ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၃၁)
၁၉၉၉ ခုနှစ် ဇန်နဝါရီ ၂၇ ရက်မှာပေါ့။ 
အဲဒီအချိန်က ကျွန်မ ခင်ပွန်းဟာ ကိုဘေးတက္ကသိုလ်မှာ စာသင်နေချိန် ပါ။ သူက 
အမြဲလိုလို ဧည့်ပညာရှင်တွေအတွက် အလုပ် တွေများနေတတ်သူမို့ အဲဒီအချိန်မှာ 
လည်း သူ့မှာ ဧည့်က ရှိနေပါတယ်။ ဧည့်တစ်ယောက်က ကျွန်တော် 
ဒေါ်အောင်ဆန်းစုကြည်ရဲ့ခင်ပွန်းမှာ ကင်ဆာရောဂါ ခံစားနေရတယ်လို့ ကြားရတယ်။
ခင်ဗျားတို့ သိမှာပေါ့။ သိတယ်မဟုတ်လား” လို့ ပြောလာပါတယ်။ ကျွန်မတို့က အဲဒီသတင်းမျိုးကို မခန့်မှန်းနိုင်ခဲ့လို့ အလွန်ကို စိတ်မကောင်းဖြစ် လိုက်ရပါတယ်။ ကျွန်မတို့လည်း ဧည့်သည် မပြန်ခင်မှာဘဲ မိုက်ကယ့်ဆီ ဖုန်းဆက်ကြ ပါတော့တယ်။
ခင်ဗျားတို့ သိမှာပေါ့။ သိတယ်မဟုတ်လား” လို့ ပြောလာပါတယ်။ ကျွန်မတို့က အဲဒီသတင်းမျိုးကို မခန့်မှန်းနိုင်ခဲ့လို့ အလွန်ကို စိတ်မကောင်းဖြစ် လိုက်ရပါတယ်။ ကျွန်မတို့လည်း ဧည့်သည် မပြန်ခင်မှာဘဲ မိုက်ကယ့်ဆီ ဖုန်းဆက်ကြ ပါတော့တယ်။
မိုက်ကယ့် အသံက အားနည်းနေပုံပါ။ “ဟုတ်ပါတယ်။ ဆရာဝန်က ကျွန်တော့်ရောဂါက 
ဆီးကျိတ် ကင်ဆာလို့ ပြောပါတယ်” တဲ့။ သူကသာ နေမကောင်းနေတာ ကျွန်မရဲ့ 
ကျန်းမာရေးကိုလည်း သူက စိတ်ပူနေရှာပါ သေးတယ်။ ကျွန်မရဲ့ခင်ပွန်းကို 
“ကျွန်တော့်ကင်ဆာက အဆိုးဝါးကြီး မဟုတ်ပါဘူးဗျာ။ ဒါပေမယ့် ကျွန်တော် ကတော့ 
ဒီရောဂါကို အကြောင်းပြ ပြီး မြန်မာပြည်ဝင်ခွင့် ဗီဇာရအောင်တော့ 
လုပ်ဦးမယ်ဗျာ။ ဒီကိစ္စကို ချဲ့ကား ပြောသံကြားရရင် စိတ်ထဲ သိပ်လန့်မသွား 
နဲ့နော်” လို့ ပြောနေသေးတာပါ။ ကျွန်မတို့လည်း ဆီးကျိတ်ကင်ဆာ ဆိုတာ 
အရေးမကြီးဘူးလို့ ဆရာဝန်ပြောစကား အတိုင်း ယုံလိုက်တော့တာပေါ့။ 
ဒီနှစ်နွေမှာတော့ သူ့ဆီသွား လည်မယ်လို့ ဆုံးဖြတ်လိုက်ကြပါတယ်။
ကျွန်မတို့လည်း မိုက်ကယ့်ကင်ဆာကို မေ့ထားလိုက်ကြပါတယ်။ မတ် ၂၄ ရက်လည်း 
ရောက်ရော ယာတာ ရိုဆန်က ကျွန်မတို့ဆီကို မိုက်ကယ့်အခြေအနေ အတော်ကြီး 
ဆိုးဝါးနေပြီလို့ ဖုန်းဆက်လာပါတော့တယ်။ သူ့ကို မိုက်ကယ်ရဲ့ 
အမြွှာညီအစ်ကိုဖြစ်တဲ့ အန်ထော်နီက ပြောပြတာပါတဲ့။ သူက အန်ထော်နီနဲ့ 
ပုံနှိပ်လုပ်ငန်း ဆိုင်ရာ အဆက်အသွယ် ရှိနေတာ ကိုး။
နောက်နေ့မှာတော့ ကျွန်မတို့ လန်ဒန်သွားဖို့ လေယာဉ်လက်မှတ် 
စီစဉ်လိုက်နိုင်ခဲ့ပါတယ်။ ယာတာရိုဆန် ကတော့ ပတ်စ်ပို့သက်တမ်း ကုန်နေလို့ 
ချက်ချင်း လိုက်လာနိုင်မှာ မဟုတ်တော့ပါဘူး။ သူက ဆီးကျိတ် ကင်ဆာကြောင့် 
ဖြစ်တဲ့ ခါးနာဝေဒနာ သက်သာအောင် အပ်စိုက်လို့ရကြောင်း ပြောလိုက်ပါသေးတယ်။ 
သူက ကျွန်မကို အပ်စိုက်နိုင်တဲ့ နေရာတွေ ကိုပြထားတဲ့ လူ့ခန္ဓာကိုယ် ပုံစံကို
 ပို့ပေးပြီး ဘယ်နေရာတွေကို လက်နဲ့ ဖြစ်စေ ထောက်ပေးရမယ်လို့ သင်ပေးလိုက် 
ပါသေးတယ်။
မတ် ၂၆ ရက်မှာတော့ ကျွန်မတို့ဟာ ကန်ဆိုင်လေဆိပ်ကနေ လန်ဒန်ကို 
ထွက်ခွာလာခဲ့ပါတယ်။ ကျွန်မနဲ့ အတူ ပါလာတာက အပ်စိုက်နည်း ပုံတွေရယ်၊ 
အိမ်နေရင်း ဝတ်စုံရယ်၊ ဆူရှီလုပ်ဖို့လိုမယ့် ပစ္စည်းတွေရယ်၊  ဒါပဲ ထည့်ယူလာ 
ခဲ့တာပါ။ မိုက်ကယ့်ကို ဆူရှီ တစ်ကိုက်စာလေးပဲ ဖြစ်ဖြစ် 
ကျွေးလိုက်ချင်တယ်လေ။ ကျွန်မက မိုက်ကယ် ရဲ့ နောက်ဆုံး အချိန်လေးကို 
မီပါရစေလို့ ဆုတောင်းနေခဲ့ပါတယ်။ ကျွန်မရဲ့စိတ် လောကြီးနေတဲ့ 
ရုပ်ကိုကြည့်ပြီး ကျွန်မနားမှာ ထိုင်သူက စကားတွေ ပြောလာပါတယ်။ သူ့ကြည့်ရတာ 
သက်ကြီး မိန်းမသား တစ်ဦးက တစ်ယောက်တည်း ခရီးသွားနေတာကို စိတ်ပူနေပုံပါ။ 
လန်ဒန်ရောက်တော့ သူက လမ်းမခွဲခင်မှာ မိုက်ကယ့် ကျန်းမာ ရေး အတွက် 
ဆုတောင်းပေးကြောင်း ပြော လိုက်ပါသေးတယ်။
ညကိုးနာရီခွဲမှာတော့ ကျွန်မက ဟိုတယ်ကို ရောက်ပါပြီ။ ရောက်ရောက်ချင်း 
ဆိုသလိုပဲ ကျွန်မ မိုက်ကယ့်ဆီကို သွားလိုက်ပါတယ်။ “ဘယ်သူပါလဲ”တဲ့။ 
မိုက်ကယ့်ထူး သံပါ။ “နိုရီကိုပါ”ဆိုတော့ “အိုး နိုရီကို၊ ဝင်လာခဲ့လေ” 
ဆိုပြီး တံခါးလှမ်း ဖွင့်ပေးလေရဲ့။ ဓာတ်လှေကားကနေ ထွက်လိုက်တယ်ဆိုရင်ပဲ 
မိုက်ကယ် က ခါတိုင်းလို ကြိုနေပါတယ်။ “ခင်ဗျား၊ ဂျပန်ကနေ အဝေးကြီးကနေ 
လာခဲ့တယ်နော်။ ကောင်းလိုက်တာဗျာ။ ဝင်လာပါ။ ဝင်လာပါဗျာ”လို့ 
လှိုက်လှိုက်လှဲလှဲ ကြိုပါတယ်။ ခရီးက ရှည်လေတော့ ကျွန်မလည်း မူးတူးတူးနဲ့ 
အိပ်မက်များ မက်နေသလား လို့လည်း စိတ်ထဲ ဘာဖြစ်နေ မှန်းတောင် မသိတော့ပါဘူး။ 
မိုက်ကယ်က ကျွန်မကို ခါတိုင်းလို မီးဖို ချောင်ထဲ ခေါ်မသွားဘဲ ဧည့်ခန်းကို 
ခေါ်လာခဲ့ပါတယ်။ “သူက ကျွန်တော့်ညီ အန်ထော်နီရဲ့ ဇနီးမေရီလေ” လို့ ကျွန်မကို
 မိတ်ဆက်ပေးပါတော့တယ်။ မိုက်ကယ့် ကြည့်ရ တာ  ကောင်းလို့ပါပဲ။
“အန်ထော်နီ၊ ရှင်ဘာတွေပြော နေတာလဲ။ ကျွန်မက ရှင့်ဇနီးလေ” လို့မေရီက 
ပြောလိုက်မှပဲ ကျွန်မလည်း နဂိုသိ စိတ်တွေ ပြန်ဝင်လာမိပါတော့တယ်။ 
အန်ထော်နီဟာ မိုက်ကယ့် နံဘေးမှာ လွန်ခဲ့တဲ့ နှစ်ပတ်လုံးလုံး ရှိနေခဲ့ရာက 
စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်ကာ ကယောင်ကတမ်း တွေ ပြောနေတာပါ။ သူ့ကိုယ်သူ လည်း
 မိုက်ကယ်နဲ့ သူ့ကိုယ်တိုင်ကို မခွဲနိုင်တော့သလိုပါပဲ။ သူတို့က 
ရုပ်ချင်းထပ်တူကျတဲ့ အမြွှာတွေကိုး။ ကျွန်မအတွက်တော့ ဒီအတွေ့အကြုံက သိပ်ကို 
အံ့ဩစရာကောင်းတဲ့ ပထမဆုံး အတွေ့အကြုံပါပဲ။
တကယ်တော့ မိသားစုတစ်ခုထဲ မိသားစုဝင် 
တစ်ယောက်ရဲ့ နောက်ဆုံးအချိန်တစ်ခုမှာ သူစိမ်း တစ်ယောက်က ဝင်ရောက် 
သွားတယ်ဆိုတာ စိတ်မသက်သာစရာ အဖြစ်မျိုးပါ။ ကျွန်မလည်း သွားသင့်၊ 
မသွားသင့်ကို အတော်ကြီး ဆုံးဖြတ်ခဲ့ ရပါတယ်။ ဒါပေမယ့် ကျွန်မခင်ပွန်းကရော 
ကျွန်မကပါ ဘယ်လိုမှ စိတ်မထိန်းနိုင် တော့တာ မို့ ကျွန်မကို 
သွားလို့ပြောခဲ့သလို ကျွန်မလည်း တစ်ကိုယ်တည်းပဲ ထွက်ခဲ့ပါတယ်။ ဒါပေမယ့် 
သူတို့ က ဂျပန်ကနေတောင် မိုက်ကယ့် ကို ခင်မင်တဲ့စိတ် တစ်ခုတည်းနဲ့ အရောက် 
လာခဲ့တဲ့ နိုရီကို ဆိုတဲ့ ကျွန်မကို နတ်သမီးတစ်ပါးလို နွေးနွေးထွေးထွေး 
ကြိုဆိုကြပါတယ်။
အလက်ဇန္ဒားလည်း အမေရိက ကနေ 
ပြန်ရောက်နေပါပြီ။ သူ့ကြည့်ရတာ နေကောင်းနေပုံ ရကာ အဲဒီနှစ် မေလမှာ ကွန်ပျူ 
တာသိပ္ပံရယ်၊ ဖလော်ဆော်ဖီရယ်နဲ့ ဘွဲ့ရတော့မယ် လို့ပြောပြပါတယ်။ ပါရဂူ 
ဒေါက်တာဘွဲ့ ရတဲ့အထိ ဆက်သင်မယ် လို့လည်း ဆိုပါတယ်။ အခန်းထဲမှာ 
မိုက်ကယ့်အမေရယ်၊ အန်ထော်နီရယ်၊ သူ့ဇနီးမေရီ ရယ်၊ မိုက်ကယ့် အချစ်ဆုံး 
သူငယ်ချင်း ဗီကာရဲ့ အမေရယ် ထိုင်နေကြပါတယ်။ အလက်ဇန္ဒားက သူ့အခန်းထဲကို 
အနားယူဖို့ ဝင်သွားတော့ ကျန်သူတွေ က မိုက်ကယ့် အကြောင်း ပြောကြပါတယ်။
နောက်တစ်နေ့မနက်၊ ၁၉၉၉ ခု နှစ် မတ်လ ၂၇ 
ရက် နံနက် ၈ နာရီလောက်မှာ ကျွန်မက ဟိုတယ် မှာ မနက်စာ စားနေ ချိန်ပေါ့။ 
မိုက်ကယ့်အိမ်ကနေ ဖုန်းဝင်လာပါ တယ်။ အလက်ဇန္ဒားဆက်တာပါ။ “နိုရီကိုရယ် 
ကျွန်တော် စိတ်မကောင်းစရာ သတင်း ပြောရပါမယ်။ ဒယ်ဒီဟာ ဒီနေ့မနက်ကပဲ 
ဆုံးသွားပါပြီ” တဲ့။  မနက်စာတောင် မစားတော့ဘဲ ကျွန်မနေတဲ့ ဟိုတယ် ကနေ 
တစ်လံလောက်ပဲဝေးတဲ့ မိုက်ကယ့်အိမ်ကို ပြေးသွားခဲ့ပါတယ်။ မနက် ၆ နာရီ ခွဲမှာ
 မိုက်ကယ်ဟာ အန်ထော်နီ ရဲ့ လက်ကိုကိုင်ကာ အသက်နှစ်ချက် ပြင်းပြင်း 
ရှိုက်လိုက် ပြီးနောက် ကွယ်လွန်ခဲ့ပါတယ်။ မကွယ်လွန်မီ နောက်ဆုံး 
ငါးမိနစ်မှာတော့ “ကင်မ်.. ကင်မ်..”လို့ ငါးခါ တိတိ ခေါ်သွား လေရဲ့။
သူတို့အားလုံးက မိုက်ကယ် ဆုံးတာကို 
မိသားစုက လွဲရင် ဘယ်သူ့ကိုမှ မပြောဖို့ ဆုံးဖြတ်ခဲ့ကြပေမယ့် နေ့လယ်ပိုင်း 
မှာတော့ ဘီဘီစီ က ထုတ်လွှင့်လိုက်ပါတယ်။ ဒီလိုနဲ့ သူတို့အိမ်ကို 
လူတွေတဖွဲဖွဲ ရောက် လာပါတော့တယ်။ ညနေ သုံးနာရီ လောက်မှာတော့ 
အောက်စ်ဖို့ဒ်တက္ကသိုလ်က ကျောင်းသူတစ်ယောက် ရောက်လာကာ မိုက်ကယ့်အတွက် 
တယောနဲ့ သီချင်းတစ်ပုဒ် တီးခွင့် ပေးဖို့ ခွင့်တောင်းလာပါတယ်။ သူက 
တယောတီးနေစဉ်မှာ မျက်ရည်တွေလည်း ကျကာ ငိုနေပါတယ်။ လူတွေကလည်း ကြမ်းပြင်မှာ 
ထိုင် ကြကာ တေးသွားကို ခံစားရင်း ကြေကွဲလို့နေခဲ့ကြပါတယ်။ အန်ထော်နီ ကလည်း 
မျက်ရည်တွေ ကြားကပဲ ချားလ်စ် မင်းသားရဲ့ ပူပူနွေးနွေး ပေးပို့လာတဲ့ 
စာလွှာကို ဖတ်ကြားလိုက်ပါတယ်။ ဒီစာက မိုက်ကယ့်ကို ပြည်ဝင်ခွင့်ဗီဇာ 
ထုတ်ပေးဖို့ မြန်မာအစိုးရကို တောင်းဆိုတဲ့စာ ဖြစ်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၃၂)
“အကယ်၍ ဒေါက်တာ မိုက်ကယ်အဲရစ်အား ပြည်ဝင်ခွင့်ဗီဇာ ပေးရန် မြန်မာအစိုးရက 
ဆက်လက် ငြင်းဆန်မည်ဆိုလျှင် လူသားချင်း စာနာမှုအရ ခွင့်မပြုနိုင်သော 
လုပ်ရပ် ဖြစ်ပါမည်။ ဗြိတိသျှ တော်ဝင်မိသားစု အနေဖြင့် မြန်မာအစိုးရက ဗီဇာ 
ထုတ်ပေးနိုင်ရန် ပူးတွဲဆောင်ရွက် သွားမည် ဖြစ်ပါသည်” လို့ ချားလ်စ် 
မင်းသားရဲ့ စာမှာ ဖော်ပြထားတာပါ။ ကျွန်မတို့လည်း ဒီစာဟာ ဒီ့ထက် စောပြီးများ
 ရောက်လာခဲ့ရင်လို့ တွေး မိကြပါတယ်။
မိုက်ကယ်ဟာ သူ့အတွက် အချိန်များများစားစား မကျန်တော့ဘူး လို့ သဘောပေါက်ချိန်မှာ မြန်မာ ပြည်ကို 
သွားနိုင်တုန်း၊ လမ်းလျှောက်နိုင်တုန်း သွားကာ စုအနားမှာ အချိန် 
နည်းနည်းလေးဖြစ်ဖြစ် နေခွင့်ရအောင် ကြိုးစားခဲ့ပါတယ်။ မြန်မာ့ 
စစ်အစိုးရကတော့ မိုက်ကယ့်ကို ဗီဇာမပေးရုံမကဘဲ စုရဲ့ တယ်လီဖုန်း ကိုတောင် 
ဖြတ်တောက် ပစ်လိုက်ပါတော့တယ်။  ဒီတော့ မိုက်ကယ့်မှာ စုရဲ့ အသံကလေး 
ကိုတောင်မှ မကြားနိုင်ခဲ့တာ နှစ်ကာလများစွာ ပါပဲ။
မိုက်ကယ်က စုကို အင်္ဂလန်က အိမ်ကို 
ပြန်လာဖို့ မပြောခဲ့ပါဘူး။ စုအနေနဲ့ အင်္ဂလန်ကို လာခဲ့ရင် မြန်မာပြည် ကို 
ပြန်လာလို့ ရမှာမဟုတ်ဘူးလို့ မိုက်ကယ်က သဘောပေါက် ခဲ့ပါတယ်။ 
အဲဒီလိုသာဖြစ်ခဲ့ရင် စုက သူ့နိုင်ငံ အတွက် လုပ်ခဲ့တာတွေ အားလုံး 
အလဟဿဖြစ်သွားမှာ ပဲလေ။ မိုက်ကယ့်အနေနဲ့ အဲဒီလို မဖြစ်ရအောင် ဘယ်လို 
ကိစ္စမျိုးကိုမဆို ရင်ဆိုင်သွားခဲ့ ပါတယ်။ စုရဲ့ ခံစားရတဲ့ အခက်အခဲတွေနဲ့ 
ယှဉ်ရင် သူခံရတာတွေက ဘာမှမဟုတ်ဘူး လို့ မိုက်ကယ်က ခံယူပါတယ်။ သူ့ ရဲ့ 
တစ်ခုတည်းသော ဆန္ဒက သူ့ရဲ့ နောက်ဆုံးအချိန်မှာ စုကို တွေ့သွား ချင်တာပါ။ 
ဒီဆန္ဒပြည့်မယ် လို့လည်း မျှော်လင့် ခဲ့ရှာပါတယ်။ သူက မြန်မာ စစ်အစိုးရကို 
ဒုက္ခပေး လိုစိတ် မရှိခဲ့ပါဘူး။  သူ့ကို ချာချီလ်ဆေးရုံ က ဆရာဝန် နှစ်ယောက်က
 အကူလိုက် ပေးမယ်လို့ ကမ်းလှမ်းခဲ့ပေမယ့် မြန်မာ စစ်အစိုးရကတော့ ရက်စက် 
ခဲ့ပါတယ်။
မိုက်ကယ် ဆုံးတာကို လက်ခံ လို့ 
မရခဲ့သူကတော့ ကင်မ်ပါပဲ။ သူ့ကိုယ်သူလည်း မထိမ်းနိုင်ဖြစ် သွားခဲ့ပါတယ်။ 
ဘာကိုမှ လက်ခံလို့ မရတော့တဲ့ပုံစံမျိုးပေါ့။ သူ့ဒေါသ တွေက အန်ထော်နီ့အပေါ် 
ပုံကျသွား လေရဲ့။ အန်ထော်နီရဲ့ ကြည့်ပုံနဲ့ အသံတွေက မိုက်ကယ်ရဲ့ အကြည့်တွေ၊
 အသံတွေနဲ့ ချွတ်စွပ်တူလေတော့ အန်ထော်နီက ဒီမှာရှိနေရက်နဲ့ ဒယ်ဒီက ဘာလို့ 
မရှိရတော့တာလဲ ဆိုပြီးခံစားနေရပါတယ်။ သူ့မှာ အန်ထော်နီ က လွဲပြီး 
စိတ်ဆိုးရမယ့်လူ လည်း မရှိတော့ဘူးလေ။ တကယ် တော့ အဲဒီခံစားမှုတွေဟာ အန်ထော် 
နီ့မှာလည်း ရှိနေတာမို့ သူက ကင်မ် ရဲ့ ဒေါသတွေကို တိတ်တဆိတ်ပဲ 
လက်ခံနေပါတယ်။ ကျွန်မလည်း ကင်မ့်ကို အတတ်နိုင်ဆုံး ချော့မော့ 
နှစ်သိမ့်ဖြစ်ခဲ့ပါတယ်။
ကင်မ်က တည်ငြိမ်စပြုတဲ့ အချိန်မှာ 
ချက်ချင်းဆိုသလို “နိုရီကို၊ ကျွန်တော် ဝယ်ခဲ့ပေးတဲ့ ဗုဒ္ဓရုပ်ပွားတော်လေး 
ရှိနေသေးရဲ့လားလို့ မေးလိုက်ပါတယ်။ ရှိတာပေါ့။ အဲဒါ အန်တီ့အတွက် 
ရတနာပဲလေ” လို့ ဖြေလိုက် ပါတယ်။ တကယ်တော့ ဆယ်နှစ်သားမှာ ကတည်းက မိခင်ရဲ့ 
ဂရုစိုက်မှုကို မရခဲ့တာမို့ သူက အခုလို ဝမ်းနည်းမှုတွေ ကြီးမားနေ ရတာပါ။
တကယ်တော့ ၁၉၉၉ ခုနှစ်၊ မတ် ၂၇ ရက်ဟာ 
မိုက်ကယ်နဲ့ အန်ထော်နီ အမြွှာညီအစ်ကိုရဲ့ ၅၃ နှစ် ပြည့် မွေးနေ့ လည်း ဖြစ် 
ပါတယ်။ ဘယ်လိုများ အကျီစားသန်တဲ့ ကံကြမ္မာ ပါလိမ့်။ သူတို့မိသားစုက နဂိုမူလ 
အစီအစဉ်အတိုင်း မွေးနေ့ အထိမ်း အမှတ်ကိုလည်း ဆက်လုပ်မယ်လို့ 
ဆုံးဖြတ်လိုက်ပါတယ်။ ကိတ်နဲ့ စားသောက် စရာ တွေကိုလည်း မှာထားပြီး သား 
ဖြစ်နေပြီလေ။ တကယ်တော့ စားစရာတွေက လောက်တောင် မလောက်ချင်ပါဘူး။ ကျွန်မ 
ခင်ပွန်းကလည်း ကျွန်မကို မိုက်ကယ့် နောက်ဆုံး အချိန်အတွက် တစ်ခုခု 
လုပ်ပေးဖို့ ငွေကိုမနှမြောကြစတမ်း လို့ပြောလာပါတယ်။ ဒီလိုနဲ့ ကျွန်မ လည်း 
တတ်နိုင်သလောက် တစ်ခုခု လုပ်ပေးမယ် လို့ ဆုံးဖြတ်လိုက်တယ်။
ကင်မ့်သူငယ်ချင်းတွေက ကျွန်မကို 
ဈေးကူဝယ်ပေးကြပါတယ်။ ကျွန်မက ဆူရှီ အလိပ်တစ်ရာစာမက ဈေးဝယ်လိုက်ပါ တယ်။ 
အန်ထော်နီ့ မွေးနေ့ပွဲနဲ့ မိုက်ကယ့်ဝိညာဉ်အတွက် ကျင်းပတဲ့ပွဲ ဆိုပါတော့။ 
မိုက်ကယ့် မိသားစု နဲ့ ဆွေမျိုးတွေက စားပွဲမှာ ဝိုင်းထိုင်လိုက်ကြပါတယ်။ 
ပါတီကို အလက်ဇန္ဒားက မဟုတ်ဘဲ ကင်မ် က ဦးဆောင် တာပါ။ “ဒီနေရာမှာ 
ကျွန်တော်တို့အားလုံးဟာ မိသားစု ဝင်တွေပါ။ နိုရီကိုတစ်ယောက်ပဲ သွေးသား 
မတော်စပ် ပေမယ့် သူက ကျွန်တော်တို့နဲ့ နက်နက်ရှိုင်းရှိုင်း ပတ်သက်နေတဲ့ 
မိသားစုဝင်တစ်ယောက် ပါပဲ”လို့ ကင်မ်က ပြောလိုက်ပါတယ်။ စိတ်ထဲမှာတော့ကျွန်မက
 ကျွန်မဟာ စုနဲ့မိုက်ကယ်တို့ရဲ့ ကံကြမ္မာအတိုင်း တော်စပ်ရတဲ့ မိသားစုတွေပါပဲ
 လို့ တွေးပြောပြောနေ မိတာပေါ့။
ဘယ်သူကမှ စကားမပြောတမ်း ဆူရှီကို 
အားပေးကြပါတယ်။ သနားစရာကောင်းတာက သူတို့အားလုံးဟာ မိုက်ကယ် ဆေးရုံ စတက်ရတဲ့
 လွန်ခဲ့တဲ့ နှစ်လလုံးလုံး ညစာရယ်လို့ ပီပီပြင်ပြင် မစားခဲ့ကြရရှာပါဘူး။ 
စိတ်လှုပ်ရှားမှုတွေ နဲ့ ပြည့်နှက်နေတဲ့ ပတ်ဝန်းကျင်လေးဟာ ခု 
တော့တည်ငြိမ်စလည်း ပြုလာပါပြီ။
မိုက်ကယ့်ခယ်မက ကျွန်မကို “မိုက်ကယ့်ကို 
ကျွန်မက ရှင်ဘာစားချင်လဲလို့မေးခဲ့ဖူးပါတယ်။ ပထမတော့ သူက 
အသားညှပ်ပေါင်မုန့်လို့ ပြောပြီး နောက် မဟုတ်ဘူး၊ ဆူရှီ စားချင်တာလို့ 
ဖြေခဲ့တာပါ”လို့ ပြော ပြပါတယ်။
မိုက်ကယ်ရယ် ရှင့်ကို ကျွန်မ လက်ရာ ဆူရှီလေးတစ်ကိုက်ဖြစ်ဖြစ် ကျွေးချင်နေခဲ့တာပါရှင်။
ဂွဒ်ဘိုင်မိုက်ကယ်
မိုက်ကယ်က ၂၇ ရက်မှာ
 ဆုံးပြီး ၂၈ ရက်မှာတော့ သူ့အလောင်းကို ချာချီလ်ဆေးရုံကို သယ်သွားခဲ့ 
ကြပါတယ်။ ၂၉-၃၀ မှာတော့ ကျန်ရစ်သူများလို့ အမည်ပေး ထားတဲ့ ကျောင်းထဲမှာ 
ပြင်ဆင် ထားရှိခဲ့ပါတယ်။ သူ့ကို ဂွဒ်ဘိုင်လို့ နှုတ်ဆက် ချင်သူတွေ 
နှုတ်ဆက်နိုင်အောင်ပေါ့။ ကျွန်မက ကျန်ရစ်သူများ ကျောင်း ဆိုတာ 
ဘုရားရှိခိုးကျောင်း လို့ ထင်ပေမယ့် အဲဒါက ရေခဲတိုက်ပါ။ ဝင်္ကပါလို 
အခန်းလေးတွေ အများကြီးရှိနေကာ မိုက်ကယ့်ကိုတော့  ဟိုးအနောက်က အခန်းလေး 
ထဲမှာ ထားပေးထားပါတယ်။ သူက အိပ်ပျော်နေသလိုမျိုး လဲလျောင်းနေတာမို့ 
သူ့မျက်နှာကိုကြည့်ရင်း မိုက်ကယ် ဟာ ရုပ်ဖြောင့်သူပဲလို့ ဖျတ်ခနဲ တွေး 
လိုက်မိပါတယ်။
မတ် ၃၁ ရက်မှာတော့ မိုက်ကယ့် အသုဘ 
အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ အဲဒီနေ့က အောက်စ်ဖို့ဒ် ရဲ့ ကောင်းကင်ကြီးက 
ပြာပြီး ကြည်လင်နေလေရဲ့။ ပါးကို တို့ထိ လာတဲ့ လေကလည်း နွေးနေသလိုပါပဲ။ 
စုနဲ့ မိုက်ကယ် ရဲ့ မွေးစားသမီးလို ဖြစ်နေတဲ့ ဂါနာသူ ရှေ့နေ အမျိုးသမီး 
တစ်ယောက်ရယ်၊ မိုက်ကယ့်ကို ပြုစုပေး ခဲ့ဖူးတဲ့ မြန်မာ အမျိုးသမီး 
တစ်ယောက်ရယ်၊ အန်ထော်နီ့ ဇနီးရယ်နဲ့ ကျွန်မတို့က အင်္ဂလန်ထုံးစံအရ အသုဘ 
ရှုလာမယ့် ပရိသတ်ကို မနက်စာကျွေးဖို့ မနက် ၈နာရီခွဲကတည်းက စပြင်ဆင်ကြပါတယ်။ 
သူတို့သုံးယောက် သားက အသားညှပ်ပေါင်မုန့် ကို ပြင်ဆင်ကာ ကျွန်မကတော့ 
ဂျပန်စာ ဆန်မုန့် အိုနီဂီရီကို ပြင်ဆင်ပါတယ်။ အင်္ဂလန်မှာ အဲဒီလိုမနက်စာ 
အတွက် မှာလို့ မလွယ်ဘူးလေ။
နေ့လယ် ၃ နာရီမှာတော့ ရေခဲ တိုက်က 
အသုဘယာဉ်က မိုက်ကယ့် အခေါင်းကို တင်ဆောင်ကာ အိမ်ကို ရောက်လာ ပါတယ်။ 
မိုက်ကယ့်ကိုတော့ အိမ်ထဲကို မခေါ်လာခဲ့ပါ ဘူး။ မိုက်ကယ့် တပည့်ဖြစ်တဲ့ 
ဘူတန်သား ကာမဖွန်ဆိုက အခေါင်းထိပ်မှာ ဘူတန်ရိုးရာဝတ်စုံ ဝတ်ပြီး 
ထိုင်နေပါတယ်။ အသုဘယာဉ်ရဲ့ နောက်မှာတော့ မိသားစုနဲ့ ဆွေမျိုးတွေ လိုက်ပါတဲ့
 ကားနက်နှစ်စီးက လိုက်ပါလာပါတယ်။ အဲဒီနောက်က  မြန်မာမလေး မောင်းတဲ့ 
ကားပေါ်မှာ တော့ ကျွန်မနဲ့ ဂါနာရှေ့နေ အမျိုးသမီးတို့ လိုက်ပါတယ်။ 
ကျွန်မတို့ ကားနောက်မှာ တော့ နောက်ထပ် ကားတွေ တသီတတန်းကြီး ပါပဲ။ ရှေ့က 
ကားက တဖြည်းဖြည်းသွားနေကာ မထင်မှတ်ဘဲ ပါ့ခ်တောင်းအိမ် အဝိုင်းကို 
တစ်ပတ်ပြီးတစ်ပတ် ပတ် ပေးပါတယ်။ စု၊ မိုက်ကယ်နဲ့ ကလေးတွေအတွက် အမှတ်တရအိမ် 
နေရာလေးမို့လို့ပေါ့။ အသုဘယာဉ် က အိမ်နေရာ တည့်တည့်လည်း ရောက်ရော အသံရှည် 
ဟွန်းကို အကျယ်ကြီးကို တီးလိုက်ပါတယ်။
မသီတာ(စမ်းချောင်း) 
ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၃၃)
အသုဘ ယာဉ်တန်းဟာ လူနေ အိမ်ရပ်ကွက်တွေကို 
ကျော်ကာ မြို့လည်ကို ကျောခိုင်းပြီး တောင်ကုန်း ဘက်ဆီ ဦးတည်လိုက်ပါတယ်။ 
ကျွန်မတို့ကားတန်းကြီးက သချိုင်းမြေကို ရောက်ပြီလေ။ လူ အတော် များများက 
အဲဒီမှာ ကြိုတင် ပြီးရောက်နေကြပါပြီ။
“ရှင်က နိုရီကိုလား” လို့ ဂျပန် အမျိုးသမီး
 ပိန်ပိန်ရှည်ရှည်တစ် ယောက်က ကျွန်မကို မေးလာခဲ့ပါတယ်။ “ကျွန်မနာမည်က မစ်ဆူ
 ကိုယူချီဒါလို့ ခေါ်ပါတယ်။ ရှင့် အကြောင်းကို စုဆီကနေ ကြားခဲ့ 
ဖူးပါတယ်”လို့ ဆက်ပြောလိုက်ပါ တယ်။ တွေ့တွေ့ချင်းမှာပဲ သူက ကမ္ဘာကျော် 
စန္ဒယားပညာရှင် မတ်ဆူကိုဆိုတာ ကျွန်မက တန်းပြီး သိပါတယ်။ သူ့ဘေးမှာ 
သူ့အမျိုးသား ဖြစ်တဲ့ အင်္ဂလိပ်လူမျိုး သံတမန်ကလည်း ပါလာပါတယ်။ သူတို့ 
အပြောအရ စုရဲ့ ပထမဆုံး နေအိမ် အကျယ်ချုပ် ကာလတွေမှာ အင်္ဂလန်သံတမန်တွေက 
စုရဲ့စန္ဒယား လက်သံ ကို နားစွင့်ပြီး စုနေကောင်း၊ မကောင်းကို  
အင်္ဂလန်သံရုံးထံ အကြောင်းကြားခဲ့ကြတယ်လို့ သိရပါတယ်။ မတ်ဆူကို က ကျွန်မရဲ့ 
ညာဘက် လက်မောင်းဟာ ကင်ဆာ ခွဲစိတ်မှု အပြီး နောက်ဆက်တွဲ ပြဿနာကြောင့် 
အကြီးကြီး ဖြစ်ပြီး ဖောင်းတင်းနေတာကို သတိထားမိသွားပါတယ်။ “ကျွန်မကျတော့ 
ခွဲပြီးတာနဲ့ လေ့ကျင့်ခန်း လုပ် လို့ထင်တယ်၊ ရှင့်လို မဖြစ်ခဲ့ဘူး” လို့ 
ဆိုပါတယ်။ ကျွန်မတို့ လူချင်း မသိခဲ့ကြပေမယ့် သူက ကျွန်မရဲ့ ကင်ဆာ 
အကြောင်းသိနေပုံပါ။ မိုက်ကယ့် အသုဘမှာ တက်ရောက်လာသူတွေ ထဲမှာတော့ သူနဲ့ 
ကျွန်မ နှစ်ယောက်ထဲပဲ ဂျပန်အမျိုးသမီးရယ်လို့ ပါပါတယ်။
အသုဘ အခမ်းအနား ကျင်းပတဲ့ခန်းမဟာ 
သီရေတာခန်းမလို ဖြစ်ကာ ပွဲကြည့်စင် ဝရန်တာမျိုးလည်း ရှိနေ ပါတယ်။ မိုက်ကယ့်
 အခေါင်းကို ခန်းမရဲ့ အလယ်စင်မှာ တင်ထားပါ တယ်။ အခေါင်းရဲ့ ဘယ်ဘက်မှာ ဘူတန်
 ဘုန်းကြီး၊ တိဘက်ဘုန်းကြီး၊ စကော့တလန်ဘုန်းကြီးနဲ့ အင်္ဂလိပ် ဘုန်းကြီးတွေ 
ရှိနေကြပြီး ညာဘက် မှာတော့ ဘန်နက်ဒစ်ဘုန်းကြီးနှစ်ပါး ရှိနေပါတယ်။ 
အဲဒီရှေ့ကနေရာလေး မှာ အန်ထော်နီက စတင်ကာ တက် ရောက်လာသူတွေ ကို စကားပြောပါ 
တယ်။ သူ ပြောပုံကို နားထောင်ရတာ တက်ရောက်လာသူတွေထက် မိုက်ကယ့်ကို ပြောပြနေ 
သလို ပြောနေတာ ဖြစ်ပါတယ်။
“မိုက်ကယ်က သူ့ဈာပန အတွက် ဘာဆိုဘာမှ 
မညွှန်ကြားခဲ့ပါဘူး။ ကျွန်တော်က သူ့သားတွေနဲ့ တိုင်ပင်ခဲ့ပြီး ၃ ရက်ကြာအောင်
 စဉ်းစားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဒီ ဈာပနကို ဘာသာရေး အခမ်းအနားမျိုးကို 
လွန်ပြီး ကျင်းပဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အကြောင်းရင်းကတော့ မိုက်ကယ်ဟာ 
သူ့ရဲ့နိုင်ငံရေးကိုရော ဘာသာရေးကိုပါ အမည်တံဆိပ် တပ်တာကို သဘောမကျပါဘူး။ 
သူဟာ ဗုဒဘာသာဝင်၊ ကက်သလစ်ဘာသာဝင်၊ ကနေဒါသား၊ အင်္ဂလန်သား စသဖြင့် 
နာမည်တပ်တာမျိုးကိုပေါ့။ သူ့ဘဝဟာ တကယ့်ကို ခက်ခဲခဲ့တာမို့ ဘာလို့များ အဲဒီ 
အခက်အခဲကို ကျော်လွှားနိုင်ခဲ့ တာလဲလို့ မေးခဲ့တုန်းက  မိုက်ကယ်ဟာ 
သတ္တဝါအားလုံး ကို ကယ်တင် ကူညီချင်တယ် ဆိုတာ မျိုး ဖြေခဲ့ဖူးပါတယ်။ 
ကျွန်တော့် အတွက်ကတော့ သူဟာဒုက္ခတွေကိုလည်း ခံနိုင်ရည် ရှိနေတော့ ဗုဒ္ဓ 
ဘာသာဝင် တစ်ယောက်လို့ပဲ ဆိုရမှာပါ။ ကျွန်တော်မိုက်ကယ့်ကို 
ကတိပေးခဲ့ဖူးပါတယ်။ သူ့ကလေး နှစ်ယောက်ကို စောင့်ရှောက်သွားမှာဖြစ် ပြီး 
သူ့ရဲ့မပြီးဆုံးခဲ့တဲ့ အလုပ်တွေ ကိုလည်း လုပ်သွားမယ် လို့ပေါ့။ သူ စိတ်ပူတာ
 တစ်ခုကတော့ ကျွန်တော်တို့ရဲ့ အမေအိုကြီးပါပဲ။ ဒါပေမယ့် အမေက ငါ့ကို 
စိတ်မပူစမ်း ပါနဲ့။ မိုက်ကယ်က ငါ့ကို အပိုအဆောင် ပစ္စည်းလေး 
ချန်ထားခဲ့သားပဲလို့ ပြန်ဖြေပါတယ်။ အဲဒီအပိုအဆောင် ပစ္စည်းက ကျွန်တော်လေ” 
လို့ သူက ပြောခဲ့ပါတယ်။ အန်ထော်နီက အားလုံးကို ပြုံးပြနိုင်ခဲ့ပါတယ်။ မိုက်
 ကယ်ရဲ့ လွတ်လပ်တဲ့ အတွေးအခေါ်ကပဲ အန်ထော်နီ့ကို ဈာပနမှာ ဘာသာရေး တစ်ခုခုရဲ့
 အခမ်းအနားမျိုး မဖြစ်အောင် လုပ်ဆောင်နိုင်စေခဲ့ပါ တယ်။
နောက်တော့ ဘန်နစ်ဒစ် ဘုန်းကြီးတွေက 
ဘာသာရေးအရ ဆုတောင်းပေးပါတယ်။ တကယ်တော့ အဲဒီထဲက ဘုန်းကြီး တစ်ပါးဟာ 
မိုက်ကယ့် အချစ်ဆုံး သူငယ်ချင်းပါ။
တတိယ အစီအစဉ်မှာတော့ သူ့ သားတွေက 
စကားပြောရမှာ ဖြစ်ပါတယ်။ အလက်ဇန္ဒားက သူ့အဖေနဲ့ သူ ကနေဒါနိုင်ငံ၊ 
မွန်ထရီရယ်မြို့မှာ ဘယ်လိုပျော်ရွှင်ခဲ့ဖူးတဲ့အကြောင်း 
ပြန်ပြောင်းပြောပြခဲ့ပါတယ်။ အဲဒီ ခရီးက လွန်ခဲ့တဲ့ သုံးလကမှ ဖြစ်ခဲ့ တာလေ။ 
 အဲဒီအချိန်မှာ မိုက်ကယ်ဟာ သူ့မှာ ကင်ဆာရှိနေတာကို မသိခဲ့ဘဲ 
ခါးကိုက်တယ်လို့ပဲ ဆိုခဲ့ပါတယ်။ “ဒယ်ဒီက သူ့ရဲ့ကိုယ်ပိုင် 
သည်းညည်းခံစိတ်နဲ့ပဲ ခါးကိုက်နာကို ထူးမခြားနားလို   သဘောထား ခဲ့ပါတယ်။ 
အဲဒီ သည်းညည်းခံ စိတ်ကပဲ ဝန်ထုပ်ဝန်ပိုးတွေနဲ့ တာဝန် ဖိစီးမှုတွေကို 
မဖြစ်စေအောင် လုပ်ပေးခဲ့နိုင်တာလေ”လို့ သူ့အဖေအ ကြောင်း 
ကိုပြောကြားသွားခဲ့ပါတယ်။
အလက်ဇန္ဒားက တည်ငြိမ်နေတဲ့ လေသံနဲ့ 
ပြောခဲ့တာဖြစ်ပြီး တိုတိုတုတ်တုတ် ပေမယ့် သူ့အဖေ အကြောင်းကို နားထောင်သူတွေ
 စာနာ သွားအောင် ပြောသွားနိုင်ခဲ့ပါတယ်။
မိုက်ကယ်ဟာ ကနေဒါကို ပထမဆုံးအကြိမ် 
ရောက်ခဲ့တဲ့အခိုက် မှာတောင် သမိုင်းပညာရှင် တစ်ယောက်ရဲ့ အမြင်နဲ့ 
သူ့မိသားစု အရင်းအမြစ် သမိုင်းကို ရှာဖွေခဲ့သေးတယ်လို့ သိလိုက်ရပါတယ်။ 
“ဒယ်ဒီက ကျွန်တော့်ကို မိသားစု ဘဝအကြောင်း ပြောပြခဲ့ပါတယ်။ မြန်မာလူထုရဲ့ 
ဒုက္ခတွေအကြောင်း၊ တိဘက်နဲ့ ဟိမဝန္တာ လေ့လာရေး အတွက် အစီအစဉ်နဲ့ 
မျှော်လင့်ချက်တွေ အကြောင်း အားလုံးကိုပြောပြခဲ့ပါတယ်။ ဒယ်ဒီဟာ သူ့ဘဝ 
တလျှောက်လုံး လူတွေ အတွက်လိုက်ပေးဆပ်နေသူပါ။ ခုလို ရုတ်တရက်ကြီး ကွယ်လွန် 
သွားတာတောင် သူဟာကျွန်တော်တို့ကို အများကြီး ပေးဆပ်သွားပါသေးတယ်။ ဒယ်ဒီရေ 
သားတို့ကတော့ ဒယ်ဒီ အမြဲတမ်းပေးအပ်ခဲ့တဲ့ မေတ္တာတွေ အားလုံးကို 
ကျွန်တော်တို့ရဲ့ မှတ်ဥာဏ်ထဲမှာ အမြဲထာဝရ သိမ်း ဆည်း ယူငင်ပြီး ဒယ်ဒီ 
ကျွန်တော်တို့နဲ့အတူ ရှိနေမယ်လို့ မျှော်လင့် ပါတယ်”  တဲ့။
မနေ့တုန်းက အန်ထော်နီက သူ့ကို ဒီနေ့မှာ 
စကားပြောပေးဖို့ ပြောခဲ့တုန်းက အလက်ဇန္ဒားက သူ့ အခန်းထဲမှာ တံခါးပိတ်ပြီး 
သွားနေ နေခဲ့ပါသေးတယ်။ သူပြန်ထွက်လာတော့ ကျေနပ်နေပုံနဲ့ပေါ့။ “ပြောရမယ့် 
စကားတွေ ရေးပြီး သွားပြီပေါ့” ဆိုတော့ “ဟုတ်ကဲ့”တဲ့။ သူ့မှာသာ 
စိတ်ပိုင်းဆိုင်ရာအရ အကျဉ်းအကြပ်ထဲ မရောက်ခဲ့ရရင် သူဟာ သူ့မိဘတွေလိုပဲ 
ပညာရှင် တစ်ယောက်အဖြစ် ကောင်းကောင်းကြီး ရပ်တည်နေနိုင် မှာပါ။
ဒီတစ်ခါတော့ ကင်မ့်အလှည့် ရောက်လာပါပြီ။ 
ဒါပေမယ့် ဘယ်သူကမှ သူက စကားပြောလိမ့်မယ် လို့ မထင် ထားခဲ့ပါဘူး။ သူ့အတွက် 
ဒယ်ဒီဟာ သံမဏိလူသားတစ် ယောက်မို့ ဒယ်ဒီဆုံးတာကို သူကမှ မယုံနိုင်ဘဲ လေ။ 
မိုက်ကယ်ဟာ လွန် ခဲ့တဲ့ နှစ်ပတ်ကမှ တုတ်ကောက်နဲ့ 
ဈေးဝယ်သွားနိုင်ခဲ့သေးတာပါ။ သူက မြန်မာပြည် ဝင်ခွင့်ဗီဇာ ရပြီး စုကို 
သွားတွေ့နိုင်မယ်လို့ မျှော်လင့် ခဲ့သေးတာပေါ့။  အဲဒီအချိန်ထိ သူက အနာကို 
သည်းခံနေ ခဲ့တယ်လေ။ ဗီဇာ မရနိုင်တော့ဘူးဆိုတာ ကိုသိပြီးနောက်၊ 
သူ့မျှော်လင့်ချက် တွေလည်း ပြိုကွဲသွားပြီး နောက်မှာ တော့ မိုက်ကယ်ဟာ 
အသက်ဆက် ရှင်ချင်စိတ်ပါ ကုန်ခမ်းသွားခဲ့ပါ တော့တယ်။ အဲဒီအခါကျမှ သူ 
ဆေးရုံပေါ် ရောက်သွားတာပါ။
ကင်မ့်အတွက် မိုက်ကယ်ဟာ အလုံးစုံသော 
မျှော်လင့်ချက် ဖြစ်ခဲ့တာမို့ ဘယ်လိုမှ သည်းမခံနိုင်ရှာပါဘူး။ နေ့ဘက်တွေမှာ
 ကင်မ်ဟာ မိုက်ကယ့်ကို ပြုစုပေးရင်း ဆက်လက် ရှင်သန်နေလိုစိတ်တွေ တိုးပွား 
လာအောင် တတ်နိုင်သလောက် လုပ်ခဲ့ရှာပါတယ်။ “ဒယ်ဒီ ရှင်စမ်းပါ။ 
ရှင်ချင်စိတ်လေး ထားပါဗျာ” လို့ တဖွဖွပြောနေ ခဲ့ပါတယ်။ ကင်မ်ဟာ 
မိုက်ကယ့်ကို ကုတင်ပေါ်က ဆွဲချပြီး မတ်မတ်ရပ်နိုင်အောင်လည်း 
ကြိုးစားခဲ့ဖူးပါတယ်။ “ရှင်အောင်နေ” လို့ တဖွဖွပြောပြီး မိုက်ကယ့်ကို 
လမ်းလျှောက်ဖြစ်အောင် တွန်းအားတွေ ပေးခဲ့ဖူးပါတယ်။ ဒီ ဈာပနနေ့ မနက်မှာတောင်
 ကင်မ်က မိုက်ကယ်ဆုံးတာကို လက်မခံခဲ့ပါ ဘူး။ အန်ထော်နီ့ကို ဒေါသတွေနဲ့ 
“ဘာလို့ ဒယ်ဒီ့ကျမှဖြစ်ရလဲ။ ဒယ်ဒီက ဘာအမှားတွေ လုပ်ခဲ့လို့လဲ” လို့ 
မေးနေခဲ့တာ ဖြစ်ပါတယ်။
မသီတာ(စမ်းချောင်း) 
ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၃၄)
ကင်မ်က စိတ်တွေ အရမ်းကို 
လှုပ်ရှားနေခဲ့တာပါ။ ဘယ်သူကမှ သူ့အဖေအတွက် နောက်ဆုံးပွဲမှာ စကားထပြောမယ်လို့
 မထင်ထားခဲ့ ကြပါဘူး။ ကင်မ်က ဘာစာရွက် စာတမ်းမှ မကိုင်ဘဲ စကားထပြော 
တော့တာပါ။ “ကျွန်တော် ဘာမှ သိပ်မပြောတော့ပါဘူး။ အားလုံးက အကုန်လုံး 
ပြောပြီးနေမှပဲလေ။  ကျွန်တော့် အဖေက ဖခင်ကောင်း၊ ခင်ပွန်းကောင်း 
တစ်ယောက်ပါပဲ။  သူက အစားစားရတာရော၊ လမ်းလျှောက်ရတာရော သဘောကျပါတယ်။ 
ကျွန်တော် ပြောချင်တာ ကတော့ ဒီနှစ်လလောက် အတွင်းမှာ အဖေ့ကို ကျွန်တော် 
ပြုစု ခဲ့ပါတယ်။ သူ့ကို ပြုစုပေးရတာဟာ ကျွန်တော့် ကိုယ်ကျွန်တော်လည်း 
ပြုစုရာ ရောက်သွားတာပါပဲ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်ကိုယ်တိုင် 
အဲဒီတချိန်လုံးမှာ နေ မကောင်းသလို ခံစားခဲ့ရလို့ပါ။ တကယ်လည်း သူ့ကို ပြုစု 
တာ ကိုယ့်ကိုယ်ကိုယ် ပြုစုတာပါပဲ။ နောက်ဆုံးတော့ အဖေက ကျွန်တော် 
လုပ်ချင်သလို လုပ်ပေးခဲ့ပြီးပါပြီ။ အဲဒါ ကတော့ စိတ်လျော့လိုက်ခြင်းပါပဲ။ 
လျော့မယ့် လျော့တော့လည်း သူက တစ်ခါတည်းကို လျော့ချပစ်လိုက် တာလေ။ ပြီးတော့ 
ကျွန်တော်လည်း သူ ကျွန်တော့်ဆီက ရှာနေတဲ့ လူပေလူတေ ဘဝကနေ လွတ်မြောက်မှုကို 
လုပ်နိုင်စွမ်းခဲ့ပါပြီ” လို့ ကင်မ်က ပြောလိုက်ပါတယ်။
ကင်မ့်စကား အဆုံးမှာတော့ ဗုဒ္ဓဘာသာ 
ဘုန်းတော်ကြီးတွေရဲ့ သုတ္တန်ရွတ်ဆိုမှု၊  ဒေါက်တာပီတာကာရေးရဲ့ အမှတ်တရ 
စကားပြောဆိုမှု၊ ဘူတန် ဘုန်းတော်ကြီး၊ တိဘက်ဘုန်းတော်ကြီး၊ စကော့တလန် 
ဘုန်းတော်ကြီးနဲ့ အင်္ဂလိပ် ဘုန်းတော်ကြီး တို့ရဲ့ ရွတ်ဆိုဆုတောင်းမှုတွေ 
လုပ်ကြပါတယ်။ နောက်ဆုံး မှာတော့ ဘူတန် ဗုဒ္ဓဘာသာ ဘုန်းကြီးလည်း ဖြစ်၊ 
မိုက်ကယ့်ဖိတ်ကြားမှုနဲ့ အောက်စ်ဖို့ဒ်မှာ ကျောင်း လာတက်နေသူလည်း ဖြစ်တဲ့ 
ကာမဖွန်ဆို က သူ့ရဲ့ အသံဩကြီးနဲ့ “ဥုံ မဏိပဒမေဟုံ” အစချီကာ ဘုရားစာတွေကို 
ရွတ်ပေးခဲ့ပါ တယ်။ သူက မိုက်ကယ် နာမကျန်းစဉ် ကာလအတွင်း ညတိုင်းမအိပ်မနေ 
ပြုစုခဲ့တာ ဆိုတော့ အခုနေ ဘယ်လို များ ခံစား နေရမှာပါလိမ့်လို့ တွေးမိတော့ 
ကျွန်မလည်း မျက်ရည် မတိတ်နိုင်တော့ပါဘူး။
အရာအားလုံးက ပြီးဆုံးသွားခဲ့ပါပြီ။ 
ကန့်လန့်ကာလည်း ကျသွားခဲ့ပါပြီ။ အာရှသားတွေထက် အာရှကို ပိုချစ်တဲ့ 
အင်္ဂလိပ်ဟာ မိုက်ကယ်ပါပဲ။ အာရှယဉ်ကျေးမှုနဲ့ အစားအစာတွေကို ချစ်တယ်။ အာရှသူ 
စုကို ချစ်တယ်။ သူ့ဈာပန ပြီးခဲ့ပါပြီ။ တက်ရောက်လာသူတွေက စင်္ကြန်လမ်းဘက် 
ပြန်ထွက်ခဲ့ကြပါတယ်။ အဲဒီဘက်မှာတော့ ပန်းတွေနဲ့ မိုက်ကယ် ရဲ့ နောက်ဆုံး 
ခရီးကို ဆင်ယင် ခြယ်သထားလေရဲ့။ မြက်ခင်းပြင်ကလည်း အေးချမ်း ငြိမ်သက်လှ 
ပနေပါတယ်။ တစ်ဘက် မှာတော့ မြေသား သက်သက်သာ ရှိနေပြီး ကမ္ဘာမြေပေါ် ယာယီ 
ရောက်လာသူတွေ အတွက် လှဲလျောင်းရာနေရာပေါ့။
စင်္ကြန်လမ်းရဲ့ အလယ်မှာတော့ 
ဒီဘက်မြက်ခင်းအခြမ်းနဲ့ ဟိုဘက် မြေသားအခြမ်းကို စည်းသားထား သလို အပေါက်လည်း
 လုပ်ပေးထားပါတယ်။ လူတွေက ပန်းခွေတွေ ကိုင်ကာ တန်းစီနေလေတော့ အပေါ်စီးက 
ကြည့်ရင် လက်ဝါးကပ်တိုင်လိုမျိုးတောင် မြင်နိုင်မှာပါ။ 
လူတန်းကြီးအဆုံးမှာတော့ လက်မှတ် ထိုးစရာ နေရာ လည်း ရှိနေပါတယ်။ 
တချို့သူတွေကတော့ အရေးတကြီး သွားစရာတွေ ရှိတာမို့ ဝမ်းနည်းမှတ်တမ်းမှာ 
လက်မှတ်ထိုးပြီး ပြန်သွားကြပါတယ်။
လက်မှတ်ထိုးခါနီးမှာတော့ ကျွန်မရော 
မိတ်ဆွေဒေါက်တာစန်း စန်းဝင်းရောက ခြေလှမ်းတွေ ရပ် သွားမိ ပါတယ်။ 
လက်မှတ်ထိုး စင်လေး နားမှာ ချထားတဲ့ မိသားစု လွမ်းသူ့ပန်းခြင်းထဲက စက္ကူဖြူ 
တစ်စကို သတိထားမိသွားလို့ပါ။ အသံထွက်ပြီး ဖတ်လိုက်တော့ “မိုက်ကီ၊ 
ကျွန်မတို့ရဲ့ အချစ်ကို ဘယ်အရာကမှ  မဖယ်ရှားနိုင်ပါဘူး။ စု” ပါတဲ့။ 
စန်းစန်းနဲ့ ကျွန်မလည်း တစ်ယောက်ကို တစ်ယောက် ဖက်ကာ ငိုမိကြပါ တော့တယ်။ 
စုရဲ့ ကံကြမ္မာက မိုက်ကယ့် နောက်ဆုံးခရီးကို ကိုယ်တိုင် လိုက်ပို့ခွင့်တောင်
 မရလိုက်တဲ့ ကံကြမ္မာမို့ ဝမ်းနည်းမိကြတာပါ။
ကျွန်မမှာ ဒီလိုခင်ပွန်းကောင်း ရထားလို့ ပျော်ရွှင်ခဲ့ရပါတယ်။
မိုက်ကယ့် အခြေအနေ မကောင်းတော့ဘူးလို့ 
သိရပြီးတဲ့နောက် ကျွန်မက အင်္ဂလန်မှာ ၁၉၉၉ခုနှစ် မတ် ၂၆ ရက်ကနေ ဧပြီ ၁၀ ရက် 
အထိ နေဖြစ်ခဲ့ပါတယ်။ ကျွန်မက ဟိုတယ်မှာ ရှိနေခဲ့တာမို့ ခင်ပွန်း သည်က 
ဟိုတယ် ကို ဖက်စ်နဲ့ လှမ်း ပြီး စာပို့တတ်ပါတယ်။ တစ်မနက် မှာတော့ အဆာဟိနဲ့ 
မီနိချိသတင်း စာဖြတ်ပိုင်းတွေကို ပို့ပေးရင်း နောက်ကျောမှာ 
စာတိုလေးတစ်စောင် ရေးပေးလာပါတယ်။ သူ့စာက “စုရဲ့ စကားလေးက ကျွန်မမှာ 
ဒီလိုခင်ပွန်းကောင်း ရထားလို့ ပျော်ရွှင် ခဲ့ရပါတယ်တဲ့။ မျက်ရည်တောင် 
မဆည်နိုင်ဘူးကွာ” လို့ ဖြစ်ပါသတဲ့။
မိုက်ကယ့် နောက်ဆုံးရက်တွေ ဟာ စုအတွက် 
သိပ်ကို ခက်ခဲတဲ့ ရက်တွေ ဖြစ်ခဲ့မှာပါ။ သူ့အိမ်က ဖုန်းလိုင်း လည်း 
အဖြတ်ခံထားရတာမို့ မိသားစုနဲ့ ဖုန်းမပြောနိုင်ခဲ့ပါဘူး။ ဒါကြောင့် 
ရန်ကုန်မှာ ရှိတဲ့ အင်္ဂလိပ် မိတ်ဆွေ တွေကပဲ အဂ်လန်မနက် ၁၀ 
နာရီအချိန်တိုင်းမှာ သူတို့ဆီက တဆင့် ဖုန်းပြောနိုင်အောင် ကူညီ ပေးခဲ့ကြ 
ပါတယ်။
စစ်အစိုးရကတော့ စုကို အင်္ဂလန်ပြန်ဖို့ 
တိုက်တွန်းခဲ့လေရဲ့။ သူ့သားတွေကလည်း စုကို ပြန်လာစေချင် ပါတယ်။ 
သူ့နားကလူတွေကတော့ မိုက်ကယ့် အခြေအနေကို သိပေမယ့် သူ့ကို ပြည်ပ မထွက်စေချင်
 ခဲ့ပါဘူး။ သူသာ မြန်မာပြည်က ထွက်သွားရင် ပြန်ဝင်ခွင့်ရဖို့ မလွယ်ဘူးလို့ 
လူတိုင်းက သိနေကြပါတယ်။ စုဟာ အခု အချိန်မှာ မြန်မာ့ ဒီမိုကရေစီ ပြယုဂ် 
ဖြစ်နေပြီလေ။ သူသာ မရှိရင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ လည်း 
အဆင်မပြေနိုင်ဘူးလေ။
၁၉၉၉ ခုနှစ်၊ ဧပြီလ ၄ ရက် မှာတော့ 
ဘီဘီစီရဲ့ အရှေ့တောင်အာရှ သတင်းထောက် မစ္စတာမတ်ဖရိုင်း  က ဆန်းဒေး 
တယ်လီဂရပ်ဖ် သတင်းစာအတွက် စုနဲ့ အင်တာဗျုးကို အထူးကဏ္ဍ အဖြစ် 
ရေးသားဖော်ပြခဲ့ပါတယ်။ သူ ရေးထားတာက သူ့ ရဲ့ အင်တာဗျုးကို စု ဖြေရတဲ့ 
အကြောင်းရင်းဟာ သူ့မိသားစု အကြောင်း ကို ပြောပြချင် လို့ မဟုတ်ဘဲ 
မြန်မာပြည်က သာမန်လူတွေရဲ့ စစ်အစိုးရလက်အောက်က ဘဝတွေ ဘယ်လောက် ခက်ခဲတယ် 
ဆိုတာ သက်သေပြချင်လို့လို့ ဖြစ်ပါတယ်။ 
“ကျွန်မက လူတွေကို ကိုယ့်မိသားစု 
အတွင်းရေးအကြောင်း မပြောပြ လိုပါဘူး။ မြန်မာပြည်မှာ ထောင်နဲ့ သောင်းနဲ့ 
ချီတဲ့လူတွေဟာ အခုလို  အရွေးရ ခက်တဲ့ ပြဿနာတွေအများ ကြီးကို 
ရင်ဆိုင်နေရမှာပါ။ ကျွန်မရဲ့ ပြဿနာထက် သည်းတဲ့ ပြဿနာတွေက ပိုလို့တောင် 
များနေပါသေး တယ်။ ဒါကြောင့် ကျွန်မရဲ့ အဖြစ်က သာမန်အဖြစ်ထက် ဘာမှ 
မပိုပါဘူး” တဲ့။ တကယ်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အမျိုးသမီး 
တစ်ယောက်ဟာ သူ့ခင်ပွန်း အသုဘကို တစ်နိုင်ငံ တည်း၊ တစ်မြို့တည်းမှာ 
ထောင်ကျနေတာတောင် မပို့ခဲ့ရပါဘူး။ အဲဒီလို အဖြစ်မျိုးတွေကို သိနေတဲ့ စုဟာ 
ပြည်ပကို ထွက်ဖို့ဆိုတာ မတွေးနိုင်ဘူးပေါ့။  မြန်မာပြည်မှာ စစ်တပ်က လွဲရင် 
ကျန်တဲ့နိုင်ငံသားတွေ အနေနဲ့ တွေးဆယူလို့ ရနိုင်တာတွေ၊ ကိုယ်ပိုင် 
မျှော်လင့်ချက်တွေကို လွန်မြောက်တဲ့ မရေရာမှုတွေ အလယ်မှာ ရှိနေကြပါတယ်။ 
သူတို့ အားလုံးဟာ အကျဉ်းသားတွေဖြစ်ပြီး ကျည်ရဲ့ရန်ကနေ မလွတ်မြောက်နိုင်ဘူး 
ဖြစ်နေတယ်လို့ စုက ပြောတယ်လေ။
အထူးခံစားခွင့်တစ်ခုလို 
အင်တာဗျူးခွင့်ရတဲ့ အဲဒီလူအနေနဲ့ စုရဲ့ စကားတွေက သိပ်ပြင်းထန်နိုင်နေပါတယ်။
 စုက အမြဲလိုလိုပဲ သူ့ရဲ့ အားနည်းချက်တွေ ကို ပြဖို့ နှလုံးမာသူပါ။ ကလေးတွေ
 အတွက်တောင်မှ အဲဒီလိုပါပဲ။ ဒါပေမယ့် မိုက်ကယ် ဆုံးတဲ့အခါမှာတော့ စုဟာ 
အခန်း ထဲမှာ တစ်ယောက်တည်းနေပြီး တံခါးပိတ်ကာ တစ်ညလုံး ငိုပြီးရင်း 
ငိုနေခဲ့တယ်လို့ ကျွန်မ ကြားခဲ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၃၅)
တကယ်တော့ မိုက်ကယ် နာမကျန်းတာဟာ 
စစ်အစိုးရအတွက်တော့ စုကို သူတို့လမ်းကနေ ဖဲ့ထုတ်ဖို့ အခွင့် အရေးကောင်း 
ဖြစ်နေတာပါပဲ။ သူတို့က စုကို ဒီအတိုင်း မောင်းထုတ်မယ်ဆိုရင် အပြောအဆို 
ခံရနိုင်တာကိုး။ အခုတော့ စစ်အစိုးရက စုကို အင်္ဂလန်ကို ပြန်ချင် ပြန်ပါ 
လို့ပြောလာပါတယ်။ မြန်မာပြည် ကို ပြန်ဝင်ခွင့်ပြုဖို့ မသေချာမယ့် 
ဇာတ်မျိုးကို စုကို ကစေချင်တာပေါ့။ ဘယ်သူကမှ သူတို့ကို မယုံခဲ့ကြပါဘူး။
အဲဒီအချိန်မှာ အလက်ဇန္ဒားက အသက် ၂၅ နှစ်နဲ့
 ကင်မ်က ၂၁ နှစ် ရှိနေပါပြီ။ သူတို့က သူတို့အမေကို အဖေ့ရဲ့ နောက်ဆုံး 
အချိန်အတွက် ပြန်လာစေချင်ခဲ့ပါတယ်။ စု ကိုယ်တိုင်လည်း သုံးနှစ်လောက် 
မတွေ့ခဲ့ရတဲ့ မိုက်ကယ့်ကို နောက်ဆုံးအချိန်မှာ အနားကပ်နေပြီး 
ပြုစုချင်ခဲ့တာပါ။ ဒါပေမယ့် သူ မြန်မာပြည်ကို ပြန်လာခွင့် 
မရနိုင်တော့ရင်လို့ တွေးမိကာ အင်္ဂလန်ကို မပြန်နိုင်ခဲ့ ပါဘူး။ သူ့မှာ 
မြန်မာပြည်က လွဲရင် သွားနေစရာ နေရာ လည်း မရှိဘူးလေ။ စုအနေနဲ့ မိုက်ကယ့် 
နောက်ဆုံး အချိန် အတွက် သူ ပြန်မလာနိုင်တော့ဘူးလို့ ကလေး နှစ်ယောက်ကို 
ပြောပြရချိန်မှာ သူ့နှလုံးသားတွေ ဘယ်လောက်ကြေ ကွဲမယ်ဆိုတာ 
မှန်းဆနိုင်ပါတယ်။ ဒါဟာ သူ့ဘဝမှာ အကြီးမားဆုံး ဝမ်းနည်းကြေကွဲရမှုထဲက 
တစ်ခုဖြစ်မှာပါ။
ကမ္ဘာပေါ်မှာ ဘယ်အရာမှ တသမတ်တည်း ဆိုတာ 
မရှိပါဘူး။  ဘဝဆိုတာ မရေရာဘူး ဆိုတာကို သဘော ပေါက်ခဲ့တယ် ဆိုရင် မိဘနဲ့ 
သားသမီး၊ ဇနီးနဲ့ ခင်ပွန်းကြား မှာလည်း ခွဲခွာခြင်းဆိုတာ ရှိမယ်လို့   
သဘောပေါက်နိုင် ပါတယ်။ လူဆိုတာ စတွေ့တဲ့အချိန်ကစလို့ ခွဲခွာခြင်းဆီကို 
လျှောက်လှမ်းနေသူတွေ လေ။ ဗုဒ္ဓရဲ့ အနိစ္စတရား ကတော့ စုကို ဖြေသိမ့်ပေးမှာ 
ပါပဲလေ။
၁၉၉၉၊ မတ် ၂၉ မနက် ၁ဝ နာရီ လောက်မှာတော့ 
အလက်ဇန္ဒား ကို တစ်ယောက်ယောက်နဲ့ ဖုန်းပြောနေတာ တွေ့ရ ပါတယ်။ မိုက်ကယ် 
ဆုံးတာ နှစ်ရက်ရှိသွားပြီလေ။ အ လက်ဇန္ဒားက “မေမေ၊ ဒီနားမှာ ဘယ်သူ ရှိနေတယ် 
ထင်လဲ။ နိုရီကိုပေါ့”လို့ ပြောလိုက်ပါတယ်။ ကျွန်မဘက်ကိုလည်း ဖုန်းခွက်ကို 
လှမ်း ပေးလိုက် လေရဲ့။ ကျွန်မက စုရဲ့ အသံကို ကြားရဖို့ လုံးဝ 
မမျှော်လင့်ထားဘူးလေ။ 
“ဟဲလို နိုရီကို၊ အို့စုဆန်ရော ဘယ်မှာလဲ၊ 
နေကောင်းလား”တဲ့ စုက မေးပါတယ်။ ကျွန်မ ခင်ပွန်းက သူ့တက္ကသိုလ်မှာ 
ဘွဲ့နှင်းသဘင် အခမ်းအနား တစ်ခု ရှိနေတော့  ဒီကို လိုက်မလာနိုင်ဘူးလေ။ 
ကျွန်မလည်း စုကို “ရှင့်အိမ်ကို စိတ်မပူနဲ့နော်။ ရှင့်စိတ်ထဲမှာ 
တာဝန်တွေကိုပဲ တွေးနေပေါ့။ ရှင့်သားတွေကို ကျွန်မစောင့်ရှောက်ပါ့မယ်”လို့ 
ပြောဖြစ်ခဲ့ ပါတယ်။ စုက ဆို့နင့်နေတဲ့ အသံနဲ့ “ကျေးဇူးနော်” လို့ဆိုပါတယ်။
သူ့မိသားစုက တစ်ယောက်ပြီး တစ်ယောက် စုနဲ့ 
စကားပြောကြ တာကို ကျွန်မက နားထောင်နေမိပါတယ်။ စု ပြောနေပုံက မိုက်ကယ့် 
ပိုင်ဆိုင်မှု ငွေကြေးတွေကို သားနှစ်ယောက် အညီအမျှ ခွဲဝေယူကြဖို့နဲ့ သူ 
လိုချင်တာ ကတော့ မိုက်ကယ့် အရိုးပြာ ဆိုတာပါပဲ။
စု၏နိုင်ငံသို့ ခရီး (၂ဝဝ၇)
မြန်မာပြည်သို့ အလည်သွားရန် သံဃာ့ လှုပ်ရှားမှုက သတိပေးလိုက်ခြင်း
၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်နောက်ပိုင်းမှာ
 ကတည်းက ကျွန်မ စိတ်ထဲမှာ စုရဲ့နိုင်ငံကို မြင်ဖူး ရောက်ဖူးချင်နေ 
ခဲ့ပါတယ်။ စု နေအိမ် အကျယ်ချုပ် ကျပြီးနောက်ပိုင်း မြန်မာပြည် အခြေအနေက 
ငြိမ်ကျသွားသလို ရှိပေမယ့် စုရဲ့ ဂျပန်မိတ်ဆွေ အသီးသီးက မြန်မာပြည်ဗီဇာ 
လျှောက်ခဲ့ကြပေမယ့် တစ်ယောက်မှ ဗီဇာမရခဲ့ကြပါဘူး။ ဒီတော့ ကျွန်မလည်း ဗီဇာ 
မရနိုင်ဘူးလို့ပဲ ထင်မိပါတော့တယ်။
သူငယ်ချင်းတွေရဲ့ အပြောအရလည်း 
အဲဒီအတွေးအထင်က ပိုခိုင်မာလာခဲ့တာပေါ့။ “ကျွန်မ ဗီဇာသွား လျှောက် တော့ 
ရှင်တို့လင်မယား နှစ်ယောက်ရဲ့ နာမည်တွေကို ခန်းကြီးလို ရေးပြပါလို့ 
မြန်မာသံရုံးက ခိုင်းတယ်လေ။ ရှင်တို့နာမည်တွေကို ဗီဇာမပေးမယ့် ဘလက်လစ်ထဲမှာ
 ထည့်ထားပြီ ထင်တယ်။ ရှင်တို့ မြန်မာပြည်ကို မသွားသင့်ဘူး”လို့  
ပြောပြခဲ့တာကိုး။
၁၉၉၆ ခုနှစ်မှာတော့ ငွေရလိုဇောနဲ့ သူတို့က
 နိုင်ငံခြားသား ဧည့်သည်တွေကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဂျပန် လေကြောင်းလိုင်း 
အားလုံးကလည်း အိုဆာကာနဲ့ ရန်ကုန်ကြားမှာ တိုက်ရိုက် ပျံသန်းမှုတွေတောင် 
လုပ်လို့ပါပဲ။ ကျွန်မသာ တိုးရစ်တွေကြားမှာ လိုက်သွားနိုင်ရင် ဗီဇာ ရချင် 
ရလေမလားပေါ့။ ဒါနဲ့ပဲ စုဆီကို ကျွန်မက ဖုန်းခေါ် လိုက်ပါ တယ်။ တစ်ဘက်က 
ဖုန်းလက်ခံတဲ့ လူငယ်က စုကို စိတ်ပါလက်ပါ ခေါ်ပေးရှာလေရဲ့။ ဒါပေမယ့် 
ဖုန်းလာကိုင်တာ ကတော့ စု မဟုတ်ပါဘူး။ စိတ်ပျက်နေတဲ့ အသံနဲ့ လူတစ်ယောက် က 
ဖုန်းကို ဖြေပေးပါတယ်။ “ နာမည် ဘယ်သူပါလဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘယ်လို 
သိတာလဲ။  ဘာလဲ….ခင်ဗျားက ဂျာနယ်လစ် လား၊ ဘာလဲ” သူ့အမေးတွေနဲ့ပဲ ကျွန်မမှာ 
တုန်ရီလာတော့တာပါပဲ။
ရုတ်တရက် သူ့အသံက ပျောက်သွားပြန်ကာ စုအသံ 
ပေါ်လာပါတယ်။ ကျွန်မကလည်း တုံးတိကြီးပဲ မြန်မာပြည်ကို လာလည်ရမလားလို့ 
မေးလိုက်ပါတယ်။ “ရှင် မလာသင့်ဘူး။ ရှင့်ပိုက်ဆံတွေ အားလုံး စစ်အစိုးရ လက်ထဲ
 ရောက်သွားမှာ။ သူတို့ကို အားမပေးသင့်ဘူး” လို့ စုက ဒေါသတကြီး 
ပြန်ဖြေလိုက်ပါတယ်။ ၁ဝ နှစ် လောက် ကွဲကွာ နေပြီးတဲ့နောက် စကားပြန်ပြောခွင့်
 ရတဲ့အခါမှာတော့ ဒီထက်ပိုပြီး အဆင်ပြေသင့်တယ် မဟုတ်လားရှင်။ ဘယ်လောက်များ 
စိတ်ပျက်စရာ ကောင်းလိုက် ပါလိမ့်နော်။ သူ ဘာဖြစ်နေတာလဲ။ ကျွန်မလည်း စိတ်တွေ
 တိုသွားလေရဲ့။ မြန်မာပြည်ကို မသွားတော့ဘူးလို့လည်း စိတ်ပိုင်းဖြတ်လိုက် 
ပါတော့တယ်။ မြန်မာ စကားတော့ လေ့လာမှ ဖြစ်မယ်ဆိုပြီး စာအုပ်တစ်အုပ် 
ဝယ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ လက်လျော့လိုက်ရပါတယ်။ စာအုပ်က အခုထိ 
စင်ပေါ်မှာ ဖုန်တက်ပြီး ရှိနေသေးတာပါ။
အဲဒီနှစ် နွေရာသီမှာပဲ မိုက်ကယ့်ကို စုနဲ့
 စကားပြောဖြစ်တဲ့ အကြောင်း ပြန်ပြောပြလိုက်ပါတယ်။ မိုက်ကယ် ကတော့ ကျွန်မကို
 နှစ်သိမ့်လေရဲ့။ “နိုရီကို၊ စိတ်မလောပါနဲ့။ စစ်အစိုးရ မရှိတော့ရင် 
ဆာဒါယိုရှီနဲ့ ခင်ဗျားကို စုက ဖိတ်မှာ ပေါ့”တဲ့။ ကျွန်မက “အဲဒါ 
ဘယ်တော့တဲ့လဲ”လို့ မေးလိုက်မလို့ပါပဲ။ ဒါပေမယ့် အထီးကျန် မိုက်ကယ့်ကိုတော့ 
မမေးရက်တော့ပါဘူး။ ဘယ်တော့မှန်း မသိခင်မှာပဲ မြန်မာပြည် ကို အလည်သွားဖို့ 
မျှော်လင့်ချက် တွေ ကုန်သွားခဲ့ပါတယ်။ ၁၅ နှစ် ကြာပြီးနောက် ၂ဝဝ၇ ခုနှစ် 
သြဂုတ် ၁၅ မှာ စစ်အစိုးရက ဓာတ်ဆီဈေး နဲ့ သဘာဝ ဓာတ်ငွေ့ဈေးတွေကို ကြို 
မပြောဘဲ အဆနဲ့ချီကာ တက်လိုက် ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသား တွေအပါအဝင် 
လူထုက နောက်နေ့ တွေမှာ ဆန္ဒပြတဲ့ လမ်းလျှောက်ပွဲကို လုပ်တော့တာပါပဲ။ သူတို့က
 အလုပ်လည်း မရှိ၊ ငွေလည်း မရှိနဲ့ ဘတ်စ်ကားခတွေ တက်သွားတော့ ပေး စရာငွေ 
မရှိတဲ့ အတွက် လမ်းပဲ လျှောက်မယ်လို့ဆိုကာ လမ်းလျှောက်ကြတာပါ။ သြဂုတ် ၂၆ 
မှာတော့ မင်းကိုနိုင်၊ ကိုကိုကြီး၊ မြအေး၊ ဂျင်မီ၊ ပြုံးချို တို့တတွေ 
အဖမ်းခံရ ပါတော့တယ်။
အဲဒီလမ်းလျှောက် လှုပ်ရှားမှု ဟာ 
တခြားမြို့တွေကိုပါ ကူးစက်ကာ ဘုန်းကြီးတွေ၊ ကျောင်းသား တွေသာမက လူထုလည်း 
ပါလာခဲ့ကြပါတယ်။ ဘုန်းကြီးတွေလည်း သပိတ်မှောက်ကာ ကံဆောင်ကြပါတယ်။ ပခုက္ကူမှာ
 ဘုန်းကြီးတွေကို အာဏာ ပိုင်တွေက ရိုက်နှက် သတ်ဖြတ်တာတွေပါ လုပ်လာတာကြောင့်
 သံဃာတော်တွေရဲ့ ဆန္ဒပြမှုဟာ ပိုပြီး ကြီးကျယ်လာခဲ့ပါတယ်။ အနောက်နိုင်ငံတွေက 
“ဆဖရွန် တော်လှန်ရေး”လို့ နာမည် တပ်လိုက်ပါတယ်။ သင်္ဃန်းရောင်ကို “ဆဖရွန် 
(ကြက်သွေးနီ)” လို့ ခေါ်လိုက်လို့ပါ။
မသီတာ(စမ်းချောင်း)

No comments:
Post a Comment