Thursday, February 14, 2013

အဂတိတရား ၄ ပါး = စ သုံးလုံးကြီး ဖြစ်နေမှာစိုးသည်

လက်ပံတောင်းအတွက် နောက်ဆုံး စ သုံးလုံးဟုခေါ်သော စုံစမ်း စစ်ဆေး ရေး ကော်မ၇ှင်က ထုတ်ပြန်ဖို့ ဆတ်ငင်ဆတ်ငင်ဖြစ်နေလေသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အဂတိတရားလေးပါးမှ
လွတ်မြောက်မှသာ အကြောက်တရားက ကင်းဝေးစေနိုင်မည်ဆိုသော ဖ(ကြောက်ရွံ့ခြင်းမှ ကင်းဝေးခြင်း) ဆိုသည့် စာတမ်းသည် မကြာခင် မှတ်ကျောက်တင်ခံရတော့မည်ဟု နိုင်ငံရေးလောကသားများက သုံးသပ်နေကြသည်။
ယခင်က စသုံးလုံးတို့ ထုတ်ပြန်ထားချက်များသည် ဖြစ်ပွားခဲ့သော လက်ပံတောင်း အရေးခင်း
အကြမ်းဖက်မှုနှင့် တက်တက်စင်အောင်လွဲနေခဲ့သည်။
ဇန်နာဝါရီလကုန် ၂၀၁၃ ခုနှစ်တွင် အပြီးသတ်ထုတ်ပြန်ရန် ကော်မ၇ှင်ဥက္ကဌကြီးမှ
အတည်ပြုခဲ့သော်ငြား၊ သူမ၏ ပြည်သူများအပေါ် အနစ်နာစွန့်လွှတ်ခဲ့မှုတို့အား
အသိမှတ်ပြုပေးအပ်သော ဟာဝိုင်ယီမှ ငြိမ်းချမ်းရေးဆုကို သွားရောက်ယူပြီး တောင်ကိုရီးယားတွင် မဟာမိတ် ရှာဖွေကာ ခရီးလွန်နေသောကြောင့် ထုတ်ပြန်ရန် နောက်ကျခဲ့ရသည်။
သူမပြန်ရောက်ပြီး ၂ ရက်အတွင်း နိုင်ငံတကာမှ ပညာရှင်များ၏ အမြင်နှင့် ဘန်ကောက် ဓါတ်ခွဲခန်းမှ မီခိုးဗုံး၊ မီးလောင်ဗုံး ဆိုသော ဆစ်ဆေးတွေ့ရှိချက်များက စ သုံးလုံးကော်မရှင်ဥက္ကဌကြီးအနေဖြင့် နောက်ဆုံး တွေ့ရှိချက်တို့အား ထုတ်ပြန်ရန် စူလလိပ်အား ခဲဆွဲသလိုဖြစ်ခဲ့ရသည်။
မည်သို့ပင်ဆိုစေကာမူ လက်ပံတောင်းနှင့် မြန်မာပြည်တွင်းပြည်ပတလွှားမှ စောင့်ကြည့်နေမှုများက အရှိန်ကျမလာခဲ့သေးပါ။
စ သုံးလုံးကော်မ၇ှင်မှလည်း ၄င်းတို့ထုတ်ပြန်ချက်အတွက် ခေါင်းချင်းရိုက်တိုင်ပင်နေသည့်
အချိန်နှင့် မူကြမ်းထုတ်ပြန်ချက်များကို ရေးသားပြီး အကြိမ်ကြိမ် ပြန်လည်ပြင်ဆင်နေရသည်
့ အတွက် အချောသတ် အပြီးပြတ်ထုတ်ပြန်ရန် စောင့်စားရပေအုံးမည်။
အကြောင်းမှာ စ သုံးလုံးကော်မရှင်မှ ပထမရပတ်အတွင်းက သမ္မထံတင်ပြသော
အစီရင်ခံစာသည် လက်ပံတောင်းနှင့် စောင့်စားနေသူများအဖို့ အော်ဂလီဆန်စရာဖြစ်ခဲ့ရသည်။
အများပြည်သူစိတ်ဝင်စားသော အကြောင်းအချင်းရာများနှင့် လားလားကြီးသွေဖယ်နေသည်ကို
စသုံးလုံးမှပြန်ကြားရသည်။
အများပြည်သူ စိတ်ဝင်စားသောအကြောင်းရာများတွင်
(၁) လက်ပံတောင်းတောင်တွင် ယခု ပရမ်းပတာ လုပ်ငန်းလုပ်ကိုင်နေသော ၀မ်ပေါင်ကုမ္မဏီ
မည်သို့ ၀င်ရောင်လာသနည်း
(၂) ၀မ်ပေါင်နှင့် ပေါင်းဖက်လုပ်ကိုင်နေသော စစ်တပ်ပိုင်ကသာ ပိုင်ဆိုင်သည့် ဦးပိုင်ကုမ္မဏီ၏
ရည်ရွယ်ချက်အတိကျနှင့် လုပ်ငန်းသဘောထား
(၃) ဦးပိုင်ကုမ္မဏီက မည်သို့သော အချင်းရာများဖြင့် အမိတိုင်းပြည်အား အကျိုးပြုထောက်ပံ့ခဲ့ပါ
သနည်း
(၄) လက်ပံတောင်းဒေသတွင်းရှိပြည်သူများက မည်သို့ သဘောထားသနည်း
(၅) လက်ပံတောင်းဒေသတွင် လယ်ယာ အိမ်ပြေ ရွေ့ပြောင်းခံရပြီး ဆုံးရှုံးနစ်နာမှုတို့အား မည်သို
့ တရားနည်းလမ်းတကျ ဖြေရှင်းမည်နည်း
(၆) လက်ပံတောင်း ဒေသခံများအား ယခင်ပေးအပ်ခဲ့သော သုံးနှစ်စာအတွက် သီးနှံလျော်ကြေးက
မည်သို့ ဥပဒေနည်းလမ်းတကျ ဖြစ်သင့်သနည်း
(၇) လက်ပံတောင်းဒေသခံ အမျိုးသမီးအချို့အား ၀မ်ပေါင်တရုတ်ကုမ္မဏီ ၀န်ထမ်းအချို့မှ
မတော်မတရား ဘလက်ကာယ လုပ်ဖူးထားသည်ကို မည်သို့ အရေးယူပေးနိုင်မည်နည်း
(၈) လက်ပံတောင်းဒေသအတွင်း သဘာဝ ပတ်ဝန်းကျင် မည်မျှ ရေတို ရေရှည်
ထိခိုက်ပျက်စီးစေနိုင်မည်နည်း
(၉) လက်ပံတောင်းဒေသအတွင်း ပျက်စီးသွားသော သောက်သုံးရေ ကိစ္စကို
မည်သို့ဖြေရှင်းပေးမည်နည်း

(၁၀) လက်ပံတောင်း တွင် ခံစားနေရသော လက်ရှိ ရောဂါဘရများနှင့် နောင်တွင် ဖြစ်ပေါ်ခံစားလာရနိုင်ဘွယ်ရှိသော ကျန်းမာရေး ဆိုင်ရာ စစ်ဆေးတွေ့ရှိချက်တို့က မည်သည့် အရာများဖြစ်သနည်း

(၁၁) လက်ပံတောင်းဒေသတွင် သာသနိက အဆောက်အုံ ပြိုကျလုလုဖြစ်နေသောကြောင့် ပါဝင်ပတ်သက်ခဲ့သော သံဃာတော်များအားမည်သို့ သဘောထားသနည်း

(၁၂) လက်ပံတောင်းတွင် ပုဒ်မ ၁၄၄ ထုတ်ကာ အိပ်စက်လဲလျောင်းနေကြသော သံဃာတော်များအား နိုင်ငံတော်မှ ကျောထောက်နောက်ခံပေးထားသော အကြမ်းဖက်ဝင်ရောက်စီးနှင်းပြီး ကျူးလွန်သော ရာဇ၀တ်မှု(State of Terrorism) စတိတ် အော့ တာရာရစ်ဇင် ဆိုသော ကျူးလွန်မှုကြီး ကို ထိခိုက်ဒဏ်ရာရရိခဲ့ကြသော သံဃာတော်များနှင့် အရပ်သူ အရပ်သားများအတွက် မည်သို့
မျှတသော တရာခွင်တခု တည်ဆောက်အရေးယူ ဆောင်ရွက်ပေးမည်နည်း

(၁၃) လက်ပံတောင်းတွင် လက်ရှိ ဆက်လက်လုပ်ကိုင်နေသော ၀မ်ပေါင်နှင့် ဦးပိုင်ကုမ္မဏီတို့ ဆက်လက်လုပ်ကိုင်သင့် မသင့်ကို မည်သို့ တိုင်းတာ ထောက်ယှင်ပြကာ ရပ်တန့်ခြင်း သို့မဟုတ် ဆက်လက်လုပ်ကိုင်နိုင်စေခြင်းတို့အား အကျိုးကြောင်းဆီလျော်ပြီး လက်တွေ့ အကျိုးရှိမှု ဖြင့် မည်သို့ တိုင်းတာ တွေ့ရှိပါသနည်းဆိုသော အချက်များကို ပြည်သူအများက စောင့်မျှော်နေကြသည်။
အထက်ပါ အတိုခြုံး အချက် ၁၃ ချက်သည် အလွန် အထိမခံနိုင်သော လက်ပံတောင်း တွင်
ဆူပွက်လာနိုင်သည့် ချော်ရည်ပူများဖြစ်နေပေမည်။

လက်ပံတောင်းနှင့် ပတ်သက်ပြီး စ သုံးလုံးကော်မ၇ှင်မှ ဖေါ်ပြထားသောအချက်တော်တော်များများသည် ပြည်သူတို့ လက်တွေ့ခံစားနေရသော ဒဏ်ရာနှင့် ဆေး တလွဲဖြစ်နေသည်။ ကော်မရှင်မှ
ပထမ ထုတ်ပြန်ထားချက်နှင့် တွေ့ရှိချက်တို့သည် မီးလောင်ဗုံးနှင့် မီးခိုးဗုံး ကွဲလွဲချက်။ သံဃာတော်များဆေးရုံတင်ရမှု ဆေးကုသ ကုန်ကျစရိတ် ပြီးတော့ ဆေးရုံမှ ဆင်းသွားကြောင်းတို့သည်
လက်ပံတောင်း၏ တောင်းဆိုသိမြင်ချင်နေသော အရာများနှင့် မစပ်အပ်ခဲ့ပေ။
ထို့ကြောင့် လက်ပံတောင်းပြည်သူများက စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌကြီး၊ တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဌကြီး ဒေါ်အောင်ဆန်းစုကြည်အား မကြာခင် တင်ပြတောင်းဆိုလာကြတော့မည့် အချက်မှာ အဂတိတရား ၄ ပါး မလိုက်စားပဲ အကြောက်တရားကင်းကင်းရှင်းရှင်းဖြင့်
ဖြေရှင်းပေးပါရန် သာ ဖြစ်နေတော့မည်။

ကျေးဇူးတင်ပါသည်
ဂိုရှယ်လေး

No comments: