရစေပါတယ်။
သံသယအကျိုးနဲ.
ခံစားခွင်. တွေကို ရက်ရက်ရောရော ရခဲ.သူတစ်ဦးဖြစ်တဲ.
မနန်းအောင်ထွေးကြည်ပေးတဲ. အချက်အလက်တွေ ကို အခြေခံပြီး လူတွေက စာ တွေေ
ရးကြတယ်။ သူပြောချင်ရာပြောပြီးမှ၊ လူတွေက အမှားပြင်ဆင်ချက်ထုတ်ပြီး သူ.
အစား ၀င်ခေါင်းခံပေးရမယ်၊ ၀င် ရှင်းပေးရမယ် ဆိုတာ-- တော် တော် တော.
လွဲနေပြီ ဆိုတာ ကျမတို. သဘောပေါက်လိုက်ကြတယ်။ (အမှု
ဘာကြောင်.လုပ်မရဖြစ်နေတယ်၊ ဘာတွေက အတားအဆီးဖြစ်နေတယ် ဆိုတာ ဆက်ရေးပါ.မယ်၊)
သမိုင်းက ဘယ်သူ. ကိုမှ ငဲ့ညှာမှာမဟုတ်ကြောင်း ယုံကြည်တယ်။
ပူးပေါင်းကြံစီမှု
နဲ. လှည်.စားမှု များ မကင်းသော၊ ဂငယ်ကွေ့ ဆန်လွန်းသော လမ်းကြောင်းမှာ
အသေးစိတ်တွေကို လူတိုင်း သေသေချာချာ ကြည်.ကြပါလို. တိုက်တွန်းလိုတယ်။
တည်ကြည်စွာဖြင်.
အေးအေးစိုးဝင်း