Monday, February 4, 2013

"ဒုက္ခပါပဲ .... ဥက္ကဌရယ် ....."



ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် တယောက်၊ တရားဥပဒေ စိုးမိုးရေးကော်မတီ ဥက္ကဌ တယောက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကချင်ပြည်တွင်းစစ် အကြောင်းကို တကယ်မသိတာလား၊ မသိချင်ယောင် ဆောင်နေတာလား မဝေဖန်ချင်ပါဘူး။

သို့သော်လည်း စစ်အစိုးရအတွက် အဟန့်အတားတွေ ဖြစ်တဲ့ ပိတ်ဆို့အရေးမှု့တွေကို နိုင်ငံတကာမှာ ပြန်လည် ဖွင့်လှစ်ရေးအတွက်တော့ တောင်းဆိုပေးခဲ့တာတွေ၊ အမေရိကန် ကွန်ဂရက်မှာ သမတ ဦးသိန်းစိန်နဲ့ အပေါင်းပါတွေကို ကျေးဇူးတင်ခဲ့တာတော့ ၂၀၁၂ ကမ္ဘာ့သတင်းတွေမှာ ကျနော်တို့ ကြားခဲ့ မြင်ခဲ့ရပါတယ်။

ကျနော် သံသယ ၀င်မိတာတခုကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ကချင် ဒေသတွေမှာ လာမဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ မဲ မရနိုင်မဲ့အတူတူ ပျက်စီးချင် ပျက်စီးပါစေဆိုတဲ့ မစားရတဲ့အမဲ သဲပက် ဒီဇယ်လောင်းတဲ့ စေတနာနဲ့ ရေငုံနုတ်ပိတ် နေခြင်းလား ဆိုတာကိုတော့ သံသယ ရှိမိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာမှာ သြဇာအာဏာ ရှိတယ်ဆိုတယ်ဆိုတာ ကျနော်တို့ အငြင်းပွားစရာ မရှိပါဘူး။ ရခိုင်အရေးမှာ ရေငုံနုတ်ပိတ်နေ တာ နိုင်ငံတကာ အရေးအခင်း၊ ဘာသာရေး လူမျိုးရေးမို့ နားလည်နိုင်ပေမဲ့ ကချင်ဒေသ မြန်မာနိုင်ငံသားတွေ အချင်းချင်း သွေးချောင်းစီး ပျက်စီးမဲ့ အရေးမှာ နှုတ်ပိတ်နေနိုင်တာကတော့ နိုင်ငံရေးဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး အနာဂါတ် အရေးဟာ မေးခွန်းထုတ်စရာ ဖြစ်လာပါပြီ။

တိုင်းရင်းသား လူငယ်များအနေဖြင့် ဗမာ့နိုင်ငံရေးခေါင်းဆောင် ဆိုတဲ့သူတွေဟာ မယုံရဘူး ဆိုတဲ့ သံသယဟာ အခုဆို ကြီးထွားလို့ လာနေပါပြီ နေပြည်တော်မှာပဲ နေတဲ့ သူတွေအတွက်တော့ ဒါတွေဟာ ကောလဟာလပါလို့ ရီမော ကော်ဖီသောက်ပြီး နေလို့ရပေမဲ့ ဒါတွေဟာ တိုင်းပြည်တည်ဆောက်ရေးအတွက် အဟန့်အတားဆိုတာကို နားလည်ဖို့ လိုသလို လက်တွေ့ ကျကျ လေ့လာသုံးသပ်ဖို့လဲ လိုပါတယ်။

ဒါတွေဟာ မြန်မာ့နိုင်ငံရေးအတွက် ကောင်းမွန်တဲ့ အလားအလာ မဟုတ်ဘူးဆိုတာကို မြင်ယောင် ရင်းနဲ့ ၂၀၁၃ ဟာ အလားအလာ ကောင်းတယ် ပြောတဲ့ သူတွေအတွက်သာ စစ်အာဏာရှင်တွေနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို နှိပ်စက်ညှင်းပန်းဖို့ အတွက်ပဲ ဖြစ်လာမှာဖြစ်ကြောင်း သုံးသပ်လိုက် ပါတယ်။

နံနက်ခင်း ဂျာနယ်

No comments: