စစ်အုပ်စု ပါးစပ်ဟလိုက်တာနဲ့ သွားဘယ်နှစ်ချောင်း ကျိုးနေတယ်ဆိုတာ ဗကပ သိနေတယ်။ ဒီဆောင်းပါး အနှစ် ၂၀ ကျော်ခဲ့ပြီ။
----
စစ်တပ်စီးပွားရေးဦးပိုင်လီမိတက်
(ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်တီ၏ အာဘော်
ပြည်သူ့အာဏာဂျာနယ် အမှတ် ၆ (၁၉၉၀ ခုနှစ်၊ မေ၊ ၉)
တွင်ပါရှိသောဆောင်းပါး)
ပြီးခဲ့သည့် ၁၉၉၀ပြည့်နှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ငြိမ်၊ပိအစိုးရ ကုန်သွယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စု မြန်မာနိုင်ငံစီးပွားရေးဦးပိုင်လီမိတက် (The Union of Myanmar Economic Holdings limited) ဆိုသည်ကို ဖွဲ့စည်း လိုက်ကြောင်း အမိန့်ကြေငြာစာအမှတ် ၇/ ၉၀
ဖြင့် ကြေငြာသွားသည်။ အမှတ်တမဲ့ဆိုလျင်တော့ အခုတလော စစ်အစိုးရကြေငြာနေသည့်
ကုမ္ပဏီတည်ထောင်ခြင်းစသည့် သတင်းမျိုးများထဲက တခုဟုသာထင်စရာရှိသည်။ သို့
သော် ဂရုပြုနားထောင်လိုက်သူများအဖို့မူ ရေဒီယိုသတင်းကြားလိုက်သည့်နှင့် ပင် အောက်ပါထူးခြားချက် နှစ်ချက် ကို သတိပြုမိလိုက်သည်။
- ကြီးမားလှသော အရင်းအနှီးပမာဏ
- ပိုင်ဆိုင်မှု
ဧရာမအရင်းအနှီး
ကျပ်ကုဋေတစ်ထောင်။ ဗမာပြည်သမိုင်းတွင် စတင်တည်ထောင်စလုပ်ငန်းတစ်ခုအဖို့ 
အကြီးမားဆုံးအရင်းအနှီး အ ဖြစ် စံချိန်သစ်တင်လိုက်သည်။
ငွေစက္ကူဖေါင်းပွမှုတန်ဘိုးကို ထိန်းညှိလိုက်လျင်ပင် ဤအရင်းအနှီးပမာဏမှာ ဗမာ
ပြည်သမိုင်းတွင် အကြီးမားဆုံးဖြစ်မြဲဖြစ်နေသေးသည်။ ဤပမာဏကို အခြားသောလုပ်ငန်းများနှင့် နှိုင်းယှဉ်လိုက်လျှင် အောက်ပါဇယားတွင် ဖော်ပြထားသည့်အတိုင်းတွေ့နိုင်သ ည်။
လုပ်ငန်းကိုင်ငန်းအမည်
အရင်းအနှီးပမာဏ (ကျပ်ကုဋေပေါင်း)
ပြည်/စီး/လီ ၏
အရင်းအနှီးနှင့်နှိုင်းယှဉ်ချက်အ ချိုးစား
မှတ်ချက်
ဖက်စပ်အမှတ် (၅)
၅.ဝ
၁း၂၀၀
မြန်မာဟောင်ကောင်ဖက်စပ် ကုမ္ပဏီလီမိတက်
၁.၅
၁း ၆၆၆.၇
မြန်မာစင်္ကပူဖက်စပ်ကုမ္ပဏီလီမိတက်
၂.၅
၁း ၄၀၀
မြန်မာအင်န်စီသစ်သားထည်လုပ်ငန်း ကုမ္ပဏီလီမိတက်
၁.၁
၁း ၁
ကျန်နှိုင်းယှဉ်စရာများအနေဖြင့် ပြရလျင် ဤအရင်းအနှီးပမာဏသည် အစိုးရ၏ဘတ်ဂျက်တွင် ပါရှိသော တတိုင်းပြည် လုံး၏ တနှစ်စာ ရင်းနှီးမြှုပ်နှံမှုထက်ပင် များနေသေးသည်။ ၁၉၈၈-၈၉ခုနှစ် အတွင်း တပြည်လုံးအတွက် ရင်းနှီးမြှုပ်နှံ ရန် လျာထားချက်မှာ ဤဦးပိုင်လီမိတက် အရင်းအနှီးထက် ၁၇၉.၂ ကုဋေ လျော့နည်းသည်။ ကုဋေတစ်ထောင် ဆို သည်မှာ ၁၉၈၈-၈၉ခုနှစ် ပြည်ပပို့ကုန်မှရငွေ စုစုပေါင်း၏ ခြောက်ဆရှိပြီး များပြားလှပါသည်ဆိုသော စစ်အစိုးရ၏ စစ်သုံးစရိတ် (သူတို့ပြထားသော ကိန်းဂဏန်းအတိုင်း) ရဲ့ငါးဆမျှရှိသည်။
ယနေ့ကဲသို့ တိုင်းပြည်ဆင်းရဲမွဲတေနေချိန်တွ င် ဤမျှများပြားလှသော အရင်းအနှီးကြီးကို ဘယ်ကရရှိမည်နည်း။
အဆိုပါ ကုန်သွယ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ်၇/ ၉၀အရဆိုလျှင်
အပိုဒ်၎၊၅၊၆တို့တွင် ဆိုထားသည့် အ တိုင်း အရင်းအနှီး၏၄၀% ကိုအစိုးရက
ထည့်ဝင်ပြီး ကျန်၆၀%ကို စစ်တပ်အသိုင်းအ၀ိုင်းများက ထည့်ဝင်ကြမည်ဟုဆို
သည်။အစိုးရဆိုရာတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပစ္စည်းဝယ်ယူမှုညွှန်ကြားရေးမှူးရုံးဟု နာမည်ခံထားလိုက်သည်။
ဤစာပိုဒ်ကို ကြည့်ခြင်းအားဖြင့် ဤလီမိတက်တွင်ပါရှိသော “အစိုးရ” ဆိုသည်၏ အဓိပ္ပာယ်နှင့် အခန်းကဏ္ဍကို စဉ်း စားစရာရှိလာသည်။ သေချာနေသည်မှာ ဤမျှများပြားသော အရင်းအနှီးကို သူတို့ စစ်တပ်အ၀န်းအ၀ိုင်းမှချည်း ထုတ် လာ နိုင်စရာမရှိပေ။ (ဦးနေ၀င်း လို လူကလည်း သူအခြေအနေကို ပေါ်လွင်စေမည့် ပြည်တွင်းက လုပ်ငန်းကိုင်ငန်း တွင် ရှယ်ယာတွေကို ထင်ထင်ရှားရှား အများအပြားဝယ်ယူလိမ့်မည် မဟုတ်ချေ။) ထို့ကြောင့် အစိုးရက ပါဝင်သည်ဟု ဆိုပြီး နိုင်ငံတော်ငွေကို နားလှည့်ပါးလှည့်နှင့် ယူသုံးခြင်းသာဖြစ်သည်။ ပိုရှင်းအောင်ပြောရလျှင် စစ်တပ်အ၀န်းအ၀ိုင်း က ပိုင်ဆိုင်ခံစားကြမည့် ( ရှေ့တွင်ထပ်မံရှင်းလင်းပါဦးမည်
) ရင်းနှီးမြုပ်နှံမှုကြီး အတွက် ပြည်သူလူထု၏ ငွေကျပ် ကုဋေ ၄၀၀ ကို
အတိုးမရှိ ဆွဲသုံးလိုက်ခြင်းဖြစ်သည်။ ထို့ပြင် ဤကုဋေ ၄၀၀ အတွက်
ပြည်သူ့ဘက်မှ (အစိုးရဘက်မှ) ကိုယ်စားပြုမည့်သူမှာ ယင်း အမိန့်ကြော်ငြာစာ၏
အပိုဒ်၂(က) တွင် ဖော်ပြထားသည့် ကာကွယ်ရေး ၀န်ကြီးဌာနမှ
ဦးဆောင်ညွှန်ကြားရေးမှူးစသော စစ်ဗိုလ်ကြီးများပင်ဖြစ်နေသည်။
ဒါတင်မကသေးပါ ကျန်ရာခိုင်နှုန်း၆၀ကိုလည်း တဦးချင်းဝယ်ယူသော ရှယ်ယာများကလွဲ၍ အဖွဲ့အစည်းနာမည်ခံသော (ဤသို့သော ရှယ်ယာမျိုးမှာ အများစုဖြစ်လာနိုင်သည်) ရှယ်ယာများအတွက် အရင်းအနှီးကိုဘဏ်များမှ ချေးယူပေ လိမ့်ဦးမည်။ သူတို့၏အဖွဲ့အစည်းတခု (ဥပမာ-တိုင်းစစ်ဌာနချုပ်တခု သို့မဟုတ် ထောက်လှမ်းရေး တပ်ရင်းတခုခု) က ငွေချေးမည်ဆိုသောအခါ ဘယ်ဘဏ်ကမချေးပဲနေ၀ံ့မည်နည်း။ ယခုအထိဆိုလျင်ဘဏ်များ၏ အာဏာကိုလည်း စစ် အစိုးရ ကပင် ကိုင်ထားသည်မဟုတ်ပါလော။ ထို့ပြင်မကြာမီကာလအတွင်း ဤဦးပိုင်လီမိတက်မှ ရှယ်ယာများဝင်ထား သော သို့မဟုတ် ကိုယ်တိုင်ထူထောင်ထားသော ဘဏ်များလည်းပေါ်ထွက်လာစရာရှိပေသေးသည်။ အောက်ခြေတပ် မှူး၊ တပ်သားများအဖို့မှုအစုရှယ်ယာဝင်ဖို့ ဆိုပြီးမိမိတို့၏ မလောက်မငှလခလေးထဲမှာ ရာခိုင်နှုန်းဖြင့် ဖြတ်တောက်ခြင်း ခံကြရရှာပေဦးတော့မည်။
ယခုကဲ့သို့သော ဘဏ်မှချေးယူသည့်နည်းကို သုံးမည်ဆိုလျှင် ဤမျှများပြားသောငွေ (ဗမာပြည် အတိုင်းအတာအရ ဆိုခြင်းဖြစ်သည်) ကိုဘဏ်များက မည်သို့ဖန်တီးလေမည်နည်း။ “ အစိုးရ” မှထည့်ဝင်ငွေဆိုသော ကျပ်ကုဋေ ၄၀၀ မှာ ဗဟိုဘဏ်မှပင် ထုတ်လာစရာရှိသည်။ သို့ဆိုလျှင် အခြားသော ရှယ်ယာများဝယ်ရန် ငွေကို အခြားဘဏ်များထံမှ ချေးယူနိုင်ရန် ထိုဘဏ်များသို့ ဗဟိုဘဏ်မှထုတ်ချေးယူနိုင်ရန် ထိုဘဏ်များသို့ဗဟိုဘဏ်မှ ထုတ်ချေးမည်လော။ သို့မဟုတ်စီစဉ်ထိန်းညှိပေးမည်လော။ မည်သည့်ဘဏ်မှ မည့်သည့်ပုံစံနှင့်ပင် ထုတ်ထုတ် အဆုံးတွင် ၀ါဇီ ဂိုဒေါင်သို့ သာ တန်းစီရောက်မည့်သဘောရှိနေသည်။
ငွေစက္ကူဖောင်းပွမှု…..။၁၉၈၈ ခုနှစ် စာရင်းဇယားများအရ ပြည်တွင်း၌ လှည့်လည်သုံးစွဲနေသော ငွေကြေးပမာဏသည် ကျပ်ကုဋေ၁၂၀၀ မျှသာရှိသည်။ ဤသည်ပင် ငွေစက္ကူဖောင်းပွမှုဒါဏ်ကို ပြည်သူတွေ အလူးအလဲခံစားရစေသည်။ ယခုကဲ့သို့သာ နောက်ထပ် ကျပ်ကုဋေ ၁၀၀၀ သို့မဟုတ် လက်ရှိလည်ပတ်နေသည့် ၈၃% ကျော်ကို ထပ်ထုတ်ဝေ လိုက်သည်ဆိုလျင်…..။
ယနေ့အခါ ဗမာပြည်သူလူထုအား အဆိုးဝါးဆုံးနှိပ်စက်နေသော ရောဂါတခုဖြစ်သည့် ငွေစက္ကူဖောင်းပွမှု ပြဿနာအား ပိုမိုဆိုးဝါးလာနိုင်သည့်ဦးပို င်လီမိတက်ပါတကား။
အတိတ်အားတစေ့တစောင်း
တကယ်တော့ ဗမာပြည်တွင် ဤကဲ့သို့စစ်တပ်(သို့) စစ်တပ်အ၀န်းအ၀ိုင်းကနေ စီးပွားရေး လုပ်ငန်းကိုင်ငန်းကြီးများ တည်ထောင်ခဲ့ခြင်းမှာ ယခုတကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ချေ။ ဒင်းတို့ ပထမဆုံးအကြိမ်အာဏာသိမ်းခဲ့သည့် ကာလတ၀ိုက်ကို ပြန်ကြည့်လိုက်စေချင်သည်။
လွန်ခဲ့သောနှစ်ပေါင်းသုံးဆယ်ကျော်လောက်ကဗမာပြည်စီးပွားရေးဖွံြ့ ဖိုးတိုးတက်မှုကော်ပိုရေးရှင်း
(Burma Economic Development Corporation) ခေါ် အများအခေါ်အဝေါ်အရ ဘီအီးဒီစီ
ဆိုသည့် စီးပွားရေးလုပ်ငန်းကိုင်ငန်းကြီး တရပ်ပေါ်ပေါက်ခဲ့ဘူးသည်။ သွင်းကုန်ပို့ကုန်လုပ်ငန်းနှင့်
အင်းဝဘဏ်၊ အင်းဝစာအုပ်တိုက်မှအစ ဘီအီးဒီစီ အရက် ဆိုင်အထိ
ခြေလှမ်းကျဲခဲ့သော အရင်းအနှီးတရပ်ပင်ဖြစ်သည်။ ဗမာ့စီးပွားရေးနယ်ပယ်တွင်
အတော်ကြီးတွင်ကျယ် တော့မည့် အဖွဲ့အစည်းတရပ်ဟူ၍
အများကသိမြင်စောင့်ကြည့်နေခဲ့ကြ သည်။
ဤအရင်းအနှီးသည် အာဏာနှင့်ပေါင်းစပ်ထားသော ဗျူရိုကရက်အရင်းအနှီးတရပ်ဖြစ်သြ ဖင့်
အခွင့်ထူးအခွင့်ကောင်း များလည်း အများအပြားခံစားခွင့်ရခဲ့သည်။ အလွယ်ဆုံး
ဥပမာအနေဖြင့်ပြရလျှင် စစ်တပ်အရာရှိများ၏ လစာမှန်သမျှ အင်းဝဘဏ်မှ
တဆင့်ထုတ်ယူနိုင်ရန် စီစဉ်နိုင်ခဲ့သည်။ နောက်ပြီး ရန်ကုန်နှင့် ပြည်
အကြားရှိ စပါးစက် အချို့နှင့် စပါးများ ကိုလက်ဝါးကြီးအုပ်ဝယ်ပြီး
ပြည်ပတင်ပို့ခွင့်ရခဲ့သည်။ သွင်းကုန်လိုင်စင်များလည်း အမြောက်အမြားရခဲ့သည်။
သေနတ်ကိုင်သောလက်ကချိန်ခွင်ကိုကိုင်ပါသည် ဆိုသောအခါ၌ သေနတ်မှာခါးတွင်ချိတ်လျှက်သားပါ နေသေးပါ ကလား။
ထိုစဉ်က ဘီအီးဒီစီ ပေါ်ပေါက်လာမှုသည် သာမန်ဖြစ်ပေါ်တိုးပွားမှုတရပ်ဟု ယူဆလျှင် အမှားကြီးမှားပေလိမ့်မည်။ အင်မတန် အခိုင်အမာကျသော နောက်ခံနိုင်ငံရေး အကြောင်းအရင်းများရှိနေပေသည်။ ထိုအချိန်က ဗမာပြည်နိုင်ငံ ရေးလောကမှာ မတည်မငြိမ်ကသောင်းကနင်းရှိလှသည် ။ တပြည်လုံးတွင် လက်နက်ကိုင်တော်လှန်ရေးအင်အားစု များ
အားကောင်းဆဲရှိနေသလို ဖဆပလအဖွဲ့မှာမူ နှစ်ခြမ်း ကွဲထွက်သွားခဲ့လေပြီ။
ဤတွင်စစ်တပ်အတွင်းမှ စစ်ဗိုလ်များ အနေဖြင့် ကိုယ့်အစွမ်းကိုယ်
စမ်းသပ်ကြည့်လိုစိတ်များ တဖွားဖွားပေါ်နေသည်။ နိုင်ငံရေးဇာတ်ခုံပေါ်တက်၍
ဗလပြရန် ပင် တာဆူလျှက်ရှိသည်။ ပြောရလျှင် ၅၈ ခုနှစ် အာဏာသိမ်းပွဲမှာ ၆၂
ခုနှစ် အာဏာသိမ်းပွဲအတွက် ဝတ်စုံပြည့်ဇာတ် တိုက်ခြင်းဟုဆိုနိုင်သည်။
တိုင်းပြည်အတွင်း၌သော်လည်းကောင်း၊ နိုင်ငံတကာမြင်ကွင်း၌သော်လည်းကောင်း၊
မိမိကိုယ်မိမိ နိုင်ငံရေးအင်အားစု တရပ် အဖြစ် ဗြောင်ထွက်ရပ်ပြမည်ဆိုလျှင်
စစ်ရေးအင်အား သာမကဓနအင်အားပါ ကျောထောက်နောက်ခံရှိဖို့လို သည်ဟု
ယူဆခဲ့ကြဟန်ရှိသည်။ သို့တည်းမဟုတ် “နိုင်ငံရဲ့အာဏာကို
တည်ဆောက်ထိန်းသိမ်းရာမှာ ငါတို့လည်းပါ တယ်။ ဒါကြောင့်မိုငါတို့လဲပဲအကျိုးအြ မတ်တွေခံစားသင့်၊ စံစားသင့်တယ်”ဟုယူဆကြဟန်ရှိသည်။
သို့ဖြင့် ဒီအက်အိုင် (D.S.I) ခေါ် တပ်မှဦးစီးခဲ့သော
ကုန်ပစ္စည်းအရောင်းဆိုင်များမှ အတွေ့အကြုံရထားသော စစ်ဗိုလ်များသည် ဘီအီးဒီစီ
ကို တည်ထောင်ခဲ့ကြခြင်းဖြစ်သည်။ ထိုစဉ်က အရင်းအနှီးယူရာတွင်
စစ်သားများလစာထဲမှ လစဉ်ဖြတ်ယူသည် လည်းပါခဲ့သည်။
သို့သော်ပြည်ပထွက်ပြီဆက်သွယ်ခြင်း၊
ထိုမှတဆင့် လာဘ်လာဘသာမက အခြားသောပွဲစားခံစားခွင့် (လက်ဝေခံစားခွင့်) စသည့်
အခွင့်ထူးများကို ခံစားရသူများမှာမူ လက်တဆုပ်စာ ထိပ်ပိုင်းမှအရာရှိကြီး
များသာဖြစ်ခဲ့ သည်။
ဘီအီးဒီစီကိုဦးစီးသော စစ်ဗိုလ်များက နိုင်ငံတကာ့နိုင်ငံရေး၊ စီးပွားရေးနယ်ပယ်တွင် ၀င်ဆန့်လာအောင်လုပ်ကြသည်။ နိုင်ငံခြားမှနိုင်ငံရေး၊ စီးပွားရေးအင်အားစုများနှင့် ဆက်သွယ်မှု၊ရင်းနှီးမှု (အထူးသဖြင့် ဂျပန်နိုင်ငံရေးလောက ၊စီးပွား ရေးလောကနှင့် ရင်းနှီးမှု) ရှိလာအောင် လုပ်ကြသည်။ ယခုတလောမဲဆွယ်ပွဲများတွင် ဂျပန်ပြည်နိုင်ငံရေး၊ စီးပွားရေး လောကမှ အာဏာပိုင်များ၏ စာနာမှုရရှိခြင်းကို ၎င်းတို့၏ အားသာချက်တရပ်အဖြစ် ဘီအီးဒီစီဟောင်များက ဟော ပြောစည်းရုံးနေကြသည်ကိုတွေ့ရသည် ။
သို့သော်….။ စစ်အုပ်စုဟူ၍ နိုင်ငံရေးစစ်မြေပြင်သို့ ထွက်လာရာတွင် ၎င်းတို့အတွင်းရှိ မွေးရာပါရောဂါကို မကုစားနိုင်ပဲ ထွက်ခဲ့ခြင်းသာဖြစ်သည်။ ယင်းရောဂါမှာအခြားမဟုတ်၊ စစ်အုပ်စုအတွင်း၌ စစ်အုပ်စုများ ထပ်မံကွဲနေခြင်းပင်။ ဘီအီးစီ ပေါ်ခဲ့ခြင်းသည်ပင်လျှင် ထိုစဉ်က စစ်အုပ်စုအတွင်း၌ ဗိုလ်ချုပ်နေ၀င်းတဦးတည်း ပြည်တွင်းပြည်ပ၀င်ငွေများနှင့် ကြွယ် ဝနေခြင်းကို မကျေနပ်သဖြင့် နောက်အုပ်စုတခုမှ ထိပ်ပိုင်းကစီစဉ်ခဲ့ခြင်းဖြစ် သည်ဟုဆိုကြသည်။ ထို့ကြောင့် ဘီအီးဒီစီ ကို ဦးနေ၀င်းကအင်မတန်မျက်စိစပါးမွေးစူးခဲ့သည်ဟုအဆိုရှိခဲ့သည်။
ထို့ကြောင့်…….။၁၉၆၂ခုနှစ်အာဏာသိမ်းပြီးသည့်နောက်ဗိုလ်ချုပ်ကြီးနေ၀င်းကနိုင်ငံတော်အာဏာကိုလက်ဝါးကြီးအုပ်သိမ်းပိုက်ပြီးအခြားနိုင်ငံရေးအင်အားစုများကိုနှိပ်ကွပ်ခြင်းနှင့်အတူစစ်တပ်အတွင်း၌လ ည်းအခြားသေားစစ်အုပ်စုဝင်များကိုလည်းအပြတ်နှိမ်နင်းတော့သည်။
တဂူထဲတွင် ခွေးခြင်္သေ့နှစ်ကောင်မအောင်းဘူး ဟု မကြုံးဝါးရုံတမယ်သာ…။ သို့
သော်သူသည် “ကျနော်ကတော့ဒီကောင်တွေရဲ့ ပါးစပ်ထဲကဟာတွေအကုန်ကော်
ထုတ်ပစ်မှာပဲ” ဟု ခေါင်းဆောင် ချင်းဆွေးနွေးပွဲ တခုတွင် ထုတ်ပြောခဲ့သည်။
သို့ဖြင့် အထက်တွင်ပြောခဲ့သော ဘီအီးဒီစီ၊ အင်းဝဘဏ် စသည့် လုပ်ငန်း အားလုံး
ပြည်သူပိုင် စာရင်းတွင်းပါသွားတော့သည်။
နိုင်ငံရေး အကြောင်းရင်းဖြင့် ပေါ်ပေါက်ခဲ့သော အဆောက်အအုံများ နိုင်ငံရေး အကြောင်းရင်းကြောင့်ပင် ပျောက်ပျက် သွားရခြင်းပါတကား။
ဘာကြောင့်တည်ထောင်သနည်း
ငြိမ်/ ပိအစိုးရက
ထုတ်ဖော်ကြေငြာသည်ဖြစ်စေ၊ မကျေငြာသည်ဖြစ်စေ၊ ဤအဖွဲ့အစည်းကို
တည်ထောင်လိုက်ခြင်း ကြောင့် အောက်ပါအကျိုးဆက်များ ဖြစ်ထွန်းလာပေလိမ့်မည်။
သူတို့၏ရည်မှန်းချက်ဟုလည်းဆိုနိုင်သည်။
စီးပွားရေး……။
တော်လှန်ကောင်စီနာမည်ပဲခံခံ၊ မဆလ နာမည်ပဲခံခ၊ံ နောင်မှာ တစည ဒါမဟုတ် အခြားနာမည် တခုခုပဲခံခံ နိုင်ငံ တော်အာဏာကို စစ်တပ်ဖြင့်သိမ်းယူထားချိန်တွင်
စစ်ဗျူရိုကရက်များ၏ စီးပွားရေးအတွက် အစစအရာရာ အာမခံ ချက်ရှိနေသည်။
ပြည်တွင်းပြည်ပကြိုက်သလို ရင်းနှီးမြှုပ်နှံကြသည်။ ကြိုက်ရာအရင်းရှင်၊
ကြိုက်ရာနိုင်ငံ နှင့် ဆက် သွယ်နိုင်သည်။ ဖုံးချင်သလောက်ဖုံး၊
ထုတ်ပြောချင်သလောက် ထုတ်ပြောနိုင်သည်။ စေတလုံးပိုင်နေကြသည်။ ထို့ပြင်
“နိုင်ငံရေး၊ ပင်စင်ဥပဒေ” ဆိုသည်မျိုး အပါအ၀င်သူတို့ ထင်သလို ဥပဒေများ
ထုတ်ပြန်ပြီးကြိုက် သလိုခံ စားနိုင်ကြသည်။
သို့သော် ယခုအရပ်သားအစိုးရလက်သို့ အာဏာလွှဲရမည်လိုလို ဖြစ်လာသောအခါတွင်မူ ယခင်အခွင့်အရေးမျိုးများ အတွက် အာမခံချက်များနည်း လာနိုင်သည်။ ထို့ကြောင့် စစ်တပ်အ၀န်းအ၀ိုင်းတခုလုံးအတွက် စီးပွားရေးအရ လဒ တသောင်းနားနိုင်သော သစ်ပင်ကြီးတပင်ရှိဖို့လိုလာသည်။
အနည်းဆုံးခြေမမြဲတောင် လက်တော့မြဲရစေမည်။ ဤ သို့သော ဟာကွက်ကို
ဖြည့်ဆည်းရန်မှာ ကိုယ့်လက်ထဲအာဏာရှိတုန်း စီစဉ်ဖန်တီးရလျှင် အလွယ်ဆုံး၊
အကောင်းဆုံး မဟုတ်လား။ ထို့ပြင် ဤဦးပိုင်လီမိတက်ကို လက်ညှိုးထိုးပြီး
စစ်ဗိုလ်များအနေဖြင့် ၎င်းတို့နည်းမျိုးစုံရရှိထားသော “ငွေမည်း”များကို
“တရားဝင်” အောင်ပွဲထုတ်နိုင်ပေတော့မည်။ ယခင်လို ထီ လက်မှတ်ဝယ်ရန်
လိုချင်မှလိုတော့မည် ဖြစ်သည်။
နိုင်ငံရေး…။
လူတိုင်းသိမြင်နေသည့် အချက်တချက်မှာ ယခုနောက်ပိုင်းသူတို့တပ်တွင်း၌ ပိုမိုများပြားသထက်များပြားလာသော
မဆလ၊ တစညနှင့် ငြိမ်/ပိဆန့်ကျန်ရေး နိုင်ငံရေးနိုးကြားမှုကို
ထိုင်းမှိုင်းသွားစေရေးဆိုသော ရည်ရွယ်ချက်ဖြစ်သည်။ ထိုင်း၊ဖိလစ်ပိုင်စသည့်
နိုင်ငံများမှစစ်အုပ်စုများ လုပ်လေ့ရှိသလိုအောက်ခြေကို
စားကြွင်းစားကျန်လေးများနှင့် ချွေး သိပ်ရန် စီစဉ်ခြင်းပင်။
နောက်ပြီး မူလက ကြေးးစားဆံဆံ လစာ ဆိုသည့် အနှောင်အတဲတခု ထဲနှင့်ဖွဲ့စည်းထားသည့် စစ်တပ်အား စည်းလုံးစေရန် နောက်ထပ် သံယောဇဉ် အနှောင်အတဲတခု ထပ်ဖြည့်လိုက်ခြင်းဟု လည်းဆိုနိုင်သည်။ တပါထဲတွင် တပ်ထဲမှာပဲ ဆက်ရှိရှိ၊ တပ်အပြင်မှာပဲ ရှိရှိ အားလုံးတလှေထဲစီး၊ တခရီးထဲသွားချည်ပဲ။ ထို့ကြောင့် စစ်အုပ်စုထိပ်သီး ပိုင်း၏ တသွေး၊ တသံ၊တမိန့်ကို နာခံရန်အမြဲအသင့်ရှိရေးဆိုသော စိတ်ဓာတ်ကို ခံစားခွင့်ပြပြီး ရိုက်သွင်းပေးနေခြင်း လည်းဖြစ်သည်။
ထို့ပြင် ပြည်သူလူထု၏ ဘက်ပေါင်းစုံဆန်ကျင့်မှု မကျေနပ်မှုတွေ ပြင်းထန်သထက် ပြင်းထန်လာပြီး စစ်အုပ်အစုအဖို့ အထီးကျန် ဖြစ်သထက်ဖြစ်လာချိန်တွင် မိမိအင်အားကို နည်းမျိုးစုံဖြင့်အားဖြည့်ပြီး သေဘော်ညှိသည့် လုပ်ရပ်တခု လည်းဖြစ်သည်ဟု ဆိုနိုင်သည်။
အရေးကြီးသည့်နောက် အကြောင်းတစ်ကြောင်းမှာ နောင်မှာပေါ်ပေါက်လာနိုင်သည့် အရပ်သားအစိုးရအပေါ်တွင် စစ်အုပ်စုနှင့် စစ်တပ်ကဘက်စုံ၌ မားမားကြီးမိုးနေနိုင်အောင် ပြင်ဆင်နေသည့် အစီအစဉ်များထဲမှတခုဖြစ်သည် ဆိုသည့်အချက်ဖြစ်သည်။ နောက်အစိုးရအဖို့ စစ်အုပ်စုနှင့် စစ်ဗျူရိုကရေစီယန္တယားမှာ စစ်အေရးအရ (ထို့ကြောင့် နိုင်ငံရေးအရပါ) မလွှဲမရှောင်သာ အသိအမှတ်ပြုရသော အင်အားတရပ်သာ မကတော့ပဲ စီးပွားရေးအရပါ အသိအ မှတ်ပြုနေရာပေးရသည့်အဖြစ်မျိုး ဆိုက်လာပေရော့မည်။ ကုဋေ တထောင်ဆိုသည်မှာ (နောင်ပွားများလာမှာကို ထည့် မတွက်လျှင်ပင်) ဗမာပြည်၏ သာသာထိုးလိုးတွက်ထားသည့် အမျိုးသားထုတ်လုပ်မှုနှင့် ၀န်ဆောင်မှုတန်ဘိုးနီးပါး မဟုတ်လား။
လူမှုရေး။
အလွယ်ကူဆုံး ပြောရရင် သူတို့အသိုင်းအဝိုင်းထဲကလူတွေ၊ သားသမီးတွေအတွက် ဝင်ငွေကောင်း၊ အခွင့်အရေး ကောင်းသော အလုပ်အကိုင်များအာမခံချက် ရှိလာပါလိမ့်မည်။ နိုင်ငံခြားထွက်ခြင်း၊ နိုင်ငံခြားငွေပိုင်ဆိုင်ခြင်း၊
(ဤသည် တို့မှာ ဗမာပြည်အနေအထားအရတော့ လာဘ်ကြီးတစ်ပါးပါတစ်ကား) စသည်
အခွင့်အရေးများလည်းရကြ ပေမည်။ သဘောင်္သားခေတ်မှ စစ်တပ်ဦးပိုင်လီမိတက်
အမှုထမ်းခေတ်သို့ ပင်ရောက်လေဦးမည်လားမသိ။ နောက်ပြီး စစ်ဗျူရိုကရက်များသည်
စစ်အစိုးရလက်ထက် မဟုတ်တာတောင်မှ စီးပွားရေးဗျူရိုကရက်ကြီးများ
အဖြစ်နှင့်လည်း စီးပွားရေးနယ်ပယ်တွင် ချယ်လှယ်တွင်ကျယ်ကြပါလိမ့်ဦးမည်။
ချုပ်ရလျှင် ဗမာပြည်၏ဤသမိုင်းတကွေ့အား စစ်အုပ်စုအနေဖြင့် မချောင်သောကွေ့ချိုးတခုအဖြစ် အသိအမှတ်ပြု ပြင်ဆင် စိုင်းပြင်းနေရလေပြီ။
ဦးပိုင်ဆိုသည်မှာ ...
စီးပွားရေးဦးပိုင်လီမိတက်ဆိုတော့ ပုဂ္ဂလိကလုပ်ငန်းများကို နှစ်ပေါင်း၃၀နီးပါးကြီးထွားခြင်း
မရှိအောင် ပိတ်ပင်ခြင်းခံ နေရသည့် ဗမာပြည်တွင်း လူအချို့အတွက်
နားဆန်းနေသလိုရှိသည်။ ယင်းကုန်သွယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်
ညာစာထွက်လာစဉ်က ဤစကားလုံးကို သတိမထားလိုက်သူ၊ သို့မဟုတ် တကယ့်အဓိပ္ပါယ်ကို
နားမလည် သူများအဖို့ စစ်အုပ်စု၏ အကြံအစည်ကို သုံးဘက်မြင်
ရုပ်လုံးပေါက်အောင်ကြည့်မြင်နို င်ကြဖို့မလွယ်ချေ။
ဦးပိုင်ဆိုသည်မှာ သာမန်စီးပွားရေးလုပ်ငန်းတစ်ခု၊ သို့မဟုတ် စက်မှုလုပ်ငန်းတစ်ခုကို လုပ်ကိုင်သည့် ငွေအရင်းအနှီး မဟုတ်ချေ။ ရှိသမျှ အရင်းအနှီးအားလုံးကို လုပ်ငန်းတစ်ခုခု တွင်မြှုပ်ပြီးလုပ်ခြင်း မဟုတ်ချေ။ လုပ်ငန်းကိုင်ငန်း အ မြောက်အများတွင်း စိုးမိုးသည့် အနေအထားရရန် (ဤသည်မှာလည်း ရှယ်ယာအားလုံး၏ ၄၀% ထက်ပိုပြီး လိုအပ်ခဲ့ သည်) အရင်းအနှီးကို ဖြန့်ခွဲပြီးချုပ် ကိုင်လိုက်သည်။ တစ်ခါတစ်ရံချေးငွေပုံစံမျိုးမှ စတင်ပြီး အဆင့်ဆင့် တိုးဝင်ခြင်း လည်းရှိတတ်သည်။ ၎င်းတို့ ပထမဆုံးအစုစပ် ဖော်ထုတ်လိုက်သည် ဖရဇ်ဝါနာ၊ ဒေဝူးတို့နှင့် ဖက်စပ်လုပ်ငန်းများဆို လျင် အခြားပြင်ပမှ ရှယ်ယာပိုင်ရှင်များ ပါဝင်စရာမရှိသဖြင့် နိုင်ငံခြားအရင်းရှင်ကုမ္မဏီကြီးများနှင့် ၎င်းတို့သာထင်သ လို ချယ်လှယ်နိုင်ကြဘွယ်ရာရှိသည်။
ဤသို့အစုဝင်ပြီး ချုပ်ကိုင်ထားသော လုပ်ငန်းများက တစ်ဖန်အခြားသော လုပ်ငန်းကိုင်ငန်းများကို တည်ထောင်ခြင်း၊ အစုရှယ်ယာဝယ်ယူခြင်း၊ စသည့် နည်းများဖြင့် ချုပ်ကိုင်လာပါလိမ့်ဦးမည် (ဤသည့်အတွက်လည်း ရှယ်ယာ အားလုံးတန်ဖိုး၏၄၀% ထက်ပို၍မလိုချေ။) “ဦးပိုင်”စနစ်ဆိုသည်မှာ ဤနည်းဖြင့် မိမိအရင်းထက် အဆ ပေါင်းများစွာ ပိုသော လုပ်ငန်းကိုင်ငန်းများကို ချုပ်ကိုင်သည့်လက်ဝါးကြီးအုပ် အရင်းအနှီးဖြစ်သည်။ ရဲဘော်လီနင်၏ အရင်းရှင်စနစ် ၏ အမြင့်ဆုံးအဆင့် နယ်ချဲ့စနစ်ကျမ်းထဲတွင် “ငွေတစ်သန်းက တစ်ဆယ့်ခြောက်သန်းကို ချုပ်ကိုင်နိုင်စေသည်” ဟုထောက်ပြခဲ့ သောစနစ်ဖြစ်သည်။ G.E.C. ခေါ် အထွေထွေလျှပ်စစ်ကုမ္မဏီကြီးသည် ၁၉၁၂ခုနှစ်တွင် အခြားကုမ္ပဏီ ပေါင်း ၁၇၅မှ၂၀၀ အတွင်း၌ရှယ်ယာများပါဝင်စိုးမိုး ချုပ်ကိုင်ထားသည်။
ဦးပိုင်စနစ် ပေါ်ပေါက်ခြင်းနှင့် တွင်ကျယ်ခြင်းသည် အရင်းရှင်စနစ်၏ လက်ဝါးကြီးအုပ်အဆင့်သို့ ကူးပြောင်းခြင်းနှင့် ဆက်စပ်နေသည်။ ထိုအချိန်တွင်မူ ပေါ်ပေါက်လာခြင်းဖြစ်သည်။ အထူးသဖြင့် ဘဏ္ဍာအရင်း၏ကဏ္ဍ ထွန်းကားလွှမ်း မိုး လာသောအချိန်တွင်ဖြစ်သည်။ အရင်းရှင်စနစ်အား ဘဏ္ဍာအရင်းက ချုပ်ကိုင်စိုးမိုးလာသည့် အချိန်တွင် “ဦးပိုင်” ကုမ္မဏီများ သဏ္ဍန်မျိုးစုံဖြင့်ပေါ်လာကြသည်။ “ဦးပိုင်”ဟု နာမည်မခံသည်လည်း ရှိတတ်သည်။ မည်သို့ပင်ဆိုစေ ဦးပိုင်စနစ်ဆိုသည်မှာ“တကယ်ကျတော့”ဘဏ္ဍာသက်ဦးဆံပိုင်စနစ်၏ စွမ်းအားကိုတိုးဖြည့်သည့် နည်းနာတရပ်ဖြစ် သည် ဟု ရဲဘော်လီနင်က အထက်ပါကျမ်းထဲတွင် ရှင်းပြခဲ့သည်။
ဗမာပြည်စစ်အုပ်စု၏ ဦးပိုင်လီမိတက်သည် ဖရစ်ဝါနာ၊ ဒေဝူးတို့နှင့် ဖက်စပ်လုပ်ခြင်းဖြင့် ပွဲဦးထွက်ခဲ့သည်။ သေးသေး မွှားမွှားလုပ်ငန်းနှင့် အရှုံးအမြတ် မသေချာသော ရေနံတူးဖော်ရေးလုပ်ငန်းမျိုးတွင်
မပါဝင်ကြချေ။ ထို့ပြင် စစ်အုပ်စု၏ သခင်ရင်းများ ဆိုနိုင်လောက်သည့်
ကုမ္မဏီများနှင့် လုပ်ကိုင်ခြင်းဖြစ်သည်ဆိုသော အချက်ကိုလည်း သတိပြုသင့် သည်။
အမှန်ပဲ အရင်းရှင်စနစ်ဆိုသည်မှာ မြတ်မည်ထင်လျှင် ဘာမဆိုလုပ်မည်သာဖြစ်သည်။
အနောက်နိုင်ငံမှ လက် ၀ါးကြီးအုပ် အရင်းအနှီးများထဲတွင် စက်မှုလုပ်ငန်း၊
ကမ္ဘာကျော်အရက်လုပ်ငန်း၊ စာနယ်ဇင်းလုပ်ငန်း၊ ကြေးစားဘော လုံးအသင်း စသည်
တို့ကို တပြိုင်နက်ထဲ ပိုင်ဆိုင်ထားခြင်းမျိုးများရှိ သည်။
ထို့ကြောင့် ဘီအီးဒီစီ အရက်ထုတ်လုပ်ဘူး သော၊ ကွမ်းယာဆိုင်ကိုပင်
ပြည်သူပိုင်သိမ်ဘူးသော စစ်အုပ်စုသည် ကုဋေတထောင်ဟူသော အရင်းအနှီးကြီးဖြင့်
တိုင်းပြည်ရှိ အရေးပါသော၊ အမြတ်ရသော လုပ်ငန်းကိုင်ငန်းများတွင်
ရှယ်ယာဝင်ပါကာ ချုပ်ကိုင်ပါလိမ့်မည်။
ဤအတိုင်းသာ ဆက်လက်တိုးချဲ့သွားပါက နောင်ဆယ်နှစ်ခန့်ကြာသောအခါ၊ တခုသောမနက်ခင်း၌ ကြက်တွန်သံ ကြား၍ ထကြည့်လိုက်ရာဝယ် ဗမာပြည်၏စီးပွားရေး အသက်သွေးကြောများအား စစ်အုပ်စုနှင့် ဤ ဦးပိုင်လီမိတက် တို့က ချုပ်ကိုင်ထားသည်ကို မြင်ရလျှင် မျက်စိပွတ်ပြီး တပ်ကြည့်စရာမလိုဟု ပြောလိုပါသည်။
ဤတွင် ယင်းစီးပွါးရေး ဦးပိုင်လီမီတကအားမည်သူတွေကပိုင်ဆိုင်မည်
ချုပ်ကိုင်မည်ဆိုသော ပြဿနာကို ဆက်ပြော စရာလိုလာသည်။ ဤလီမီတက်တွင်
အစုရှယ်ယာဝင်တိုင်း မဲပေးခွင့်ရှိသည်ဆိုသော “လွတ်လပ်မှု” မျိုးကြောင့်
သာမန်စစ်သားကလေးနှင့် စစ်ပြန်တပ်ကြပ်အို ကြီးတို့ကလည်း လီမီတက်၏
ပေါ်လစီများ၊ လုပ်ငန်းများကို ချယ်လှယ် ဆုံးဖြတ်ခွင့်ရကြမည်လော။
သည်အခွင့်အရေးမျိုးကို အစုရှယ်ယာဝင်တိုင်း ခံစားရလိမ့်မည်ဟု ၁၉ ရာစုနှစ်
ကတဲကပင် မယုံကြည်ခဲ့ကြဟု ဖြေရပါလိမ့်မည်။
ယခု စစ်တပ်ဦးပိုင်လီမီတက်တွင် အစုရှယ်ယာဝင်များက ဒါရိုက်တာ ရွေးချယ်ခွင့်မည်သို့ရှိကြောင်း ရှင်းအောင် မကြေ ငြာသေးချေ။ ယေဘူးယျအားဖြင့်တော့ မဲပေးခွင့်မှာ အစုရှယ်ယာ ပိုင်ဆိုင်မှုနှင့်အညီဖြစ်တတ်သည် ။
ဥပမာ တစုပိုင်သူ က တမဲ၊ အစု ၁၀၀ ပိုင်သူက မဲ၁၀၀
ပေးခွင့်ရှိသည်မျိုးဖြစ်သည်။ ဒါဖြင့် အရွေးခံခွင့်ကရော မည်သို့ရှိပါသနည်း
“ယင်းအမိန့်ကြော်ငြာစာ၏ အပိုဒ် (၆) တွင် "အစုရှယ်ယာ
ကျပ်တစ်သိန်းပိုင်ဆိုင်သူ မည်သူမဆို ဒါရိုက်တာအဖြစ် ရွေးခံနိုင်သည်" ဟု
ဖေါ်ပြထားသည်။ စစ်တပ်အ၀န်းအ၀ိုင်းတွင် ကုမ္မဏီတခု၌ ရှယ်ယာ တသိန်းဖိုး
ပါဝင်နိုင်သူ (လူတဦးလျှင် သုံးသိန်းဖိုးအထိ ရှယ်ယာဝယ်ယူနိုင်သည်ဟုဆိုသည်)
ဆိုသည်မှာ မည်သို့သော လူစားများဖြစ် မည်နည်း။ အကယ်၍တပ်ရင်း၊ တပ်မစသည်”
အဖွဲ့အစည်းများက အမိန့်ကြော်ခြာစာ၏ အပိုဒ် (၆) အစုရှယ်ယာ တန်ဘိုး တသိန်းထက်
ဝယ်ယူပြီးတဲ့၊ ယင်းအဖွဲ့အစည်းများ ကိုယ်စား တပ်ထောက် အရာခံဗိုလ်ကို
ဝင်ရောက် အရွေး ခံနိုင်မည်လော။ ထို့ပြင် အပိုဒ် (၂) တွင် “ပထမအဖွဲ့ဝင်”
များအဖြစ်ပါဝင်ရမည့်သူများစာရင်း၌ စစ်အရာရှိကြီးပေါင်း ၁၄ ဦး ပါပြီးဖြစ်နေသည်ကိုလည်း သတိပြုသင့်သည်။
နောက်စဉ်းစားစရာအချက်မှာ ဤဦးပိုင်လီမီတက်၏ အစုရှယ်ယာများကို တစုလျှင် ကျပ် ၁၀၀၀ /
နှုန်း သတ်မှတ်ထား ခြင်းဖြစ်သည်။ လက်ရှိကျပ်ငွေတန်ဘိုးအရဆိုလျှင် ဤသည်မှာ
သာမန်စစ်သားများ ၀ယ်ယူပါဝင်နိုင်အောင် စီစဉ်ထား ခြင်းဖြစ်သည်ဟု
စဉ်းစားစရာရှိသည်။ သို့သော် ဤလုပ်ငန်းမျိုးနှင့် ဤလောကမျိုးကို
ထိတွေ့ဖြတ်သန်းဖူး သူများကမူ ပြုံးမိကြပေလိမ့်မည်။ အထက်၌ ကိုးကားခဲ့သော
ကျမ်းထဲ၌ပင် ရဲဘော်လီနင်သည် ဤကိစ္စကို သရော်ခဲ့ဘူးလေပြီ။ ထိုစဉ်က
ဂျာမဏီနိုင်ငံတွင် ရှယ်ယာတခုလျှင် မတ် ၁၀၀၀/
ဟု အနည်းဆုံး သတ်မှတ်ထားသည်။ ဗြိန်တိန်တွင်မူ တပေါင်သာ
သတ်မှတ်ထားသည်ဖြစ်ရာ ရှယ်ယာကို ၀ယ်ယူနိုင်သူပိုများသည်။ ထိုအခါ
ရှယ်ယာပိုင်ဆိုင်မှုအပေါ် မူ တည်ပြီး ရွေးချယ်သော ဒါရိုက်တာဘုတ်အဖွဲ့
စသည်တို့တွင် ရှယ်ယာများကို လက်ဝါးကြီးအုပ်ပိုင်ဆိုင်သူများမှာ မဲ ကို
အစိုင်အခဲ ဖြင့်ရရန် အာမခံချက်ရှိပြီးဖြစ်နေသည်။
ကျန်အရွေးချယ်ခံနိုင်ခွင့်မရှိ သူတို့၏ မဲများမှာမူ သူတပေါက် ကိုယ် တပေါက်
ကြဲကွဲသွားတော့သည်။ ဘယ်လိုမှစုစည်း၍မရနိုင်ချေ။ ထို့ကြောင့်လည်း
ဂျာမဏီနိုင်ငံမှ အကြီးဆုံးစက်မှု လုပ်ငန်းရှင်ကြီးနှင့်
ဘဏ္ဍာအရင်းရှင်ကြီးတဦးဖြစ်သူ စီးမန် (Siemans) က
“ဗြိတိသျှနယ်ချဲ့စနစ်ရဲ့အုတ်မြစ်ဟာ တပေါင် တန် ရှယ်ယာစနစ်ပဲ” ဟုမနာလိုစွာဖြင့်ပြောခဲ့ခြင်းဖြ စ်သည်။
တကယ်တော့“ဦးပိုင်”လီမိတက်ကို ငြိမ်/ပိတို့ စစ်အုပ်စုက တည်ထောင်လိုက်သည့် ရည်ရွယ်ချက်ထဲတွင် စစ်တပ် အရာရှိကြီးများကသာ ထိပ်ပိုင်းမှ ချယ်လှယ်အကျိုးခံစားရရေး တပ်သားများ၏ လခကိုပြတ်ပြီး အရင်းပြုကာ သွေး စုတ်ရေးစသည်တို့ အလိုလိုပါဝင်ပြီးဖြစ်နေသည်။ အောက်ခြေ တပ်မှူးတပ်သားများ၏ ဘ၀ကို အသေခံ ပဲစားဘ၀မှ မြှင့်တင်မည့် ရည်ရွယ်ချက်လုံးဝမပါဝင်ချေ။
အံ့သြစရာကောင်းသည်မှာ ဗမာပြည်မှစစ်အုပ်စုသည် သူ့တပ်သားများအား နိုင်ငံရေးလိုက်စားခြင်းကို တော့တားမြစ်ပြီး သီးခြားငွေရှာတာကိုတော့ အားပေးခွင့်ပြုသည်။ ဒါနှင့်များ လူထုက ကြေးစားတပ်ဟု ခေါ်တော့လည်း နာကြသည်။ ဟုတ်ပါ့။
အခြားနိုင်ငံများတွင် ယခုကဲ့သို့ စစ်ဗျူရိုကရက်များက စီးပွားရေးလုပ်ငန်းများ ဇောက်ချလုပ်လာကြခြင်းမှာ ဒုတိယ ကမ္ဘာစစ် ဒီဘက်ပိုင်း မဖွံ့ဖြိုးသေးသော နိုင်ငံများရှိ စစ်အုပ်စုများ၏ ထူးခြားသော နိယာမဟု ဆိုနိုင်သည်။ ဤသည်ကို ယင်းနိုင်ငံများ၌ မကြာခဏ စစ်အာဏာသိမ်းပွဲများဖြစ်ပွားခြင်းနှင့်လည်း တိုက်ရိုက်ဆက်စပ်တွေးတောနိုင်သည်။
တတိယကမ္ဘာစစ်ဟု ခေါ်သော ကိုလိုနီထမ်းပိုးအောက်မှ မလွတ်တလွတ် နိုင်ငံများတွင် နယ်ချဲ့သမားများ၏ ဖန်တီး ချက်ကြောင့် အမျိုးသားစည်းလုံးညီညွတ်ရေးမှာ အစည်းပြေနေလေ့ရှိသည့်အပြင် အမျိုးသားစီးပွားရေးမှာ လည်း ကြံ့ခိုင်တောင့်တင်းမှု မရှိဖြစ်နေတတ်သည်။ အာဏာရ ဓနရှင်လူတန်းစားအနေဖြင့် တိုင်းပြည်ကို တူတူတန်တန် ထူထောင်နိုင်ခြင်းမရှိ သည်ကများသည်။ ဤသို့သော အခြေအနေအောက်တွင် စစ်တပ်များ၏ ခြေလှမ်းများသည် စစ်တန်းလျားများ အပြင်ဘက်သို့ရောက်ရှိလာသည်။ ၎င်းတို့သည် ၀န်ကြီးများရုံးတ၀ိုက်သို့ ရောက်လာသလို စတော့ ရှယ်ယာ ဈေးကွက်များသို့ လည်းရောက်လာတတ်သည်။ မကပါ။ ထိုနယ်ပါယ်များကို မရအရ တက်သိမ်းပြီး ကတုတ် ကျင်းတူး တပ်စွဲကြတော့သည်။
ဤအချင်းအရာမျိုးကို အသားကျနေသော အရင်းရှင်နိုင်ငံကြီးများမှအပ အခြားသောကိုလိုနီတပိုင်း၊ ပဒေသရာဇ် တ ပိုင်း နိုင်ငံတိုင်းလိုလိုတွင် တွေ့ရသည်။ အထူးသဖြင့် စစ်အုပ်စုများ အင်အားကြီးသော၊ မကြာခဏ အာဏာသိမ်းကြ သော လက်တင်အမေရိကတိုက်၊ အာဖရိကတိုက်နှင့် ဗမာပြည်အပါအ၀င် အရှေု့အာရှပိုင်းတွင် အတွေ့ရများသည်။
စစ်ဗျူရိုကရက်များအနေဖြင့် စစ်ဗျူရိုကရက်စီးပွားရေး ထူထောင်ရာတွင် ယေဘုယျအားဖြင့် နည်းနှစ်နည်းရှိသည်။ တနည်းမှာ တဦးချင်း၏ စီးပွားရေးကို နည်းသဏ္ဍာန်မျိုးစုံဖြင့် တိုးချဲ့ခြင်းဖြစ်သည်။ ဥပမာ- ဦးနေ၀င်း၊ နိုရီယေးလား၊ မိုဘူတူ၊ မာ့းကိုစ့် စသည့် နောက်တနည်းမှာ ဤဦးပိုင်လီမိတက်ကဲ့သို့သော အဖွဲ့အစည်းလိုက် ထူထောင်ခြင်းမျိုးဖြစ် သည်။ ဖိလစ်ပိုင်နိုင်ငံမှ အောက်ပါ ဥပမာကိုကြည့်ပါ။
ဖိလစ်ပိုင်စစ်တပ်၏ ရန်ပုံငွေအဖွဲ့သည် ၁၉၇၆ခုနှစ်တွင် RSBS ခေါ် ပင်စင်နှင့် ခွဲခွာမှု အကျိုးခံစားမှုစနစ် ဆိုသည့် အရင်းအနှီး တရပ်ကို တည်ထောင်ခဲ့သည်။ တည်ထောင်သည့် အဓိကရည်ရွယ်ချက်မှာ ထိုစဉ်က အမေရိကန်နိုင်ငံ အပါအဝင် တစ်နိုင်ငံလုံးရှိ နိုင်ငံရေးပါတီများနှင့် လူထုများက ဆန့်ကျင်နေသော သမ္မတမာ့ကိုစ့် ချမှတ် ကျင့်သုံးနေ သည့် စစ်အုပ်ချုပ်ရေးကို စစ်တပ်အရာရှိများ ကိုယ်တိုင်က ထောက်ခံလာကြစေရန်ဖြစ်သည်။ သည့်အတွက် မားကိုစ့် က အမိန့်ကြော်ငြာစာတရပ် ထုတ်ပြန်ကာ ဖိလစ်ပိုင် ပီဆို သန်း၂၀၀ (အမေရိကန်ဒေါ်လာ၉သန်းနီးပါး) ကို ပင်စင်ရံပုံငွေဟု သတ်မှတ်ပြီး ရင်းနှီးမတည်ပေးခဲ့သည်။ ထို့ပြင်ဤအဖွဲ့အစည်း၏ အရင်းအနှီးအတွက် စစ်သားပေါင်း ၁၅၀,၀၀၀ တို့၏ လစာထဲမှ ၅% ကိုလည်း လစဉ်ပုံမှန်ဖြတ်ယူခဲ့သည်။ ၎င်း၏ ပိုင်ဆိုင်မှု တန်ဘိုးမှာ ၁၉၈၃ခုနှစ်ဆီတွင် ပီဆို ၉၅၄.၄သန်း ရှိခဲ့ရာမှ ၁၉၈၈ခုနှစ်သို့ ရောက်သောအခါ ပီဆို ၂,၇၀၆.၀သန်း ဖြစ်လာသည်။ ၅နှစ်အတွင်း ၁၈၃.၈% တိုးပွားလာခြင်းဖြစ်သည်။
ဤအဖွဲ့အစည်းသည် ငြိမ်/ ပိ၏
လီမိတက်ကဲ့သို့ပင် ငွေအရင်းအနှီးကိုကိုင်ပြီး ဦးပိုင်လုပ်ငန်းများ
လုပ်ခဲ့သည်။ မူလက အခြားကုမ္ပဏီကြီးများ၊ လုပ်ငန်းကိုင်ငန်းကြီးများကို
ငွေချေးပေးခြင်းများလုပ်ခဲ့ရာမှ နောက်ပိုင်းတွင် ရှယ်ယာဝယ်ယူ ခြင်း၊
ရင်းနှီးမြှပ်နှံခြင်းများ အကြီးအကျယ် လုပ်လာခဲ့သည်။ သံမဏိလုပ်ငန်းမှအစ
ပက်ပ်စီကိုလာ ဘိလပ်ရေပုလင်း စက်ရုံ၊ ဘဏ်လုပ်ငန်း စသည်တို့တွင်
အရင်းအနှီးဝင်ပါခဲ့ကြသည်။ ဤကဲ့သို့အခြားလုပ်ငန်းကိုင်ငန်း များတွင်
ပါဝင်သည့် ရှယ်ယာတန်းဖိုးချည်းကိုက ၂၄၀ဘိုးမျှရှိသည်။
အခွန်လွတ်ငြိမ်းခွင့်ရသော ဘွဲ့ရစစ်ဗိုလ်များချည်းလိုလို ဦးစီးသော
ဤအရင်းအနှီးသည် မူလကမပြောပလောက်သည့် အဆောက်အုံတခုဘ၀မှနေ၍ ၁၃နှစ် ဆိုသောကာလ
အတွင်း ဖိလစ်ပိုင်နိုင်ငံ၌ အကြီးဆုံးသောငွေကြေး အဆောက်အအုံများစာရင်းတွင်
ပါဝင်လာတော့သည်။
တကယ်က ဗမာပြည်တွင် စစ်အုပ်စုက အာဏာရထားသည်ဖြစ်သဖြင့် စစ်တပ်ဗျူရိုကရက်အရင်းအနှီးနှင့် 
နိုင်ငံတော် အရင်းအနှီးတို့မှာ ထွေးရောယှက်တင်ဖြစ်နေပြီး ဤသို့သော
ငွေကြေးအဆောက်အဦးမျိုး မတည်ထောင်ခဲ့ကြ ခြင်းဖြစ် သည်။ ယခုတော့
အဆန်းလိုဖြစ်နေသည်။ အထက်တွင် ဆိုခဲ့သောနိုင်ငံများတွင်မူ ဤသို့သော
စစ်တပ်ပိုင်အရင်းအနှီး ကြီးများကြောင့်ပင်တည်ရှိနေကြသည်။
ရှက်စရာဟူ၍ပင်မယူဆကြချေ။ ဒါတင်မကထိုင်းနိုင်ငံလို စစ်အုပ်စုများ ဗြောင်
ကွဲနေသောနိုင်ငံမျိုးတွင် သူတို့၏ စီးပွားရေးအဆောက်အဦးမှာလည်း
ဗြောင်ပြိုင်ဆိုင်နေကြလေသည်။
ဗမာပြည်တွင် “စစ်တပ်တခုလုံး”၏ အကျိုးစီးပွားများတည့်သွင်းထားေ သာ စီးပွားရေးလီမိတက်တရပ် ပေါ်ပေါက်လာ သဖြင့် စစ်တပ်တွင်း ကွဲပြဲမှုများကို ထိန်းချုပ်နိုင်မည်လော လက်ဝါးကြီးအုပ်အရင်းရှင်စနစ်သည်
အရင်းအနှီးငယ် သူများ၊ စီးပွားပျက်သူများကို သူ့အောက်ဆွဲသွင်းကာ
စုစည်းလိုက်သည်မှာမှန်သည်။ သို့သော်အရင်းရှင်စနစ်၏ အခြေ ခံမှာ
လက်ဝါးကြီးအုပ်စနစ်ဖြစ်သလို အရင်းရှင်စနစ်၏ ပျက်စီးခြင်းကိုလည်း
လက်ဝါးကြီးအုပ်စနစ်ကပင် ဆောင်ကျဉ်း သည်ဆိုသော အချက်ကိုမမေ့အပ်ပေ။
ဤစစ်တပ်ဦးပိုင်လီမိတက်သည် လက်တွေ့တွင်နဂိုမှ အဆင့်အတန်း အင်
မတန်ကွာခြားနေသော စစ်တပ်ထိပ်ပိုင်းနှင့် အောက်ခြေတို့အား
ပိုမိုကွားခြားစေမည်သာဖြစ်ရာ ရေရှည်တွင် အောက် ခြေက
ထိပ်ပိုင်းကိုမကျေနပ်မှုများ ပေါ်ပေါက်စရာ အကြောင်းတကြောင်းလည်း ဖြစ်လာမည်မှာ
သေချာသည်။ ထို့ အပြင်ထိပ်ပိုင်းတွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းရေးေ သာ “တောင်ကျရေနွားနှစ်ကောင်မဝသလိုပ ၊ မောင်ဘဖေ ငါးထောင်မရသော်ကြောင့်”ဆိုသည်မျိုး
၎င်းတို့ချင်း အဝေမတည့်သည့် ပြဿနာများလည်း ပေါ်ပေါက်လာပါလိမ့်ဦး မည်။
ဤသို့သော စီးပွားရေးအဆောက်အအုံများ စစ်တပ်အတွက် ကြီးကြီးမားမားနှင့်
အခြေတကျရှိသည့် အကြားမှ ပင်အကြိမ်ကြိမ် အာဏာသိမ်းမှုများ၊
အပြန်အလှန်အာဏာသိမ်းမှုများ ဖြစ်နေသော တတိယကမ္ဘာနိုင်ငံများ၏ သာဓက များ၊
အပုံအပင်မဟုတ်ပါလား။
နိဂုံး
ကြိုက်ချင်ကြိုက်- မကြိုက်ချင်နေ သဘောတူချင်တူ - မတူချင်နေ ယခုတော့ စောမောင်- ခင်ညွန့်တို့၏ “ချိန်ခါရှိခိုက်-လုံ့လစိုက်”မှု ကြောင့် သူတို့ကြေးစားတပ်အတွက် ကုဋေတထောင်တန် ဦးပိုင်လုပ်ငန်းကိုင်ငန်းကြီးတ ခု
ပိုင်ပိုင် ရရှိလိုက်ကြပြီ။ ရွေးကောက်ပွဲမှတက်လာမည့် နောက်အစိုးရအနေဖြင့်
ပြည်သူတို့၏ သွေးများဖြင့်ပေကျံနေသော ဤလီမိတက်ကြီးကို
အောင့်ကာနမ်းရပေဦးတော့မည်။ ဤစစ်ဗျူရိုကရက်ထိပ်သီးများနှင့် ဤစစ်တပ်တို့ တွဲလျက်သား တည်ရှိနေသမျှ ၎င်းတို့အာဏာရှိတုန်းပြဌာန်းခဲ့သည့် 
ယခုကဲ့သို့သော အမိန့်ကြော်ငြာစာများကို မည်သည့်အရပ်သား အစိုးရက တရားမ၀င်ဟု
ကြော်ငြာပယ်ပျက်ဝံ့မည်နည်း။ ထို့ပြင်နိုင်ငံခြားနှင့်စာချုပ်ထားသော သဘောထူညီမှုများက လည်း ပါရှိနေသေးတော့ အဖက်ဖက်လည်းထောက်ထားရဦးမည်။
နောက်တက်လာမည့် အစိုးရခမျာ မဆလနှင့် ငြိမ်/ ပိတို့
ထင်တိုင်းလုပ်ခဲ့သဖြင့် ဖရိုဖရဲ ပျက်စီးချင်တိုင်းပျက်စီးနေသော
နိုင်ငံ၏စီးပွားရေးကို ကြိုးစားပမ်စားစုစည်းရာတွင်
အရင်းအနှီးရှာဖွေစုဆောင်းရေး၊ ငွေစက္ကူဖောင်းပွမှုထိန်းချူပ်ရေး တို့ ကို
မဖြစ်မနေလုပ်ရပေမည်။
သို့သော် ဤစစ်တပ်၏ ဦးပိုင်လီမိတက်ကြီးသည် တိုင်းပြည်၏ ရှားပါးသည့် ငွေအရင်းအနှီးကိုလည်းယူသုံး ငွေစက္ကူ ဖောင်းပွမှုကိုလည်း ပိုမိုဆိုးဝါးစေပေဦးမည်။
သေချာသည်မှာတော့ ဤစစ်တပ်ပိုင် ဦးပိုင်လီမိတက်ကြီးသာ အတောင်အတက်စုံလာပြီဆိုပါက စစ်တပ်နှင့် စစ်အုပ်စုသည် ဗမာပြည်တွင်အကြီးဆုံးသော လက်ဝါးကြီးအရင်းရှင်အုပ်စုကြီဖြ စ်လာကြောင်း “တရားဝင်” ကမ္မည်း ထိုးပြီးဖြစ်လာပေလိမ့်မည်။။
(KO Han Win Aung) ဆီကနေ ကူးယူဖော်ပြတာဖြစ်ပါတယ်။
----
စစ်တပ်စီးပွားရေးဦးပိုင်လီမိတက
(ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်တီ၏ အာဘော်
ပြည်သူ့အာဏာဂျာနယ် အမှတ် ၆ (၁၉၉၀ ခုနှစ်၊ မေ၊ ၉)
တွင်ပါရှိသောဆောင်းပါး)
ပြီးခဲ့သည့် ၁၉၉၀ပြည့်နှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ငြိမ်၊ပိအစိုးရ ကုန်သွယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စု မြန်မာနိုင်ငံစီးပွားရေးဦးပိုင
- ကြီးမားလှသော အရင်းအနှီးပမာဏ
- ပိုင်ဆိုင်မှု
ဧရာမအရင်းအနှီး
ကျပ်ကုဋေတစ်ထောင်။ ဗမာပြည်သမိုင်းတွင် စတင်တည်ထောင်စလုပ်ငန်းတစ်ခုအဖို
လုပ်ငန်းကိုင်ငန်းအမည်
အရင်းအနှီးပမာဏ (ကျပ်ကုဋေပေါင်း)
ပြည်/စီး/လီ ၏
အရင်းအနှီးနှင့်နှိုင်းယှဉ်ချက်အ
မှတ်ချက်
ဖက်စပ်အမှတ် (၅)
၅.ဝ
၁း၂၀၀
မြန်မာဟောင်ကောင်ဖက်စပ် ကုမ္ပဏီလီမိတက်
၁.၅
၁း ၆၆၆.၇
မြန်မာစင်္ကပူဖက်စပ်ကုမ္ပဏီလီမိတက်
၂.၅
၁း ၄၀၀
မြန်မာအင်န်စီသစ်သားထည်လုပ်ငန်း
၁.၁
၁း ၁
ကျန်နှိုင်းယှဉ်စရာများအနေဖြင့် ပြရလျင် ဤအရင်းအနှီးပမာဏသည် အစိုးရ၏ဘတ်ဂျက်တွင် ပါရှိသော တတိုင်းပြည် လုံး၏ တနှစ်စာ ရင်းနှီးမြှုပ်နှံမှုထက်ပင် များနေသေးသည်။ ၁၉၈၈-၈၉ခုနှစ် အတွင်း တပြည်လုံးအတွက် ရင်းနှီးမြှုပ်နှံ ရန် လျာထားချက်မှာ ဤဦးပိုင်လီမိတက် အရင်းအနှီးထက် ၁၇၉.၂ ကုဋေ လျော့နည်းသည်။ ကုဋေတစ်ထောင် ဆို သည်မှာ ၁၉၈၈-၈၉ခုနှစ် ပြည်ပပို့ကုန်မှရငွေ စုစုပေါင်း၏ ခြောက်ဆရှိပြီး များပြားလှပါသည်ဆိုသော စစ်အစိုးရ၏ စစ်သုံးစရိတ် (သူတို့ပြထားသော ကိန်းဂဏန်းအတိုင်း) ရဲ့ငါးဆမျှရှိသည်။
ယနေ့ကဲသို့ တိုင်းပြည်ဆင်းရဲမွဲတေနေချိန်တွ
အဆိုပါ ကုန်သွယ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ်၇/
ဤစာပိုဒ်ကို ကြည့်ခြင်းအားဖြင့် ဤလီမိတက်တွင်ပါရှိသော “အစိုးရ” ဆိုသည်၏ အဓိပ္ပာယ်နှင့် အခန်းကဏ္ဍကို စဉ်း စားစရာရှိလာသည်။ သေချာနေသည်မှာ ဤမျှများပြားသော အရင်းအနှီးကို သူတို့ စစ်တပ်အ၀န်းအ၀ိုင်းမှချည်း ထုတ် လာ နိုင်စရာမရှိပေ။ (ဦးနေ၀င်း လို လူကလည်း သူအခြေအနေကို ပေါ်လွင်စေမည့် ပြည်တွင်းက လုပ်ငန်းကိုင်ငန်း တွင် ရှယ်ယာတွေကို ထင်ထင်ရှားရှား အများအပြားဝယ်ယူလိမ့်မည် မဟုတ်ချေ။) ထို့ကြောင့် အစိုးရက ပါဝင်သည်ဟု ဆိုပြီး နိုင်ငံတော်ငွေကို နားလှည့်ပါးလှည့်နှင့် ယူသုံးခြင်းသာဖြစ်သည်။ ပိုရှင်းအောင်ပြောရလျှင် စစ်တပ်အ၀န်းအ၀ိုင်း က ပိုင်ဆိုင်ခံစားကြမည့် ( ရှေ့တွင်ထပ်မံရှင်းလင်းပါဦးမည်
ဒါတင်မကသေးပါ ကျန်ရာခိုင်နှုန်း၆၀ကိုလည်း တဦးချင်းဝယ်ယူသော ရှယ်ယာများကလွဲ၍ အဖွဲ့အစည်းနာမည်ခံသော (ဤသို့သော ရှယ်ယာမျိုးမှာ အများစုဖြစ်လာနိုင်သည်) ရှယ်ယာများအတွက် အရင်းအနှီးကိုဘဏ်များမှ ချေးယူပေ လိမ့်ဦးမည်။ သူတို့၏အဖွဲ့အစည်းတခု (ဥပမာ-တိုင်းစစ်ဌာနချုပ်တခု သို့မဟုတ် ထောက်လှမ်းရေး တပ်ရင်းတခုခု) က ငွေချေးမည်ဆိုသောအခါ ဘယ်ဘဏ်ကမချေးပဲနေ၀ံ့မည်နည်း။ ယခုအထိဆိုလျင်ဘဏ်များ၏ အာဏာကိုလည်း စစ် အစိုးရ ကပင် ကိုင်ထားသည်မဟုတ်ပါလော။ ထို့ပြင်မကြာမီကာလအတွင်း ဤဦးပိုင်လီမိတက်မှ ရှယ်ယာများဝင်ထား သော သို့မဟုတ် ကိုယ်တိုင်ထူထောင်ထားသော ဘဏ်များလည်းပေါ်ထွက်လာစရာရှိပေသေ
ယခုကဲ့သို့သော ဘဏ်မှချေးယူသည့်နည်းကို သုံးမည်ဆိုလျှင် ဤမျှများပြားသောငွေ (ဗမာပြည် အတိုင်းအတာအရ ဆိုခြင်းဖြစ်သည်) ကိုဘဏ်များက မည်သို့ဖန်တီးလေမည်နည်း။ “ အစိုးရ” မှထည့်ဝင်ငွေဆိုသော ကျပ်ကုဋေ ၄၀၀ မှာ ဗဟိုဘဏ်မှပင် ထုတ်လာစရာရှိသည်။ သို့ဆိုလျှင် အခြားသော ရှယ်ယာများဝယ်ရန် ငွေကို အခြားဘဏ်များထံမှ ချေးယူနိုင်ရန် ထိုဘဏ်များသို့ ဗဟိုဘဏ်မှထုတ်ချေးယူနိုင်ရန် ထိုဘဏ်များသို့ဗဟိုဘဏ်မှ ထုတ်ချေးမည်လော။ သို့မဟုတ်စီစဉ်ထိန်းညှိပေးမည်လေ
ငွေစက္ကူဖောင်းပွမှု…..။၁၉၈၈ ခုနှစ် စာရင်းဇယားများအရ ပြည်တွင်း၌ လှည့်လည်သုံးစွဲနေသော ငွေကြေးပမာဏသည် ကျပ်ကုဋေ၁၂၀၀ မျှသာရှိသည်။ ဤသည်ပင် ငွေစက္ကူဖောင်းပွမှုဒါဏ်ကို ပြည်သူတွေ အလူးအလဲခံစားရစေသည်။ ယခုကဲ့သို့သာ နောက်ထပ် ကျပ်ကုဋေ ၁၀၀၀ သို့မဟုတ် လက်ရှိလည်ပတ်နေသည့် ၈၃% ကျော်ကို ထပ်ထုတ်ဝေ လိုက်သည်ဆိုလျင်…..။
ယနေ့အခါ ဗမာပြည်သူလူထုအား အဆိုးဝါးဆုံးနှိပ်စက်နေသော ရောဂါတခုဖြစ်သည့် ငွေစက္ကူဖောင်းပွမှု ပြဿနာအား ပိုမိုဆိုးဝါးလာနိုင်သည့်ဦးပို
အတိတ်အားတစေ့တစောင်း
တကယ်တော့ ဗမာပြည်တွင် ဤကဲ့သို့စစ်တပ်(သို့) စစ်တပ်အ၀န်းအ၀ိုင်းကနေ စီးပွားရေး လုပ်ငန်းကိုင်ငန်းကြီးများ တည်ထောင်ခဲ့ခြင်းမှာ ယခုတကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ချေ။ ဒင်းတို့ ပထမဆုံးအကြိမ်အာဏာသိမ်းခဲ့သည့် ကာလတ၀ိုက်ကို ပြန်ကြည့်လိုက်စေချင်သည်။
လွန်ခဲ့သောနှစ်ပေါင်းသုံးဆယ်ကျေ
ဤအရင်းအနှီးသည် အာဏာနှင့်ပေါင်းစပ်ထားသော ဗျူရိုကရက်အရင်းအနှီးတရပ်ဖြစ်သြ
ထိုစဉ်က ဘီအီးဒီစီ ပေါ်ပေါက်လာမှုသည် သာမန်ဖြစ်ပေါ်တိုးပွားမှုတရပ်ဟု ယူဆလျှင် အမှားကြီးမှားပေလိမ့်မည်။ အင်မတန် အခိုင်အမာကျသော နောက်ခံနိုင်ငံရေး အကြောင်းအရင်းများရှိနေပေသည်။ ထိုအချိန်က ဗမာပြည်နိုင်ငံ ရေးလောကမှာ မတည်မငြိမ်ကသောင်းကနင်းရှိလှသည်
တိုင်းပြည်အတွင်း၌သော်လည်းကောင်
ဘီအီးဒီစီကိုဦးစီးသော စစ်ဗိုလ်များက နိုင်ငံတကာ့နိုင်ငံရေး၊ စီးပွားရေးနယ်ပယ်တွင် ၀င်ဆန့်လာအောင်လုပ်ကြသည်။ နိုင်ငံခြားမှနိုင်ငံရေး၊ စီးပွားရေးအင်အားစုများနှင့် ဆက်သွယ်မှု၊ရင်းနှီးမှု (အထူးသဖြင့် ဂျပန်နိုင်ငံရေးလောက ၊စီးပွား ရေးလောကနှင့် ရင်းနှီးမှု) ရှိလာအောင် လုပ်ကြသည်။ ယခုတလောမဲဆွယ်ပွဲများတွင် ဂျပန်ပြည်နိုင်ငံရေး၊ စီးပွားရေး လောကမှ အာဏာပိုင်များ၏ စာနာမှုရရှိခြင်းကို ၎င်းတို့၏ အားသာချက်တရပ်အဖြစ် ဘီအီးဒီစီဟောင်များက ဟော ပြောစည်းရုံးနေကြသည်ကိုတွေ့ရသည်
သို့သော်….။ စစ်အုပ်စုဟူ၍ နိုင်ငံရေးစစ်မြေပြင်သို့ ထွက်လာရာတွင် ၎င်းတို့အတွင်းရှိ မွေးရာပါရောဂါကို မကုစားနိုင်ပဲ ထွက်ခဲ့ခြင်းသာဖြစ်သည်။ ယင်းရောဂါမှာအခြားမဟုတ်၊ စစ်အုပ်စုအတွင်း၌ စစ်အုပ်စုများ ထပ်မံကွဲနေခြင်းပင်။ ဘီအီးစီ ပေါ်ခဲ့ခြင်းသည်ပင်လျှင် ထိုစဉ်က စစ်အုပ်စုအတွင်း၌ ဗိုလ်ချုပ်နေ၀င်းတဦးတည်း ပြည်တွင်းပြည်ပ၀င်ငွေများနှင့် ကြွယ် ဝနေခြင်းကို မကျေနပ်သဖြင့် နောက်အုပ်စုတခုမှ ထိပ်ပိုင်းကစီစဉ်ခဲ့ခြင်းဖြစ် သည်ဟုဆိုကြသည်။ ထို့ကြောင့် ဘီအီးဒီစီ ကို ဦးနေ၀င်းကအင်မတန်မျက်စိစပါးမွေ
ထို့ကြောင့်…….။၁၉၆၂ခုနှစ်အာဏာသ
နိုင်ငံရေး အကြောင်းရင်းဖြင့် ပေါ်ပေါက်ခဲ့သော အဆောက်အအုံများ နိုင်ငံရေး အကြောင်းရင်းကြောင့်ပင် ပျောက်ပျက် သွားရခြင်းပါတကား။
ဘာကြောင့်တည်ထောင်သနည်း
ငြိမ်/
စီးပွားရေး……။
တော်လှန်ကောင်စီနာမည်ပဲခံခံ၊ မဆလ နာမည်ပဲခံခ၊ံ နောင်မှာ တစည ဒါမဟုတ် အခြားနာမည် တခုခုပဲခံခံ နိုင်ငံ တော်အာဏာကို စစ်တပ်ဖြင့်သိမ်းယူထားချိန်တွင်
သို့သော် ယခုအရပ်သားအစိုးရလက်သို့ အာဏာလွှဲရမည်လိုလို ဖြစ်လာသောအခါတွင်မူ ယခင်အခွင့်အရေးမျိုးများ အတွက် အာမခံချက်များနည်း လာနိုင်သည်။ ထို့ကြောင့် စစ်တပ်အ၀န်းအ၀ိုင်းတခုလုံးအတွက်
နိုင်ငံရေး…။
လူတိုင်းသိမြင်နေသည့် အချက်တချက်မှာ ယခုနောက်ပိုင်းသူတို့တပ်တွင်း၌ ပိုမိုများပြားသထက်များပြားလာသေ
နောက်ပြီး မူလက ကြေးးစားဆံဆံ လစာ ဆိုသည့် အနှောင်အတဲတခု ထဲနှင့်ဖွဲ့စည်းထားသည့် စစ်တပ်အား စည်းလုံးစေရန် နောက်ထပ် သံယောဇဉ် အနှောင်အတဲတခု ထပ်ဖြည့်လိုက်ခြင်းဟု လည်းဆိုနိုင်သည်။ တပါထဲတွင် တပ်ထဲမှာပဲ ဆက်ရှိရှိ၊ တပ်အပြင်မှာပဲ ရှိရှိ အားလုံးတလှေထဲစီး၊ တခရီးထဲသွားချည်ပဲ။ ထို့ကြောင့် စစ်အုပ်စုထိပ်သီး ပိုင်း၏ တသွေး၊ တသံ၊တမိန့်ကို နာခံရန်အမြဲအသင့်ရှိရေးဆိုသော စိတ်ဓာတ်ကို ခံစားခွင့်ပြပြီး ရိုက်သွင်းပေးနေခြင်း လည်းဖြစ်သည်။
ထို့ပြင် ပြည်သူလူထု၏ ဘက်ပေါင်းစုံဆန်ကျင့်မှု မကျေနပ်မှုတွေ ပြင်းထန်သထက် ပြင်းထန်လာပြီး စစ်အုပ်အစုအဖို့ အထီးကျန် ဖြစ်သထက်ဖြစ်လာချိန်တွင် မိမိအင်အားကို နည်းမျိုးစုံဖြင့်အားဖြည့်ပြီး သေဘော်ညှိသည့် လုပ်ရပ်တခု လည်းဖြစ်သည်ဟု ဆိုနိုင်သည်။
အရေးကြီးသည့်နောက် အကြောင်းတစ်ကြောင်းမှာ နောင်မှာပေါ်ပေါက်လာနိုင်သည့် အရပ်သားအစိုးရအပေါ်တွင် စစ်အုပ်စုနှင့် စစ်တပ်ကဘက်စုံ၌ မားမားကြီးမိုးနေနိုင်အောင် ပြင်ဆင်နေသည့် အစီအစဉ်များထဲမှတခုဖြစ်သည် ဆိုသည့်အချက်ဖြစ်သည်။ နောက်အစိုးရအဖို့ စစ်အုပ်စုနှင့် စစ်ဗျူရိုကရေစီယန္တယားမှာ စစ်အေရးအရ (ထို့ကြောင့် နိုင်ငံရေးအရပါ) မလွှဲမရှောင်သာ အသိအမှတ်ပြုရသော အင်အားတရပ်သာ မကတော့ပဲ စီးပွားရေးအရပါ အသိအ မှတ်ပြုနေရာပေးရသည့်အဖြစ်မျိုး ဆိုက်လာပေရော့မည်။ ကုဋေ တထောင်ဆိုသည်မှာ (နောင်ပွားများလာမှာကို ထည့် မတွက်လျှင်ပင်) ဗမာပြည်၏ သာသာထိုးလိုးတွက်ထားသည့် အမျိုးသားထုတ်လုပ်မှုနှင့် ၀န်ဆောင်မှုတန်ဘိုးနီးပါး မဟုတ်လား။
လူမှုရေး။
အလွယ်ကူဆုံး ပြောရရင် သူတို့အသိုင်းအဝိုင်းထဲကလူတွေ၊ သားသမီးတွေအတွက် ဝင်ငွေကောင်း၊ အခွင့်အရေး ကောင်းသော အလုပ်အကိုင်များအာမခံချက် ရှိလာပါလိမ့်မည်။ နိုင်ငံခြားထွက်ခြင်း၊ နိုင်ငံခြားငွေပိုင်ဆိုင်ခြင်း၊
ချုပ်ရလျှင် ဗမာပြည်၏ဤသမိုင်းတကွေ့အား စစ်အုပ်စုအနေဖြင့် မချောင်သောကွေ့ချိုးတခုအဖြစ် အသိအမှတ်ပြု ပြင်ဆင် စိုင်းပြင်းနေရလေပြီ။
ဦးပိုင်ဆိုသည်မှာ ...
စီးပွားရေးဦးပိုင်လီမိတက်ဆိုတေ
ဦးပိုင်ဆိုသည်မှာ သာမန်စီးပွားရေးလုပ်ငန်းတစ်ခု၊ သို့မဟုတ် စက်မှုလုပ်ငန်းတစ်ခုကို လုပ်ကိုင်သည့် ငွေအရင်းအနှီး မဟုတ်ချေ။ ရှိသမျှ အရင်းအနှီးအားလုံးကို လုပ်ငန်းတစ်ခုခု တွင်မြှုပ်ပြီးလုပ်ခြင်း မဟုတ်ချေ။ လုပ်ငန်းကိုင်ငန်း အ မြောက်အများတွင်း စိုးမိုးသည့် အနေအထားရရန် (ဤသည်မှာလည်း ရှယ်ယာအားလုံး၏ ၄၀% ထက်ပိုပြီး လိုအပ်ခဲ့ သည်) အရင်းအနှီးကို ဖြန့်ခွဲပြီးချုပ် ကိုင်လိုက်သည်။ တစ်ခါတစ်ရံချေးငွေပုံစံမျိုးမှ စတင်ပြီး အဆင့်ဆင့် တိုးဝင်ခြင်း လည်းရှိတတ်သည်။ ၎င်းတို့ ပထမဆုံးအစုစပ် ဖော်ထုတ်လိုက်သည် ဖရဇ်ဝါနာ၊ ဒေဝူးတို့နှင့် ဖက်စပ်လုပ်ငန်းများဆို လျင် အခြားပြင်ပမှ ရှယ်ယာပိုင်ရှင်များ ပါဝင်စရာမရှိသဖြင့် နိုင်ငံခြားအရင်းရှင်ကုမ္မဏီကြီ
ဤသို့အစုဝင်ပြီး ချုပ်ကိုင်ထားသော လုပ်ငန်းများက တစ်ဖန်အခြားသော လုပ်ငန်းကိုင်ငန်းများကို တည်ထောင်ခြင်း၊ အစုရှယ်ယာဝယ်ယူခြင်း၊ စသည့် နည်းများဖြင့် ချုပ်ကိုင်လာပါလိမ့်ဦးမည် (ဤသည့်အတွက်လည်း ရှယ်ယာ အားလုံးတန်ဖိုး၏၄၀% ထက်ပို၍မလိုချေ။) “ဦးပိုင်”စနစ်ဆိုသည်မှာ ဤနည်းဖြင့် မိမိအရင်းထက် အဆ ပေါင်းများစွာ ပိုသော လုပ်ငန်းကိုင်ငန်းများကို ချုပ်ကိုင်သည့်လက်ဝါးကြီးအုပ် အရင်းအနှီးဖြစ်သည်။ ရဲဘော်လီနင်၏ အရင်းရှင်စနစ် ၏ အမြင့်ဆုံးအဆင့် နယ်ချဲ့စနစ်ကျမ်းထဲတွင် “ငွေတစ်သန်းက တစ်ဆယ့်ခြောက်သန်းကို ချုပ်ကိုင်နိုင်စေသည်” ဟုထောက်ပြခဲ့ သောစနစ်ဖြစ်သည်။ G.E.C. ခေါ် အထွေထွေလျှပ်စစ်ကုမ္မဏီကြီးသည် ၁၉၁၂ခုနှစ်တွင် အခြားကုမ္ပဏီ ပေါင်း ၁၇၅မှ၂၀၀ အတွင်း၌ရှယ်ယာများပါဝင်စိုးမိုး
ဦးပိုင်စနစ် ပေါ်ပေါက်ခြင်းနှင့် တွင်ကျယ်ခြင်းသည် အရင်းရှင်စနစ်၏ လက်ဝါးကြီးအုပ်အဆင့်သို့ ကူးပြောင်းခြင်းနှင့် ဆက်စပ်နေသည်။ ထိုအချိန်တွင်မူ ပေါ်ပေါက်လာခြင်းဖြစ်သည်။ အထူးသဖြင့် ဘဏ္ဍာအရင်း၏ကဏ္ဍ ထွန်းကားလွှမ်း မိုး လာသောအချိန်တွင်ဖြစ်သည်။ အရင်းရှင်စနစ်အား ဘဏ္ဍာအရင်းက ချုပ်ကိုင်စိုးမိုးလာသည့် အချိန်တွင် “ဦးပိုင်” ကုမ္မဏီများ သဏ္ဍန်မျိုးစုံဖြင့်ပေါ်လာကြသည်။ “ဦးပိုင်”ဟု နာမည်မခံသည်လည်း ရှိတတ်သည်။ မည်သို့ပင်ဆိုစေ ဦးပိုင်စနစ်ဆိုသည်မှာ“တကယ်ကျတေ
ဗမာပြည်စစ်အုပ်စု၏ ဦးပိုင်လီမိတက်သည် ဖရစ်ဝါနာ၊ ဒေဝူးတို့နှင့် ဖက်စပ်လုပ်ခြင်းဖြင့် ပွဲဦးထွက်ခဲ့သည်။ သေးသေး မွှားမွှားလုပ်ငန်းနှင့် အရှုံးအမြတ် မသေချာသော ရေနံတူးဖော်ရေးလုပ်ငန်းမျိုးတွင
ဤအတိုင်းသာ ဆက်လက်တိုးချဲ့သွားပါက နောင်ဆယ်နှစ်ခန့်ကြာသောအခါ၊ တခုသောမနက်ခင်း၌ ကြက်တွန်သံ ကြား၍ ထကြည့်လိုက်ရာဝယ် ဗမာပြည်၏စီးပွားရေး အသက်သွေးကြောများအား စစ်အုပ်စုနှင့် ဤ ဦးပိုင်လီမိတက် တို့က ချုပ်ကိုင်ထားသည်ကို မြင်ရလျှင် မျက်စိပွတ်ပြီး တပ်ကြည့်စရာမလိုဟု ပြောလိုပါသည်။
ဤတွင် ယင်းစီးပွါးရေး ဦးပိုင်လီမီတကအားမည်သူတွေကပိုင
ယခု စစ်တပ်ဦးပိုင်လီမီတက်တွင် အစုရှယ်ယာဝင်များက ဒါရိုက်တာ ရွေးချယ်ခွင့်မည်သို့ရှိကြောင်း
နောက်စဉ်းစားစရာအချက်မှာ ဤဦးပိုင်လီမီတက်၏ အစုရှယ်ယာများကို တစုလျှင် ကျပ် ၁၀၀၀ /
တကယ်တော့“ဦးပိုင်”လီမိတက်ကို ငြိမ်/ပိတို့ စစ်အုပ်စုက တည်ထောင်လိုက်သည့် ရည်ရွယ်ချက်ထဲတွင် စစ်တပ် အရာရှိကြီးများကသာ ထိပ်ပိုင်းမှ ချယ်လှယ်အကျိုးခံစားရရေး တပ်သားများ၏ လခကိုပြတ်ပြီး အရင်းပြုကာ သွေး စုတ်ရေးစသည်တို့ အလိုလိုပါဝင်ပြီးဖြစ်နေသည်။ အောက်ခြေ တပ်မှူးတပ်သားများ၏ ဘ၀ကို အသေခံ ပဲစားဘ၀မှ မြှင့်တင်မည့် ရည်ရွယ်ချက်လုံးဝမပါဝင်ချေ။
အံ့သြစရာကောင်းသည်မှာ ဗမာပြည်မှစစ်အုပ်စုသည် သူ့တပ်သားများအား နိုင်ငံရေးလိုက်စားခြင်းကို တော့တားမြစ်ပြီး သီးခြားငွေရှာတာကိုတော့ အားပေးခွင့်ပြုသည်။ ဒါနှင့်များ လူထုက ကြေးစားတပ်ဟု ခေါ်တော့လည်း နာကြသည်။ ဟုတ်ပါ့။
အခြားနိုင်ငံများတွင် ယခုကဲ့သို့ စစ်ဗျူရိုကရက်များက စီးပွားရေးလုပ်ငန်းများ ဇောက်ချလုပ်လာကြခြင်းမှာ ဒုတိယ ကမ္ဘာစစ် ဒီဘက်ပိုင်း မဖွံ့ဖြိုးသေးသော နိုင်ငံများရှိ စစ်အုပ်စုများ၏ ထူးခြားသော နိယာမဟု ဆိုနိုင်သည်။ ဤသည်ကို ယင်းနိုင်ငံများ၌ မကြာခဏ စစ်အာဏာသိမ်းပွဲများဖြစ်ပွားခြင
တတိယကမ္ဘာစစ်ဟု ခေါ်သော ကိုလိုနီထမ်းပိုးအောက်မှ မလွတ်တလွတ် နိုင်ငံများတွင် နယ်ချဲ့သမားများ၏ ဖန်တီး ချက်ကြောင့် အမျိုးသားစည်းလုံးညီညွတ်ရေးမှာ အစည်းပြေနေလေ့ရှိသည့်အပြင် အမျိုးသားစီးပွားရေးမှာ လည်း ကြံ့ခိုင်တောင့်တင်းမှု မရှိဖြစ်နေတတ်သည်။ အာဏာရ ဓနရှင်လူတန်းစားအနေဖြင့် တိုင်းပြည်ကို တူတူတန်တန် ထူထောင်နိုင်ခြင်းမရှိ သည်ကများသည်။ ဤသို့သော အခြေအနေအောက်တွင် စစ်တပ်များ၏ ခြေလှမ်းများသည် စစ်တန်းလျားများ အပြင်ဘက်သို့ရောက်ရှိလာသည်။ ၎င်းတို့သည် ၀န်ကြီးများရုံးတ၀ိုက်သို့ ရောက်လာသလို စတော့ ရှယ်ယာ ဈေးကွက်များသို့ လည်းရောက်လာတတ်သည်။ မကပါ။ ထိုနယ်ပါယ်များကို မရအရ တက်သိမ်းပြီး ကတုတ် ကျင်းတူး တပ်စွဲကြတော့သည်။
ဤအချင်းအရာမျိုးကို အသားကျနေသော အရင်းရှင်နိုင်ငံကြီးများမှအပ အခြားသောကိုလိုနီတပိုင်း၊ ပဒေသရာဇ် တ ပိုင်း နိုင်ငံတိုင်းလိုလိုတွင် တွေ့ရသည်။ အထူးသဖြင့် စစ်အုပ်စုများ အင်အားကြီးသော၊ မကြာခဏ အာဏာသိမ်းကြ သော လက်တင်အမေရိကတိုက်၊ အာဖရိကတိုက်နှင့် ဗမာပြည်အပါအ၀င် အရှေု့အာရှပိုင်းတွင် အတွေ့ရများသည်။
စစ်ဗျူရိုကရက်များအနေဖြင့် စစ်ဗျူရိုကရက်စီးပွားရေး ထူထောင်ရာတွင် ယေဘုယျအားဖြင့် နည်းနှစ်နည်းရှိသည်။ တနည်းမှာ တဦးချင်း၏ စီးပွားရေးကို နည်းသဏ္ဍာန်မျိုးစုံဖြင့် တိုးချဲ့ခြင်းဖြစ်သည်။ ဥပမာ- ဦးနေ၀င်း၊ နိုရီယေးလား၊ မိုဘူတူ၊ မာ့းကိုစ့် စသည့် နောက်တနည်းမှာ ဤဦးပိုင်လီမိတက်ကဲ့သို့သော အဖွဲ့အစည်းလိုက် ထူထောင်ခြင်းမျိုးဖြစ် သည်။ ဖိလစ်ပိုင်နိုင်ငံမှ အောက်ပါ ဥပမာကိုကြည့်ပါ။
ဖိလစ်ပိုင်စစ်တပ်၏ ရန်ပုံငွေအဖွဲ့သည် ၁၉၇၆ခုနှစ်တွင် RSBS ခေါ် ပင်စင်နှင့် ခွဲခွာမှု အကျိုးခံစားမှုစနစ် ဆိုသည့် အရင်းအနှီး တရပ်ကို တည်ထောင်ခဲ့သည်။ တည်ထောင်သည့် အဓိကရည်ရွယ်ချက်မှာ ထိုစဉ်က အမေရိကန်နိုင်ငံ အပါအဝင် တစ်နိုင်ငံလုံးရှိ နိုင်ငံရေးပါတီများနှင့် လူထုများက ဆန့်ကျင်နေသော သမ္မတမာ့ကိုစ့် ချမှတ် ကျင့်သုံးနေ သည့် စစ်အုပ်ချုပ်ရေးကို စစ်တပ်အရာရှိများ ကိုယ်တိုင်က ထောက်ခံလာကြစေရန်ဖြစ်သည်။ သည့်အတွက် မားကိုစ့် က အမိန့်ကြော်ငြာစာတရပ် ထုတ်ပြန်ကာ ဖိလစ်ပိုင် ပီဆို သန်း၂၀၀ (အမေရိကန်ဒေါ်လာ၉သန်းနီးပါး) ကို ပင်စင်ရံပုံငွေဟု သတ်မှတ်ပြီး ရင်းနှီးမတည်ပေးခဲ့သည်။ ထို့ပြင်ဤအဖွဲ့အစည်း၏ အရင်းအနှီးအတွက် စစ်သားပေါင်း ၁၅၀,၀၀၀ တို့၏ လစာထဲမှ ၅% ကိုလည်း လစဉ်ပုံမှန်ဖြတ်ယူခဲ့သည်။ ၎င်း၏ ပိုင်ဆိုင်မှု တန်ဘိုးမှာ ၁၉၈၃ခုနှစ်ဆီတွင် ပီဆို ၉၅၄.၄သန်း ရှိခဲ့ရာမှ ၁၉၈၈ခုနှစ်သို့ ရောက်သောအခါ ပီဆို ၂,၇၀၆.၀သန်း ဖြစ်လာသည်။ ၅နှစ်အတွင်း ၁၈၃.၈% တိုးပွားလာခြင်းဖြစ်သည်။
ဤအဖွဲ့အစည်းသည် ငြိမ်/
တကယ်က ဗမာပြည်တွင် စစ်အုပ်စုက အာဏာရထားသည်ဖြစ်သဖြင့် စစ်တပ်ဗျူရိုကရက်အရင်းအနှီးနှင်
ဗမာပြည်တွင် “စစ်တပ်တခုလုံး”၏ အကျိုးစီးပွားများတည့်သွင်းထားေ
နိဂုံး
ကြိုက်ချင်ကြိုက်- မကြိုက်ချင်နေ သဘောတူချင်တူ - မတူချင်နေ ယခုတော့ စောမောင်- ခင်ညွန့်တို့၏ “ချိန်ခါရှိခိုက်-လုံ့လစိုက်”မှု
နောက်တက်လာမည့် အစိုးရခမျာ မဆလနှင့် ငြိမ်/
သို့သော် ဤစစ်တပ်၏ ဦးပိုင်လီမိတက်ကြီးသည် တိုင်းပြည်၏ ရှားပါးသည့် ငွေအရင်းအနှီးကိုလည်းယူသုံး ငွေစက္ကူ ဖောင်းပွမှုကိုလည်း ပိုမိုဆိုးဝါးစေပေဦးမည်။
သေချာသည်မှာတော့ ဤစစ်တပ်ပိုင် ဦးပိုင်လီမိတက်ကြီးသာ အတောင်အတက်စုံလာပြီဆိုပါက စစ်တပ်နှင့် စစ်အုပ်စုသည် ဗမာပြည်တွင်အကြီးဆုံးသော လက်ဝါးကြီးအရင်းရှင်အုပ်စုကြီဖြ
(KO Han Win Aung) ဆီကနေ ကူးယူဖော်ပြတာဖြစ်ပါတယ်။
No comments:
Post a Comment