ဒေါ်အောင်ဆန်းစုကြည် အတွက် စာတစ်စောင် (၁၁)
ကျိုတိုရောက် စု (၁၉၈၅-၁၉၈၆)
၁၉၈၅ ခုနှစ် ဇူလိုင် ၂ရက်မှာ စုဆီက စာတစ်စောင် ကျွန်မဆီ ရောက်လာပါတယ်။ခင်မင်ရပါတဲ့ နိုရီကိုနဲ့ဆဒါယိုရှိ (အားရပါးရ ခေါ်လိုက်တာနော်)စာက ဆက်ရေးထားရာမှာ ဟို အရင်အပတ်က စု ရေးလာတဲ့ စာ တစ်စောင်ကို သတိရမိပါတယ်။ “ကျွန်မလေ ငွေစုမိတာနဲ့ ချက်ချင်းဆိုသလို ဂျပန်ကို အလည်လာချင်တာ ပါပဲ။ ရှင့်ရဲ့ ကျေးလက်က အိမ်ကလေးဆီကို လာမှာပေါ့”တဲ့။ အရှေ့တောင်အာရှ လေ့လာရေး ဌာနမှာ မြန်မာပြည်နဲ့ ပတ်သက်တဲ့ စာအုပ်တွေ အများကြီးပဲ လို့ ပြောကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းလည်း အများကြီး ရှိနေပါတယ်တဲ့။ ဒီတော့ စုမှာ အဲဒါတွေကို လေ့လာချင်သလို သူ့အဖေ နေခဲ့ဖူးတဲ့ ဂျပန်ကို လာပြီး အတွေ့အကြုံတွေ လိုချင်စိတ်လည်း ရှိနေခဲ့တာပါ။
ကျွန်မမှာ စိတ်လှုပ်ရှားစရာ သတင်းတွေရှိနေတယ်နော်။ စက်တင်ဘာလ ကုန်ကျရင် ကင်မ်နဲ့ ကျွန်မ ကျိုတိုကို လာခဲ့မယ်။ ကျိုတိုတက္ကသိုလ် ရဲ့ အရှေ့တောင်အာရှ လေ့လာရေးဌာန က ကျွန်မကို ဧည့်သုတေသီအဖြစ် ခြောက်လတာ ဖိတ်ကြားခဲ့ပါတယ်။ ဒီအခွင့်အရေးကို ကာလ တာရှည် စောင့်မျှော်နေခဲ့တဲ့ ကျွန်မအတွက် ဒီလို အဆင်ပြေအောင် ကူညီပေးခဲ့တာကတော့ လူသားချင်း စာနာမှု လေ့လာရေး ဌာနက သုတေသနမှူး ပါမောက္ခ တိုဆီယို ယိုကိုယာမာ ပါပဲ။ သူက ကျိုတို တက္ကသိုလ်ရဲ့ အပြည်ပြည် ဆိုင်ရာ ဧည့်ဂေဟာမှာ နေခွင့်ရဖို့ကိုလည်း ကြိုးစားပေး နေပါတယ်။ ဒါပေမယ့် ကြည့်ရတာ ဒီဇင်ဘာအထိ အခန်းလွတ် ရှိပုံမရဘူး။ ပြီးတော့ ကျွန်မက ပါပီ့ကို ခေါ်လာမယ်လေ။ မိုက်ကယ်က အိန္ဒိယကို မခေါ်သွား နိုင်ဘူးလေ။ ပါပီက အိုလည်း အိုနေပြီ။ ကျွန်မကသာ သူ့ကို ဂျပန်ကို ခေါ်မလာရင်သူ ရင်ကွဲပြီး သေမှာပဲ၊ ဂေဟာမှာ တိရစ္ဆာန်ကို လက်ခံ မခံတော့ မသိဘူးပေါ့။ ဒါကြောင့် နိုရီကိုရေ ကျေးဇူးပြုပြီး ကင်မ်ရယ်၊ ကျွန်မရယ်၊ ပါပီရယ် နေလို့ရမယ့် နေရာကလေးများ ကူရှာ ပေးလို့ ရမလား လို့ပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးလည်း ပါမောက္ခ ယိုကိုယာမာကို တိုင်ပင် ပြောထားပေးမယ်ဆိုရင် လည်း ကျေးဇူးတင်မှာပါ။
ပါမောက္ခ ယိုကိုယာမာက အောက်စ်ဖို့ဒ်ကနေ ပါရဂူဘွဲ့ ရခဲ့သူပါ။ ဒါကြောင့် အောက်စ်ဖို့ဒ်နဲ့လည်း ဆက်ဆံရေး အဆင်ပြေပုံရပါတယ်။ တခြား သုတေသီတွေအနေနဲ့ ဗိုလ်ချုပ် အောင်ဆန်းအကြောင်း သုတေသန ပြုဖို့ အရေးကြီးတာကို သူ့လောက် နားလည်နိုင်မှာ မဟုတ်ဘူးပေါ့။ ဒီ သုတေသနအတွက် စုဟာ အသင့်တော်ဆုံး လူတစ်ယောက်ဖြစ်တာ မှန်ပေမယ့် စုလို အိမ်ရှင်မ တစ်ယောက်ကို သိပ္ပံပညာ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ဂျပန် ဖောင်ဒေးရှင်းအနေနဲ့ သုတေသန ထောက်ပံ့ကြေး ပေးချင်သွားအောင် စည်းရုံးဖို့ဆိုတာ အတော် မလွယ်တဲ့ အလုပ်ဆိုတာကိုတော့ ကျွန်မတို့က ခန့်မှန်းနိုင်ခဲ့ပါတယ်။
စုအနေနဲ့ကတော့ ဒီလိုရှုပ်ထွေးတဲ့ ကိစ္စတွေကို နားမလည်နိုင်မှာ သဘာဝ ကျပါရဲ့။ မိုက်ကယ်က အလုပ် အနေနဲ့မရဘဲ အင်္ဂလန်မှာ ဖြစ်ဖြစ်၊ တခြားနိုင်ငံ တစ်ခုခုမှာဖြစ်ဖြစ် သုတေသီ အနေနဲ့ ထောက်ပံ့ကြေးတွေ ရကာ လှည့်လည် နေထိုင် နေရတာကြောင့် စု ကလည်း အခုလိုပဲ ဧည့်သုတေသီ အဖြစ် နေထိုင်နိုင်အောင် တွေးဖြစ်ပုံပါ။ ဒီအခွင့်အရေးကတော့ စုအတွက် အခွင့်အလမ်းကောင်း ကိုသာမက နောင်နှစ်နှစ်အတွင်း ဖြစ်လာတော့မယ့် ဘဝအပြောင်းအလဲ အတွက်ပါ သက်ရောက်ခဲ့တယ်လို့ ဆိုရပါမယ်။
ကျွန်မက စုရဲ့စာကို ကျွန်မ ခင်ပွန်းပါ ကြားရအောင် အသံထွက် ဖတ်ဖြစ်ခဲ့ပါတယ်။ ပါပီ့အကြောင်းလည်း ရောက်ရော “အိုး ဒီပါပီ အကြောင်း ပါလာပြန်ပြီ”လို့ ရယ်ပါတော့တယ်။ ပါပီက စုရဲ့အချစ်တော် ခွေးပေါ့။ ဘူတန် တယ်ရီယာ ခွေးကလေး ဖြစ်ပါတယ်။ ဘူတန်က အပြန် မှာ ခေါ်လာခဲ့တာပါ။ စုက ပါပီဟာ အင်္ဂလန်မှာ အရမ်းအဖိုးတန်တဲ့ တစ်ကောင် တည်းသော ခွေးလို့ ဂုဏ်ယူနေကျပေါ့။
စုအတွက်တော့ အဖိုးတန်ခွေး ဖြစ်ပေမယ့် ကျွန်မတို့ အတွက်တော့ ပါပီက ကမူးရှူးထိုး ခွေးတစ်ကောင် ပါပဲ။ အကောင်က သေးပြီး ဘာမှမထူးခြားတဲ့ ကောင်ပါ။ မျက်နှာဝိုင်းဝိုင်းလေးရယ်၊ မျက်လုံး ဝိုင်းနက်နက်ရယ်၊ အမွှေးတွေက အဖြူနဲ့အညို ရောပြီး ခပ်ရှည်ရှည်ပေါ့။ ခြေထောက် တွေကတော့ တိုတို။ အလက်ဇန္ဒားရဲ့ အချစ်တော်လည်း ဖြစ်ပါတယ်။ သူက ကျွန်မတို့အရင် လှေကားကို အပြေးတက် သွားတတ်ပြီး လှေကားစွန်းလည်း ရောက်ရော မေးစေ့နဲ့ လှေကားစောင်း ရိုက်မိပြီးလဲကျရောဆိုတဲ့ ပါပီမျိုးလေ။ ကျွန်မတို့က စုဆီ လာလည်တိုင်းမှာ ကျွန်မတို့နား နာရီဝက်လောက် ထိုင်နေတာ ငြိမ်လို့ ပြီးတော့မှ ရုတ်တရက်ကြီး ထပြီး သူစိမ်းတွေကို တွေ့ရသလို ဟောင်တော့တာပဲ။ ပြီးတော့ သူက အစောင့်ခွေး လိုလည်း အသုံးမတည့်ပါဘူး။ သူ့ပုံစံက ကာတွန်းပုံလေးမို့ ချစ်စရာတော့ ကောင်းနေ တာပေါ့။ စုက သူ့ကို ချစ်တယ်ဆိုတာကတော့ အာရှနွယ် ဖွားချင်းကလည်း ဖြစ်၊ သူ့သားနှစ်ယောက် ထက်စာရင် သူ့စကားကိုလည်း ပိုနားထောင် ဆိုတာကြောင့် ဖြစ် ချင်ဖြစ်မှာပေါ့။ ဒါပေမယ့် ခွဲထားခဲ့ရင် သေသွားမလားလို့ စိတ်ပူနေတဲ့အထိတော့ ချစ်လိမ့်မယ်လို့ ထင်မထားခဲ့ပါ ဘူး။
အဆုံးမှာတော့ စုက ပါပီ့ကို ထားရစ်ခဲ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လူဝင်မှု ကြီးကြပ်ရေး ဥပဒေအရ ဘယ်တိရစ္ဆာန် ကိုမဆို အချိန်အတော်ကြာ သီးသန့်ခွဲထားရမယ့် အခြေအနေရော၊ ဧည့်ဂေဟာမှာ ဘယ်တိရစ္ဆာန်မှ ထားမရတဲ့ အခြေအနေကြောင့်ပါ ပါပီ ကျန်ခဲ့ရပါမယ်။ မိုက်ကယ်အနေနဲ့ အိန္ဒိယက ဆင်းမလားကို တစ်ပါတည်း ခေါ်ချင် ခေါ်၊ ဒါမှမဟုတ် သူတို့ရဲ့ အိမ်ခန်းကို အငှားတင်ခဲ့မယ့် သူတွေနဲ့ ထားချင်ထားခဲ့ပေါ့။ သူတို့မိသားစုက နိုင်ငံခြား သွားမယ်ဆိုရင် အခန်းကို လူငှားထား ခဲ့တတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ခွေးပြဿနာကတော့ ဖြေရှင်းပြီး သွားပါပြီ။ တကယ်တော့ စုကို ဧည့်သုတေသီ အဖြစ် ဖိတ်ဖို့ ပါမောက္ခ ယိုကိုယာမာအနေနဲ့ အတော်ကြီး အားထုတ်ခဲ့ရမှာပါ။ ပါမောက္ခက “သူဟာ မင်းသမီးလေး မဟုတ်တော့ဘူးလေ။ ငါကလည်း ဘာပဲဖြစ်လာလာ အဆိုးဆုံးကို ပြင်ဆင်ထားမှာပါ”လို့ ဆိုခဲ့ပါတယ်။
ဆက်လက်ဖော်ပြပါမည်။
မသီတာ(စမ်းချောင်း)
ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၁၂)
စုရဲ့ စာထဲမှာ ပါခဲ့တာ တစ်ခုကတော့ အသက် ၈ နှစ်အရွယ် ရောက်နေပြီဖြစ်တဲ့ ကင်မ့်အတွက် ကျောင်းကိစ္စ စိတ်ပူပန်မှုပါပဲ။ အဲဒီအချိန်က အလက်ဇန္ဒားက ကျောင်းအဆောင်မှာ နေရမှာ နောက်ဆုံးနှစ်ပါပဲ။ နောက်နှစ် နွေဦးဆို အတန်းတင် စာမေးပွဲ စစ်ပြီလေ။ ပြီးရင်တော့ သူလည်း ကင်မ်နဲ့အတူ ကျိုတိုကို လာမှာပါ။ ဒီ၁၉၈၅ ခုနှစ် ခရစ်စမတ် ပိတ်ရက်မှာ စုနဲ့ကင်မ်ပဲ ရှိပေမယ့် ၁၉၈၆ ခုနှစ် နွေမှာတော့ အလက်ဇန္ဒားရော၊ တစ်မိသားစုလုံး အိန္ဒိယမှာ အတူတူ ရှိကြမှာပါ။ စုက ဩဂုတ်လ ပထမပတ်မှာတော့ ဆွစ်ဇာလန်နဲ့ ဂျာမဏီကို သွားရမှာမို့ ဂျပန်ကို မလာခင် အတော်လေး အလုပ်ရှုပ်ဦးမှာပေါ့။ သူ့စာထဲမှာတော့ သူ့စွန့်စားခန်းအတွက် အတော်လေး စိတ်လှုပ်ရှား နေပုံ ပါပဲ။
လေဆိပ်ကနေ ကျွန်မတို့အိမ်ကို ရောက်တယ်ဆိုတာနဲ့ ရွာထဲကို အလည်ပို့ဖို့ ဆိုကာ ကျွန်မခင်ပွန်းက စက်ဘီး တစ်စီးနဲ့ ကင့်မ်ကို တင်ပြီး ထွက်သွားပါတော့တယ်။ ကင်မ်ကတော့ စက်ဘီးပေါ်က ဆင်းဆင်းချင်း အောက်စ်ဖို့ဒ်မှာ ကျန်နေတဲ့ မိုက်ကယ့်ဆီကို ဖုန်းခေါ်ဖို့ လောဆော်တော့တာ ပါပဲ။ သူ့ကြည့်ရတာ စက်ဘီးကို ပထမဆုံး စီးခွင့်ရသလိုကို ပျော်နေကာ မိုက်ကယ့်ကိုလည်း သူ့ခရီးရှည်ကြီး အကြောင်း မပြောဘဲ စက်ဘီးစီး တဲ့ အတွေ့အကြုံကိုပဲ ပြောနေပါတယ်။ ကျွန်မခင်ပွန်းက ပြန်ပြောပြ တာကတော့ သူ့နောက်မှာ ထိုင်စီးတဲ့ ကင့်မ်ကို စကားတွေ လှမ်းလှမ်းပြောတော့ ကင်မ်က စက်ဘီးနင်းနေခိုက် စကားမပြောရဘူးလို့ ပြောပါသတဲ့။ အဲဒီတော့ သူက “မင်းတို့ အင်္ဂလိပ် ကလေးတွေဟာ စိတ်ပူတတ် ရန်ကောကွာ”လို့ ပြောတဲ့အခါ “မဟုတ်ပါဘူး။ ကျွန်တော်က မြန်မာပါ”လို့ ပြန်ဖြေခဲ့ပါသတဲ့။ အဲဒီအခါမှပဲ ကျွန်မတို့လည်း ပထမဆုံး အနေနဲ့ စုရော သား နှစ်ယောက်လုံးပါ မြန်မာနိုင်ငံသား ဖြစ်နေတာကို သိလိုက်ရပါတယ်။ စုက ဘယ်တုန်းကမှ ဗြိတိသျှ နိုင်ငံသား မခံယူခဲ့ပါဘူး။
စုက ကျွန်မတို့အိမ်ကို သိပ်သဘောကျ ပါတယ်။ ဘီဝါကန်ကို မြင်နေရတဲ့ မြင်ကွင်းနဲ့ အရိပ်ကောင်းတဲ့အတွက် ပေါ့။ ကျွန်မတို့ အိမ်လှေကားရဲ့ ပထမသုံးဆင့်က ထောင့်ချိုးလေးပေါ့။ စုက သူ့အမေအိမ်က လှေကားကလည်း အဲဒီလို ထောင့်ချိုးလေးပဲ ဆိုကာ လှေကားကို အကြိမ်ပေါင်းများစွာ တက်လိုက်ဆင်းလိုက် လုပ်နေခဲ့ပါတယ်။ ကျွန်မတို့အိမ်က ဘီဝါကန်ရဲ့အနောက်ဘက်ကမ်းက တောင်ကုန်းလျှောလေးမှာ ဖြစ်ပြီး အသစ် တည်ထားတဲ့ ရပ်ကွက်လေးမှာ ရှိတာပါ။ အဲဒီအချိန်တုန်းက အနိမ့်ပိုင်းက မြေကို ကျွန်မတို့ မပိုင်သေးပါဘူး။ ကျွန်မတို့အိမ်ရဲ့ ပထမထပ်ကနေ ကြည့်ရင် ကန်ရဲ့ ဟိုဘက်ကမ်းနဲ့ နောက်ဘက်က အီဘူကီတောင်ဟာ တကယ့်ကို လှပါရဲ့။ စု ကောက်ကာ ငင်ကာနဲ့ “နိုရီကိုရယ် ရှင် အဲဒီအနိမ့်ပိုင်းက မြေကို ဝယ်သင့်တယ် သိလား” လို့ ဆိုပါတယ်။ “ဝယ်ချင်တာပေါ့။ ဒါပေမယ့် တတ်မှ မတတ်နိုင်တာ”လို့ ဆိုတော့ “ဘာလို့လဲ ဒီမြေလေးက သေးသေးလေး လေ”လို့ စုက နားမလည်သလို ကြည့်ပြီး မေးပါတော့တယ်။
ကျွန်မတို့နှစ်ယောက် နှုတ်က ထုတ်မပြောဘဲ အကြည့်ချင်း စကားပြောဖြစ်ခဲ့တယ် ဆိုပါတော့။ စုက “ကျွန်မက အကြံကောင်းတွေ ပေးနေတာနော်”ဆိုတဲ့ အကြည့်နဲ့ မေးပြီး ကျွန်မက “ဟုတ်ပါတယ်။ ဒါပေမယ့် ရှင်မှ ဂျပန်က မြေသေးသေးလေး တစ်ကွက်ရဲ့ တန်ဖိုးကို မသိတာ”ဆိုတဲ့ အကြည့်နဲ့ဖြေခဲ့တာလေ။
ကျွန်မတို့က နေ့တိုင်းလိုလို ကို စီရထားလိုင်းက ဝါနီဘူတာရုံရှေ့မှာ ဖွင့်ထားတဲ့ စူပါမားကက်မှာ ဈေးသွား ဝယ်ပါတယ်။ စုက ငါးရောင်းသူ တစ်ယောက်ကို သဘောကျပါတယ်။ “သူက မျက်နှာကချိုတယ်။ ဘူတန်က ကျွန်မသူငယ်ချင်းနဲ့ တူတယ်”လို့ ပြောခဲ့ပါတယ်။ ဒါကြောင့် စုကို နေအိမ် အကျယ်ချုပ် ချထားလိုက်ပြီ လို့လည်း ဆိုရော ငါးဆိုင်ပိုင်ရှင်က ကျွန်မဆီ မနက်အစောကြီး ရောက်ချလာကာ “အစ်မကြီးရေ၊ အောင်ဆန်း စုကြည်တော့ အခက်အခဲ တွေ့နေပြီနော်။ ကျွန်တော် တတ်နိုင်တာများ ရှိရင် ပြောပါနော်။ အတတ်နိုင်ဆုံး ကူညီချင်လို့ပါ”လို့ ပြောခဲ့ပါတယ်။ ကျွန်မအနေနဲ့ စုအပေါ် အခုလောက် နွေးထွေးတဲ့ စိတ်မကောင်းဖြစ်ပုံမျိုး မတွေ့ဖူးပါဘူး။ သူက မြန်မာပြည် အရေးကိုအမြဲစိတ်ဝင်စားသလို ကျွန်မကို တွေ့တိုင်းလည်း စုသတင်းကို မေးတတ်ပါတယ်။ ကျွန်မကလည်း ဆိုင်ကိုရောက်တဲ့အခါ ငါးလှီးဓား ကိုင်ထားတဲ့ ငါးဆိုင်ပိုင်ရှင်နဲ့ စုကြားက တွေ့ဖူးနေခဲ့တဲ့ အသံတိတ် အပြုံး ဖလှယ်မှုတွေကို ပြန်သတိရ နေမိခဲ့ပါတယ်။
စုက ဂျပန်ကို သွားတော့မယ်ဆိုတဲ့ သတင်းဟာ သူ့အမေက တစ်ဆင့် ရန်ကုန်က မိတ်ဆွေတွေကြား ပျံ့နှံ့ သွားပါတယ်။ စုအမေကို ကူညီပေးနေသူတွေဆီက ဈေးဝယ်ပေးဖို့ ပစ္စည်း စာရင်းရှည်ကြီးကလည်း စုရဲ့လက်ထဲကို ရောက်လာခဲ့ ပါတော့တယ်။ စုကလည်း သူ့မေတ္တာကို ပြသတဲ့အနေနဲ့ အမှတ်တရ ပစ္စည်းလေးတွေ ဝယ်ဖို့ ကြိုးစားပါတော့တယ်။ ကျွန်မကလည်း သူ့ကို စူပါမားကက် ပထမထပ်က နာရီဆိုင် ရှိရာဆီ ခေါ်သွားပေးလိုက်ပါတယ်။ သူ့စာရင်းထဲမှာ နာရီက ပါနေတာကိုး။ စုက နာရီကို အငေးသား ကြည့်လိုက်ပြီး သက်ပြင်းလေး ချလိုက်ပါတယ်။ “နိုရီကိုရေ ကျွန်မအနေနဲ့ ဒီလို ဈေးကြီးတဲ့ပစ္စည်းတွေကို ဝယ်ဖို့ မတတ်နိုင်ပါဘူး။ ဒီနာရီက ယန်း သုံးသောင်းခွဲတောင်လေ။ ကျွန်မ ပတ်ထားတဲ့ နာရီကို ကြည့်ပါဦး။ ယန်းငါးထောင်ပဲ ပေးရတာ”လို့ ပြောခဲ့ပါတယ်။
စက်တင်ဘာလ ကုန်တဲ့အထိ နေ့ပေါင်းများစွာ စုနဲ့ ကင်မ်ဟာ ဂျပန်နိုင်ငံက သူတို့ဘဝကို ပျော်ပိုက်နေပုံ ရပါတယ်။ အောက်တိုဘာ ၁ ရက်ကစပြီး အပြည်ပြည်ဆိုင်ရာ ဧည့်ဂေဟာကို သူတို့ ပြောင်းရွေ့နေထိုင် ရပါတယ်။ ဘဝသစ် တစ်ခုပေါ့။ ကျွန်မတို့ အိမ်နီးနားချင်း တွေကလည်း သူတို့ရဲ့ ၆လစာ အဝတ်အစားနဲ့ အသုံးအဆောင်တွေကို ကူသယ်ပေးခဲ့ကြပါတယ်။ တကယ်တော့ အဲဒီ ပစ္စည်းတွေ အားလုံးဟာ မိန်းမသား တစ်ဦးအတွက် လေးပင်လွန်းလှပေမယ့် ၈နှစ်သား ကင်မ်ရယ်၊ စုရယ်၊ သူ့ရဲ့ စိတ်စွမ်းအားရယ်ကပဲ အဲဒီ ပစ္စည်းတွေကို သယ်ပိုးခဲ့ကြတာပါ။ ကျွန်မတို့ အိမ်နီးနားချင်းတွေကို စုတို့ သားအမိ တိုင်ဖွန်း လာတိုက်သွား သလို ကျွန်မတို့လည်း အားအင်တွေ ပြည့်ခဲ့လို့ပါပဲ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အို့စု မတ်ဆူရီပွဲတော်ကို တက်ဖို့ ကျွန်မကို ဖိတ်ကြားခဲ့ပါတော့တယ်။
ဆက်လက်ဖော်ပြပါမည်။
မသီတာ(စမ်းချောင်း)
ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၁၃)
အို့စုမတ် ဆူရီ ပွဲတော်က စု
အို့စုမတ်ဆူရီပွဲတော်က နှစ်စဉ် အောက်တိုဘာလ ၁ဝ ရက်မှာ အို့စုမြို့မှာ
ကျင်းပတာပါ။ ဒီပွဲတော်က ကိုင်ချိုခေတ် (၁၅၉၆-၁၆၁၅)မှာ ကတည်းက စခဲ့တာပါ။
ရှေးခေတ်မှာ အို့စုမြို့ဟာ မီဒိရာ ဘုရားကျောင်းနားမှာ ပေါ်ထွက်လာခဲ့တာ
ဖြစ်ပါတယ်။ ၁၆ဝဝ ခုနှစ်မှာ ဂျပန်ကို ဘယ်သူ အုပ်စိုးမလဲဆိုတဲ့
အဆုံးအဖြတ်ပေးခဲ့တဲ့ ဆကီဂါဟာရာ စစ်ပွဲအပြီးမှာ အို့စုရဲတိုက်
ပြိုလဲသွားပါတယ်။ အဲဒီနောက်မှာတော့ အို့စုဟာ တိုကိုင်ဒို လမ်းမ
တစ်လျှောက်မှာဖြစ်စေ၊ ဘီဝါကန် တစ်ခွင်မှာဖြစ်စေ ကုန်းလမ်းရော ရေလမ်းအရပါ
အရေးပါတဲ့ နေရာလေး တစ်ခုဖြစ်လာပါတယ်။ နောက်ပိုင်းမှာတော့ တိုကူဂါဝါ
ရှိုဂူနာတေခေတ်မှာ ကုန်သွယ်မြို့ တစ်မြို့ဖြစ်လာပါ တယ်။
ကုန်သွယ်မြို့မို့လို့ ကြွယ်ဝလာတဲ့ အို့စုမြို့ကလေးရဲ့ စိတ်ဓာတ်ဟာလည်း
တန်စွန်နတ်ဘုရားကို ကိုး ကွယ် ယုံကြည်မှုတွေနဲ့ ပွဲတော်အတွက် တက်တက်ကြွကြွ
ရှိနေတတ်ပါတယ်။ လမ်းတိုင်းမှာ ပူဇော်ဖို့ အပြင် အဆင်တွေ လုပ်ကြကာ တန်စွန်
နတ်ဘုရားကို ပူဇော်တဲ့နေ့မှာတော့ လမ်းတွေပေါ်မှာ စီတန်း လှည့်လည်ပြီး
အပူဇော်ခံကြပါတယ်။ အီဒိုခေတ် (၁၆ဝဝ-၁၈၆၈)ခုနှစ်မရောက်မီ အထိတော့
အဲဒီလိုပူဇော်ဖို့ ပြင်ဆင်တဲ့ မဏ္ဍပ်ကို ဆောက်တာ ၁၃ ခုပဲ ရှိခဲ့ပါတယ်။
အဲဒီအချိန်တုန်းက ကျွန်မဟာ ကျိုတိုမှာ ရှိတဲ့ ဒိုရှိရှတက္ကသိုလ်မှာ အချိန်ပိုင်းနည်းပြအဖြစ် ဝင်လုပ်နေချိန်ပါ။ ကံကောင်းစွာနဲ့ ကျွန်မရဲ့တပည့် ကောင်မလေး တစ်ယောက်က ယူတာတီယာမာဆိုတဲ့ လက်ဖက်ရည် ဧည့်ခံမဏ္ဍပ်တစ်ခုကို မိသားစု အနေနဲ့ ဆက်ခံ ထိန်းသိမ်းထားသူပါ။ ကျွန်မရဲ့ မိသားစုနာမည်ကလည်း အို့စု ဖြစ်တာမို့ ပွဲတော်နာမည်နဲ့ တူနေတာ ကံကောင်းသွားပါတယ်။ ဖြစ်ချင်တော့ တပည့်မလေး နာမည်ကလည်း နိုရီကိုပဲ ဖြစ်ပါတယ်။ တပည့်မလေးရဲ့ မိသားစုက ကျွန်မကို ပွဲတော်ကို လာလည်ဖို့ ဖိတ်ပါတယ်။ ပွဲတော် မတိုင်မီ ညနေမှာကတည်းက ပွဲတော်ကျင်းပမယ့် မိသားစုတွေနဲ့ ကျွန်မကို မိတ်ဆက်ပေးတော့ သူတို့ရဲ့ ပွဲတော်အပေါ် စွဲမြဲတဲ့စိတ်ကို အံ့ဩကြည်နူး ဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ အို့စုမတ်ဆူရီ ပွဲတော်ဟာ ကျွန်မရဲ့ အချစ်တော် ဖြစ်လာခဲ့ပါတယ်။
ပွဲတော်မှာ အစဉ်အလာ တစ်ခု ရှိတာက မဏ္ဍပ် အပြင်အဆင်တွေမှာ အမျိုးသမီးတွေ ပါဝင်ကြရပေမယ့် ဖျော်ဖြေရေးအဖွဲ့နဲ့ မဏ္ဍပ်ပေါ်ကိုတော့ တက်ခွင့်မရတာပါပဲ။ အဲဒီအစဉ်အလာကိုတော့ ကျွန်မရဲ့တပည့်မလေး နိုရီကိုက ဆန့်ကျင်လိုက်ပါတယ်။ သူက လူငယ်လေးတွေကို စုစည်းပြီး လမ်းပေါ်မှာ ကော်ဇောနီခင်းကာ သစ်သား ခုံတန်းရှည်တွေ ချပြီး လက်ဖက်ရည် ဆိုင်လေး တည်လိုက်ပါတယ်။ ဂျပန်ရိုးရာ အချိုမုန့်ကလေး တွေနဲ့ လက်ဖက်ရည်စိမ်း ရေနွေးကြမ်းကို ရောင်းပြီး ရန်ပုံငွေ ရှာသလို ပွဲတော်ကို ပါဝင်ဆင်နွှဲပါတော့တယ်။ အဲဒီဆိုင်လေးက ရတဲ့ငွေဟာ မဏ္ဍပ်ဟောင်းတွေကို ထိန်းသိမ်းဖို့ လုံလောက်တဲ့ အလှူငွေ ရခဲ့ပါတယ်။ ဒီလိုနဲ့ အို့စု ပွဲတော်ရဲ့ နှစ်ကာလရှည် ကြာခဲ့တဲ့ အမျိုးသားများ ကြီးစိုးတဲ့ သဘာဝကို ကျွန်မရဲ့ တပည့်မလေး နိုရီကိုက ဦးဆောင်ပြီး အဆုံးသတ် စေလိုက်နိုင်ခဲ့ပါတယ်။
တကယ်တော့ တပည့်နိုရီကိုရဲ့ အိမ်နားက ကိုကာရာဆာကီချိုလမ်း ပေါ်မှာပဲ ဂျပန် တော်ဝင်ပုလိပ် ဆန်ဇို စုဒါရဲ့ ဓါးချက်ကြောင့် ရုရှရဲ့ နောက်ဆုံး အင်ပါယာ နီကိုလိုင်(၂)ဟာ ကွယ်လွန်ခဲ့ရပါတယ်။ တကယ်လို့ အမျိုးသားတွေရဲ့ လက်ထဲကို ပွဲတော်အပ်ထားရင် သူတို့က ဒေသခံတွေရဲ့ သမိုင်းတွေကို ချန်ထားပြီး ကျင်းပ သွားနိုင်ပါတယ်။ ဒေသခံဆိုတာ သူတို့ရဲ့ သမိုင်းကို တခြားဧည့်သည်တွေ သိအောင်ပြောပြဖို့ တာဝန်ရှိတာပေါ့။ မိန်းကလေးတွေကတော့ ဧည့်သည်တွေ အနေနဲ့ အို့စုပွဲတော်ကို ပျော်ဖို့ချည်း မဟုတ်ဘဲ အို့စုမြို့သမိုင်းကို မြည်းစမ်းသွားနိုင်ဖို့ပါ ကြိုးစားကြပါတယ်။ ဒီလိုအတွေးမျိုးက မိန်းကလေးတွေရဲ့ လက်ဆောင်ပဲပေါ့။
၁၉၈၅ ခုနှစ်၊ အောက်တိုဘာ ၁ဝ ရက်မှာ ကျွန်မက စုနဲ့ ကင်မ့်ကို
အို့စုပွဲတော်ဆီ အလည်လာဖို့ ဖိတ် ခေါ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ သူတို့က
အပြည်ပြည်ဆိုင်ရာ ဧည့်ဂေဟာမှာ နေနေကြပြီ ဖြစ်ပါတယ်။ ကျွန်မက သူတို့ကို
ဂျပန်ရိုးရာပွဲတွေ အကြောင်းလည်း သိစေချင်သလို ဂျပန်မလေး တစ်ယောက်ရဲ့
အမျိုးသား ကမ္ဘာကို ဆန့်ကျင်တတ်တဲ့ စိတ်ဇောကိုလည်း တွေ့စေချင်ပါတယ်။
ကျွန်မရဲ့ခင်ပွန်းကလည်း သူတက်နေတဲ့ အပြည်ပြည် ဆိုင်ရာ ဆွေးနွေးပွဲမှာ
ခဏနားချိန်ရတုန်း အတူတက်ဖော် ဆိုဗီယက် ယူနီယံက ပညာရှင်တွေနဲ့အတူ အို့စု
ပွဲတော်ကို လာမှာပါ။အဲဒီအချိန်တုန်းက ကျွန်မဟာ ကျိုတိုမှာ ရှိတဲ့ ဒိုရှိရှတက္ကသိုလ်မှာ အချိန်ပိုင်းနည်းပြအဖြစ် ဝင်လုပ်နေချိန်ပါ။ ကံကောင်းစွာနဲ့ ကျွန်မရဲ့တပည့် ကောင်မလေး တစ်ယောက်က ယူတာတီယာမာဆိုတဲ့ လက်ဖက်ရည် ဧည့်ခံမဏ္ဍပ်တစ်ခုကို မိသားစု အနေနဲ့ ဆက်ခံ ထိန်းသိမ်းထားသူပါ။ ကျွန်မရဲ့ မိသားစုနာမည်ကလည်း အို့စု ဖြစ်တာမို့ ပွဲတော်နာမည်နဲ့ တူနေတာ ကံကောင်းသွားပါတယ်။ ဖြစ်ချင်တော့ တပည့်မလေး နာမည်ကလည်း နိုရီကိုပဲ ဖြစ်ပါတယ်။ တပည့်မလေးရဲ့ မိသားစုက ကျွန်မကို ပွဲတော်ကို လာလည်ဖို့ ဖိတ်ပါတယ်။ ပွဲတော် မတိုင်မီ ညနေမှာကတည်းက ပွဲတော်ကျင်းပမယ့် မိသားစုတွေနဲ့ ကျွန်မကို မိတ်ဆက်ပေးတော့ သူတို့ရဲ့ ပွဲတော်အပေါ် စွဲမြဲတဲ့စိတ်ကို အံ့ဩကြည်နူး ဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ အို့စုမတ်ဆူရီ ပွဲတော်ဟာ ကျွန်မရဲ့ အချစ်တော် ဖြစ်လာခဲ့ပါတယ်။
ပွဲတော်မှာ အစဉ်အလာ တစ်ခု ရှိတာက မဏ္ဍပ် အပြင်အဆင်တွေမှာ အမျိုးသမီးတွေ ပါဝင်ကြရပေမယ့် ဖျော်ဖြေရေးအဖွဲ့နဲ့ မဏ္ဍပ်ပေါ်ကိုတော့ တက်ခွင့်မရတာပါပဲ။ အဲဒီအစဉ်အလာကိုတော့ ကျွန်မရဲ့တပည့်မလေး နိုရီကိုက ဆန့်ကျင်လိုက်ပါတယ်။ သူက လူငယ်လေးတွေကို စုစည်းပြီး လမ်းပေါ်မှာ ကော်ဇောနီခင်းကာ သစ်သား ခုံတန်းရှည်တွေ ချပြီး လက်ဖက်ရည် ဆိုင်လေး တည်လိုက်ပါတယ်။ ဂျပန်ရိုးရာ အချိုမုန့်ကလေး တွေနဲ့ လက်ဖက်ရည်စိမ်း ရေနွေးကြမ်းကို ရောင်းပြီး ရန်ပုံငွေ ရှာသလို ပွဲတော်ကို ပါဝင်ဆင်နွှဲပါတော့တယ်။ အဲဒီဆိုင်လေးက ရတဲ့ငွေဟာ မဏ္ဍပ်ဟောင်းတွေကို ထိန်းသိမ်းဖို့ လုံလောက်တဲ့ အလှူငွေ ရခဲ့ပါတယ်။ ဒီလိုနဲ့ အို့စု ပွဲတော်ရဲ့ နှစ်ကာလရှည် ကြာခဲ့တဲ့ အမျိုးသားများ ကြီးစိုးတဲ့ သဘာဝကို ကျွန်မရဲ့ တပည့်မလေး နိုရီကိုက ဦးဆောင်ပြီး အဆုံးသတ် စေလိုက်နိုင်ခဲ့ပါတယ်။
တကယ်တော့ တပည့်နိုရီကိုရဲ့ အိမ်နားက ကိုကာရာဆာကီချိုလမ်း ပေါ်မှာပဲ ဂျပန် တော်ဝင်ပုလိပ် ဆန်ဇို စုဒါရဲ့ ဓါးချက်ကြောင့် ရုရှရဲ့ နောက်ဆုံး အင်ပါယာ နီကိုလိုင်(၂)ဟာ ကွယ်လွန်ခဲ့ရပါတယ်။ တကယ်လို့ အမျိုးသားတွေရဲ့ လက်ထဲကို ပွဲတော်အပ်ထားရင် သူတို့က ဒေသခံတွေရဲ့ သမိုင်းတွေကို ချန်ထားပြီး ကျင်းပ သွားနိုင်ပါတယ်။ ဒေသခံဆိုတာ သူတို့ရဲ့ သမိုင်းကို တခြားဧည့်သည်တွေ သိအောင်ပြောပြဖို့ တာဝန်ရှိတာပေါ့။ မိန်းကလေးတွေကတော့ ဧည့်သည်တွေ အနေနဲ့ အို့စုပွဲတော်ကို ပျော်ဖို့ချည်း မဟုတ်ဘဲ အို့စုမြို့သမိုင်းကို မြည်းစမ်းသွားနိုင်ဖို့ပါ ကြိုးစားကြပါတယ်။ ဒီလိုအတွေးမျိုးက မိန်းကလေးတွေရဲ့ လက်ဆောင်ပဲပေါ့။
စုတို့နဲ့အတူ ပွဲတော်လမ်းပေါ် လျှောက်ကြတော့ ရွေ့လျားမဏ္ဍပ် တွေကို လမ်းတွေပေါ် ဆွဲလာကြတာကို ကျွန်မတို့ တွေ့ကြရပါတယ်။ လူကြီးလူငယ် ယောကျာ်းလေး အားလုံးက မဏ္ဍပ်တင် သုံးဘီးတပ်လှည်းကို ဆွဲကြရာမှာ ယူနီဖောင်း ကိုယ်စီနဲ့မို့ ကြည့်လို့ သိပ်ကောင်းပါတယ်။ အဖွဲ့အစည်းတွေရဲ့ တံဆိပ်တွေကို ထိုးထားကြသလို အလုပ်သမား ဘောင်းဘီမျိုးလည်း ဝတ်ထားကြပါတယ်။ နောက်ခြေမနဲ့ ခြေချောင်းတွေကို ခွဲပြီးထိုးသွင်းရတဲ့ လည်ရှည်ဘွတ် ဖိနပ်လိုမျိုး ဂျပန်ရိုးရာ ဂျီကာတာဘီ ဖိနပ်ကိုလည်း ဆင်တူစီးထား ကြပါတယ်။ လှည်းကို ဆွဲစဉ်မှာ သူတို့ရဲ့ ဖိနပ်တွေကို ခိုင်နေအောင် ခြေဖဝါးကို မြေပြင်မှာ ကပ်ထားကြကာ ခါးကို ကုန်းနေအောင် ဆွဲကြကာ မဏ္ဍပ်ပေါ်က ဂီတပညာရှင်ရဲ့ ဖျော်ဖြေမှုကိုလည်း နားစွင့်ရပါတယ်။ ဘီးတွေ အရွေ့ကို ထိန်းပြီး တရွေ့ရွေ့နဲ့ သူတို့က မဏ္ဍပ်လှည်းကို ဆွဲလာကြတာပါ။
စုကတော့ ကျွန်မ ရှင်းပြတာတွေ နားထောင်ရင်းနဲ့ပဲ မြင်ရသမျှတွေကို ငေးမောနေခဲ့ပါတယ်။ သူ့ မျက်လုံး တွေက လှည်းဆွဲနေသူတွေရဲ့ တစ်ကိုယ်လုံးကို လိုက်ကြည့်ရာက ခြေထောက်တွေဆီ အရောက်မှာ တော့ ခေါင်းပြန်မမော့ လာနိုင်တာ အတော်ကြာတဲ့ အထိပါပဲ။ “နိုရီကိုရေ အဲဒီလူတွေ စီးထားတဲ့ဖိနပ်က ထူးဆန်း လိုက်တာ။ ဘာဖိနပ်လဲဟင်”လို့ မေးပါတော့တယ်။ ကျွန်မက အိမ်ထဲမှာစီးဖို့ ထုတ်တဲ့ ခြေမနဲ့ ခြေချောင်းလေး တွေ ခွဲစွပ်ရတဲ့ ခြေအိတ်ကို တာဘီလို့ ခေါ်ကြကြောင်းနဲ့ အဲဒီပုံစံကို အတုယူကာ အခုလိုဖိနပ်မျိုး ပေါ်လာတဲ့ အကြောင်း ရှင်းပြဖြစ်ပါတယ်။ ဒီဖိနပ်မှာ အောက်ခံက ရော်ဘာဖြစ်ပါတယ်။ ခေါင်မိုးပေါ် တက်ရတဲ့အခါတို့၊ လမ်းပြင်တဲ့ အခါတို့မှာ အသုံးတည့်ပါတယ်။ ခြေမက သီးခြားထုတ် ထားနိုင်တဲ့အတွက် ခြေကုပ်အား ကောင်းတာမို့ ဂျပန်က လမ်းပြင်သူတွေ၊ ငြမ်းအမြင့်တွေပေါ် အလုပ် လုပ်ရသူတွေက ဂျကာတာဘီ ဖိနပ်ကို သိပ်သဘောကျ ကြပါတယ်။
“အဲဒီ ဂျကာတာဘီဖိနပ်ကို ဘယ်မှာ ဝယ်ရမလဲဟင်”လို့ စုက မေးပါတယ်။ သူက ဒီဝေါဟာရကို တစ်ခါပဲ ကြားဖူးပေမယ့် အသံထွက် မှန်အောင် ပြောနိုင်ပါတယ်။ “ဘာလို့ ဝယ်ချင်တာလဲ”လို့ ကျွန်မကမေးတော့ “ကျွန်မဝယ်ဖို့ စိတ်ပိုင်းဖြတ် လိုက်တယ်။ ကျွန်မက မြို့လည်သွားဖို့ ရထားစီးရင် စီးမှာပေါ့။ ဒါမှ ပလက်ဖောင်း ပေါ်ကနေ ခြေချော်မသွားမှာ” လို့ သူက ဆိုပါတယ်။
သူတို့နေတဲ့ အိမ်ခန်းလေးကို ကျွန်မသွားလည်တော့ သူ့မှာ ဖိနပ်အသစ် ၆ ရံတောင် ရှိနေတာကို တွေ့ လိုက်ရပါတယ်။ “ဘာလို့ဖိနပ်တွေ အများကြီးလိုနေတာလဲ”လို့ မေးတော့ “ကျွန်မရဲ့တစ်ခုတည်းသော သဘောကျတဲ့ အရာလေ”လို့ ပြန်ဖြေ ပါတယ်။ အမလေး လေး၊ နောက်ဆုံးတော့ သူ ဖိနပ်ကြိုက်တာ ဂျကာတာဘီပါ အဆစ်ပါ သွားပါရောလား။ ကျွန်မက ရယ်စရာတစ်ခုကို မြင်ယောင်နေမိပါတယ်။ ထမိန်ဝတ်လေ့ ရှိတဲ့ စုက စက်ဘီးပေါ်မှာ ဂျကာတာဘီကို စီးပြီး ကာမိုမြစ်တစ်လျှောက် သွားနေတဲ့ပုံပေါ့။ အို၊ ကျွန်မ ဘယ်လိုလုပ်ရပါ့။
ဆက်လက်ဖော်ပြပါမည်။
ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၁၄)
ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိမြဲပေမယ့် သူ့မှာ အဲဒီစိတ်ကူးကို စွန့်
လွှတ်သွားအောင် ကျွန်မက ဘယ်လို လုပ်နိုင်မှာပါလိမ့်။ ကျွန်မက ဒီဖိနပ်ဟာ
အလုပ်ကြမ်း သမားတွေ အတွက် ပါလို့များ ပြောလို့ကတော့ ခွဲခြား ဆက်ဆံမှုလို့
ဝေဖန်ခံရဦးမှာကိုး။ “ဒီဖိနပ် ဘယ်မှာရောင်းလဲဆိုတာ သိတယ် မဟုတ်လား”လို့ စုက
ထပ်မေး နေပါတယ်။ “သိတယ်လေ။ နီယိုတံတားနား ကနေ အရှေ့ဘက် နည်းနည်းသွားရင်
ရပြီ”လို့ ဖြေတော့ သူ့ကို အဲဒီဆိုင်ဆီ ပို့ပေးဖို့ပြောတော့တာပါပဲ။
ကျွန်မလည်း သူ့ထောင်ချောက်ထဲ ပိတ်မိတော့မလို့ပါပဲ။ နောက်မှ
အရှေ့တောင်အာရှ လေ့လာရေးဌာန မှာ တိုင်းပြည် အသီးသီးက ပညာရှင်တွေ
ဝင်ထွက်နေတာမို့ အဲဒီလိုဖိနပ်မျိုးကို စီးဖို့ မသင့်တော်ဘူးလို့ အတန်တန်
ဖျောင်းဖျ ရပါတော့တယ်။ ကျွန်မတို့ရဲ့စကားပုံတစ်ခုမှာလည်း“ပစ္စည်းမှန်
နေရာမှန်”ဆိုတာ ရှိတာမို့ ကိုယ့်နေရာမှာ ကိုယ့်ပစ္စည်းတွေ ကို သူ့ဟာနဲ့သူ
သင့်တော်အောင် ထားရမယ့်အကြောင်းလည်း ပြောတာပေါ့။ သူက တော့
ကျွန်မပြောချင်တာကို သိပ်သဘောပေါက်ပုံ မရပေမယ့် နောက်ဆုံးမှာတော့
စိတ်မပါ့တပါနဲ့ပဲ ကျွန်မ ရဲ့အကြံကို လက်ခံလိုက်ပါတယ်။
အဲဒီလို ဂျကာတာဘီဖိနပ်ကိစ္စ ငြင်းခုံနေကြတာနဲ့ပဲ ကျွန်မခင်ပွန်းနဲ့
ချိန်းထားတဲ့အချိန်က ကျော်သွားပါပြီ။ ကျွန်မရဲ့တပည့်မလေး နိုရီကို့ အိမ်ကို
ရောက်တော့ နိုင်ငံခြားဧည့်သည်တွေကို ဧည့်ခံတဲ့ အစီအစဉ်က ပြီးတောင်သွား
ပါပြီ။ အဲဒီနေ့က သူတို့ရဲ့ဧည့်သည်တွေကတော့ ရုရှက ပညာရှင်တွေ၊
ဂျပန်စာသင်နေတဲ့ အမေရိကန် ကျောင်းသားလေးတွေ၊ ကျွန်မတို့ လင်မယား
နှစ်ယောက်နဲ့စုတို့ မြန်မာ သားအမိ နှစ်ယောက်ပေါ့။ တကယ်တော့
ဂျပန်အိမ်လေးတွေက လူ ၃ဝ ထက် ပိုပြီး မဆန့်တတ်ပါဘူး။
ကျွန်မတို့အားလုံး အိမ်ထဲမှာ နေရာယူပြီး မကြာခင်မှာပဲ
အိမ်အောက်ဆုံးထပ်မှာ တာတာမိဖျာတွေ ခင်းထားတဲ့ အခန်းလေးထဲ
ပုလွေသံနဲ့ခေါင်းလောင်းသံတွေ ဝင်ချလာပါတော့တယ်။ လက်ဖက်ရည်ပွဲမှာ
တစ်လျှောက်လုံး အေးအေး ငြိမ်းငြိမ်း နေရမယ် ဆိုတာကို မေ့သွားကြ သလိုပဲ
ဧည့်သည်တွေ အားလုံးက အပေါ်ထပ်ကို အပြေးအလွှား တက်ကြ ပါတော့တယ်။
ပွဲတော်ရက်တွေမှာ အိမ်တွေ အားလုံးဟာ အပေါ်ထပ် ပြတင်းပေါက်တွေ အားလုံးကို
ဖွင့်ထားတတ် ကြပါတယ်။ တာတာမိဖျာတွေကို ခင်းထားပုံကလည်း ပြဇာတ်ရုံကြီးထဲမှာ
သီးသန့် အခန်းဖွဲ့ခုံလေးတွေလိုပေါ့။ ရွေ့လျား မဏ္ဍပ်တွေရဲ့ စင်အမြင့်က
အိမ်အပေါ်ထပ်နဲ့ ကြမ်းတစ်ပြေးတည်း လောက် ရှိတာမို့ အခုတော့ ကြမ်းပေါ်
ထိုင်နေရတာနဲ့ မတူဘဲ အဆင့်မြင့် ပွဲကြည့်စင်မှာလို ခံစားနိုင်တယ်လေ။
ဒါကြောင့် မဏ္ဍပ်တွေ လှည့်လာတဲ့အခါမှာ ဧည့်တွေက အပေါ်ထပ်ကို
အပြေးတက်ကြတော့တာပါ။စုနဲ့ ကင်မ်ကဧည့်တွေ အားလုံးရဲ့ရှေ့ဆုံးက အလယ်မှာ ထိုင်လိုက်ကြပါတယ်။ ကျွန်မက သူတို့ကို ရှင်းပြဖို့ အနောက်ကပ် လျက်မှာပဲ နေရာယူလိုက်ပါတယ်။ တစ်ယောက်ယောက်က“ရှိုမို၊ရှိုမို”လို့ ရွတ်လိုက်ပါတယ်။ ဂျပန်တစ်ယောက်က အဲဒီလို အော်လိုက်ရင်ပဲ ဧည့်သည်တွေက “ရှိုမို၊ရှိုမို”လို့ သံပြိုင် လိုက်အော်ပါတော့ တယ်။ ဒီဒေသခံတွေရဲ့ အသံထွက်က နည်းနည်းကွဲတော့ ကျွန်မက ဘာကို ဆိုလိုမှန်း ချက်ချင်းမသိပါဘူး။ နောက်မှ ”ရှိုမို”ဆိုတာ“I want”လို့ ပြောကြောင်း သိသွားပါတော့တယ်။ လူတွေက မဏ္ဍပ်ပေါ်က ဖျော်ဖြေသူတွေကို “ဆိုပြတီးပြ ပါဗျို့။ ကြည့်ချင်တယ်”လို့ သြဘာ ပေးကြပြီး သူတို့ကလည်း ပွဲကြည့် သူတွေအတွက် ဆိုတီးပြ ကြပါတယ်။ ဂျပန်ခေါင်းလောင်း ကလေးက ကန်ကန် ချီကီချီကီ လို့ မြည်နေသလို ဗုံ ကလည်း ဘုကုဘုကု ဒွန်ဘုကုလို့ အသံထွက်ပါတယ်။ ပုလွေကတော့ စိတ်မရှည့်တရှည်နဲ့ ဟျဟျဟိဟိုဟို လို့ ချွဲတော့တာပါ။ လူတွေကလည်း သံစဉ်ကို လိုက်ပြီး ဂျပန်လို တစ်မျိုး၊ ရုရှန်လို တစ်သွယ်၊ အမေရိကန်လို တစ်နည်း၊ မြန်မာလို တစ်ဖုံနဲ့ ယိမ်းထိုး လှုပ်ရှားလာကြပါတော့တယ်။
ကျွန်မတို့ရဲ့“ဖျော်ဖြေပြပါဗျို့” ဆိုတဲ့အသံကိုကြားတော့ ယူတာ တီယာမာဖျော်ဖြေရေးရွေ့လျားမဏ္ဍပ် က ကျွန်မတို့ရှိနေတဲ့ အိမ်ရှေ့မှာ ရပ်လိုက်ပါတယ်။ ဒီမဏ္ဍပ်က ကျွန်မတို့ရှိနေတဲ့ အိမ်ရှိရာလမ်းရဲ့ အပိုင် မဏ္ဍပ်မို့ စောင့်ကြည့်နေသူတွေဟာ ပိုပြီးတက်ကြွကာ စိတ်အားထက်သန် လာခဲ့ကြပါတယ်။ တပည့်မ နိုရီကိုရဲ့ အစ်ကိုက ဆိုရင် သူ့အဘိုးနဲ့ သူ့အဖေလိုပဲ ပုလွေဖျော်ဖြေမှုကို အားရပါးရ စိတ်လှုပ်ရှားစွာ တင်ဆက်နေတာ သူ့ကိုယ်တစ်ခြမ်းတောင် ရွေ့လျားမဏ္ဍပ် အပြင်ကို ထွက်နေသလိုပါ။
ယူတာတီယာမာ မဏ္ဍပ်က တန်ဆွန်ဘုရားကျောင်းမှာ ဘာသာရေး အရ လက်ဘက်ရည်ပွဲပြီးတာနဲ့ ထွက်လာခဲ့တာ ဖြစ်ပါ တယ်။ မဏ္ဍပ် အလည်မှာတော့ ဘုရားဝတ်ပြုလို သူတွေအတွက် နေရာရှိပြီး ပတ်လည်မှာ အမိုးပါစင်္ကြံလေး ရှိပါတယ်။ ဒီမဏ္ဍပ်လေးရဲ့လျှို့ဝှက်ချက်ကတော့ ရှင်တိုဘုန်းကြီးတစ်ပါးက မကောင်းဆိုးဝါး တွေကို မောင်းထုတ် ပေးဖူးတဲ့နေရာ၊ လူတစ်ယောက်က ရေနွေးနဲ့ဝါးရွက်တွေကို အပေါ်အောက် ဖြန်းပက်ကာ သန့်စင်အောင် လုပ်ပေးတဲ့ နေရာ၊ မိန်းမငယ်လေး တစ်ယောက်က ဗုံတီးကာ ဂီတဖျော်ဖြေတဲ့ နေရာ ဆိုတာပါပဲ။
အဲဒီလိုဟာတွေအားလုံး ဖျော်ဖြေဖော်ပြပြီးတဲ့ အခါမှာတော့ ပုလွေသမား၊ ဗုံသမား၊ စည်သမားတွေ အားလုံးက ပုဝါတွေကို မြှောက်ကြသလို ဝါးရွက်နဲ့ ထုတ်ထားတဲ့ ဂျပန် ရိုးရာဆန်မုန့်တွေကိုပါ အိမ်ထဲကို ပစ်ပေးခဲ့ ကြပါတယ်။ လူတွေအားလုံးက ပျော်ရွင်ဝမ်းမြောက်စွာပဲ လက်တွေကို ဆန့်တန်းကာ လက်ဆောင်တွေကို ဆုပ်ဖမ်းကြတော့ တာပေါ့။ ဒီလက်ဆောင်တွေ ရရင်ကံကောင်း လိမ့်မယ်လို့အများက ယုံကြည်ကြတယ်လေ။ ကင်မ်ကလည်း မုန့်တစ်ခုနဲ့ ပုဝါတစ်ပိုင်း ရလိုက်ပါတယ်။ သူကတော့ ပျော်လွန်းလို့“ရေး.. ရေး”လို့ အော်ဟစ်နေလေရဲ့။ ကျွန်မကိုတောင် ခပ်ကြွားကြွားဟန်မျိုး လုပ်ပြနေပါသေးတယ်။
စုကို ကြည့်ရတာလည်း ပါးလေးတွေ နီမြန်းပြီး ပျော်နေပုံပါပဲ။ သူကတော့ လက်ဆောင်တွေကို အမိဖမ်းလိမ့်မှာ မဟုတ်ဘူးပေါ့။ တကယ်တော့ သူ လက်မထပ်ခင် တုန်းကဆိုရင်အိမ်အဖော် တစ်ယောက်ယောက်က သူ့ကို ပြုစုပေးခဲ့တာမို့ သူက တော်ဝင်သူ တစ်ယောက်လို နေခဲ့ပေမယ့် အခုတော့ အိမ်ရှင်မ ဖြစ်နေပြီမို့ ဘာမဆို သူ့ဘာသာ စီမံခန့်ခွဲနေရ ပြီလေ။ သူက ဂျပန်ရိုးရာချီမကီမုန့် ကို ကံကောင်းဖို့ဆိုပြီး အရယူစရာလည်း လိုမှမလိုဘဲကိုး။ သူကိုယ်တိုင်က ကံကောင်းခြင်း တွေကို သယ်လာနိုင်သူမဟုတ်လား။ တကယ်တော့ သာမန်လူတွေရဲ့ အပြုအမူနဲ့ တော်ဝင်သူတွေရဲ့ အပြုအမူတွေက ကွဲပြားတတ်တာ သဘာဝပဲလို့ ကျွန်မ တွေးနေမိပါတယ်။ ကျွန်မလည်း စုနောက်ဘက်ကို ကျလာတဲ့ ပုဝါတစ်ပိုင်းကို ပွဲတော်လက်ဆောင်အဖြစ် စုကို ပေးခဲ့ဖြစ်ပါတယ်။
မဏ္ဍပ်က ကျွန်မတို့အိမ်ရှေ့ကနေ ဖြတ်ကျော်သွားခဲ့ပါပြီ။ နောက်ထပ် ရွေ့လျားမဏ္ဍပ်များစွာ အိမ်ရှေ့ကနေ တစ်ခုပြီး တစ်ခု ဖြတ်သွားခဲ့ကြပါတယ်။ မဏ္ဍပ်တိုင်းမှာ လျှို့ဝှက် ပဉ္စလက် အစီအစဉ်တွေ ပါလို့ပါပဲ။ ဒါပေမယ့် ကျွန်မတို့ကို လက်ဆောင်တွေ လှမ်းပစ်ပေးမယ့် မဏ္ဍပ်ကတော့ နောက်ထပ် မရှိတော့ပါဘူး။
ဆက်လက် ဖော်ပြပါမည်။
ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၁၅)
ဖျော်ဖြေမှု ပြီးဆုံးသွားတဲ့ အခါမှာတော့ အမေရိကန် ကျောင်းသားတွေက
ပြန်သွားခဲ့ပါတယ်။ ရုရှက ဧည့်သည် နဲ့ ကျွန်မတို့ အုပ်စုကိုတော့
လက်ဖက်ရည်သောက် ဖိတ်ကြားထားတာမို့ ဘေးက အခန်းဆီ ပြောင်းလာခဲ့ ကြပါတယ်။ မစ္စ
အဝါဆာကီ က နေ့လယ်စာကို ပြင်ဆင်ထားနှင့်ပါတယ်။ အဲဒီခေတ်က ရုရှ ပညာတော်သင်
တွေကို ပြည်ပနိုင်ငံတွေ စေလွှတ် မှုတွေမှာ သိပ်မတင်းကြပ် တော့ပေမယ့်
ဂျပန်မိသားစုအိမ်တွေကို ဖိတ်ကြားခံရတာ မျိုးတော့ သူတို့လည်း
မကြုံဖူးသေးချိန်ပေါ့။ ဒီတော့ သူတို့က ဂျပန်ရိုးရာဆူရှီထဲက ဆာ ဘာဇူရှီ
(ငါးသေတ္တာ ငါးဆူရှီ)နဲ့ ဆကီဟန်(ကောက်ညှင်းနဲ့ ပဲနီမုန့်)ကို
သိပ်မစားဖူးကြသေးပါဘူး။ သူတို့က ရှေးရိုးစွဲသူ တွေပီပီ ငါးဆူရှီကို
အစပိုင်းမှာ သိပ်မတို့ထိခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ အရသာ ကောင်းတယ် ဆိုကာ
စားလာကြပါတယ်။
စုကတော့ ငါးဆူရှီကို သိပ်ခံတွင်းမတွေ့ဘဲ ကောက်ညှင်း ပဲနီမုန့်ကို ထပ်ထည့်ပါတော့တယ်။ စုရဲ့ တူကိုင်ပုံ ကလည်း ဂျပန်တွေ တူကိုင်ပုံနဲ့ တူပါတယ်။ ကင့်မ်ကို ကြည့်ရတာတော့ မဏ္ဍပ်ပေါ်က ပေးသွားခဲ့တာတွေနဲ့ ပြည့်နေသလို ပလပ်စတစ် သေနတ်တစ်လက်လည်း ရထားလေတော့ သူ့ဘာသာ ကျေနပ်ပြီး ဗိုက်ပြည့် နေသလား ပါပဲ။
“နိုရီကိုရေ မစ္စအဝါဆာကီကို ပြောပြလိုက်ပါ။ ကောက်ညှင်းနဲ့ ပဲနီက ကျွန်မတို့ဆီမှာလည်း ရှိတယ်လို့။ ကျွန်မတို့ က ကောက်ညှင်းပေါင်းလို့ ခေါ်တာလေ”လို့ ဆိုပါတယ်။ ကျွန်မက ပဲနီရော ရှိလားဆိုတော့ ရှိကြောင်း ဖြေပါတယ်။ အိမ်ရှင်ကလည်း မြန်မာမှာ ကောက်ညှင်းနဲ့ ပဲနီရှိတယ် ဆိုတာ သိပြီး သဘောတွေ ကျနေတာပေါ့။ မြန်မာမှာ ဆကီဟန် ရှိတယ်လို့ ပြန်ပြောနေလေရဲ့။
ကျွန်မတို့ အိမ်အပြန် ဘူတာရုံဆီ လျှောက်လာကြတော့ ရုရှပညာရှင်တစ်ယောက်က
သူမြန်မာပြည်ကို ရောက် ဖူးကြောင်း ပြောလာပါတယ်။ စုကမြန်မာပြည်ကို ဘယ်လို
သဘောရလဲလို့ သူ့ကိုမေးတော့ “ပူတယ်။ မခံနိုင်လောက်အောင် ပူတယ်” လို့သာ
အထပ်ထပ် ပြောနေပါတော့တယ်။ သူက အိန္ဒိယအသွားမှာ မြန်မာပြည်ကို
ဝင်ခဲ့တယ်လို့ဆိုတော့ ကျွန်မမှာ တံခါးပိတ် မူဝါဒ ရှိနေတဲ့ မြန်မာပြည်ကို
ဘာလို့သွား ခဲ့တာလဲဆိုပြီး တွေးကြည့်တော့ ဆိုဗီယက်ရော၊ မြန်မာပါ ဆိုရှယ်လစ်
နိုင်ငံတွေမို့ ဆိုတာ သဘောပေါက် မိလာပါတယ်။ ဂျော့ရှ်အော်ဝဲလ်ရဲ့
“တိရစ္ဆာန်ကမ္ဘာ”တို့၊ “၁၉၈၄” တို့ ဆိုတာ ဆိုဗီယက်နဲ့ မြန်မာကို ကြည့် ပြီး
ရေးတယ်လို့ ဆိုကြတယ် မဟုတ်လား။ တစ်နိုင်ငံက သိပ်အေးပြီး နောက်တစ်နိုင်ငံက
သိပ်ပူနေတာတော့ ကွဲပြားတာပေါ့။ ရုရှနဲ့ မြန်မာမှာ နိုင်ငံရေး
စိတ်ကူးတူပြီး ဂျပန်နဲ့ မြန်မာမှာတော့ ဆာကီဟန်ချင်း တူတယ်လို့
ဆိုရမှာပေါ့လေ။စုကတော့ ငါးဆူရှီကို သိပ်ခံတွင်းမတွေ့ဘဲ ကောက်ညှင်း ပဲနီမုန့်ကို ထပ်ထည့်ပါတော့တယ်။ စုရဲ့ တူကိုင်ပုံ ကလည်း ဂျပန်တွေ တူကိုင်ပုံနဲ့ တူပါတယ်။ ကင့်မ်ကို ကြည့်ရတာတော့ မဏ္ဍပ်ပေါ်က ပေးသွားခဲ့တာတွေနဲ့ ပြည့်နေသလို ပလပ်စတစ် သေနတ်တစ်လက်လည်း ရထားလေတော့ သူ့ဘာသာ ကျေနပ်ပြီး ဗိုက်ပြည့် နေသလား ပါပဲ။
“နိုရီကိုရေ မစ္စအဝါဆာကီကို ပြောပြလိုက်ပါ။ ကောက်ညှင်းနဲ့ ပဲနီက ကျွန်မတို့ဆီမှာလည်း ရှိတယ်လို့။ ကျွန်မတို့ က ကောက်ညှင်းပေါင်းလို့ ခေါ်တာလေ”လို့ ဆိုပါတယ်။ ကျွန်မက ပဲနီရော ရှိလားဆိုတော့ ရှိကြောင်း ဖြေပါတယ်။ အိမ်ရှင်ကလည်း မြန်မာမှာ ကောက်ညှင်းနဲ့ ပဲနီရှိတယ် ဆိုတာ သိပြီး သဘောတွေ ကျနေတာပေါ့။ မြန်မာမှာ ဆကီဟန် ရှိတယ်လို့ ပြန်ပြောနေလေရဲ့။
နိုင်ငံရေးစိတ်ကူး ဆိုတာ အချိန်ပြောင်းလာရင် ပြောင်းလဲသွား နိုင်ပေမယ့် အစားအစာကိုတော့ ပြောင်းဖို့ မလွယ်ကူပါဘူး။ ပိုပြီးလည်း အေးချမ်းတဲ့ တူညီမှုမို့ အစားအစာ တူရတာ ကောင်းတာပေါ့လို့ တွေး မိနေပါတယ်။ ကျွန်မနဲ့စု နှစ်ယောက် စလုံးက အောက်စ်ဖို့ဒ်မှာ ဆိုရင် နိုင်ငံခြားသားလို နေခဲ့ရတာကိုး။ ဒါပေမယ့် ကျွန်မက မြန်မာရော ဂျပန်မှာပါ တူညီတဲ့ အစားအသောက် ယဉ်ကျေးမှု ရှိနေတာကို ရုတ်တရက် မေ့နေခဲ့တာပါ။ ဒီ အို့စုမတ်ဆူရီ ပွဲတော်ကပဲ ကျွန်မတို့ကို ဒီအတွေး တွေးမိအောင် ဖန်တီးခဲ့တာပေါ့။
လူထုဘဝထဲက စု
စုနဲ့ကင်မ်တို့က ကျိုတိုဘူတာရုံရဲ့အရှေ့မြောက်ဘက်မှာ ရှိတဲ့ အပြည်ပြည်ဆိုင်ရာ ဧည့်ဂေဟာမှာ ဘဝ အသစ်တစ်ခုကို စခဲ့ကြပါပြီ။ စုကတော့ အောက်စ်ဖို့ဒ်က ဘဝနေထိုင်နည်းကိုပဲ ပြန်သုံးပါတယ်။ ချွေတာ ရေးလည်း ဖြစ်အောင်နဲ့ ကားတွေ ကြပ်တာကိုလည်း ရှောင်ရာကျအောင် စုက စက်ဘီးအဟောင်း တစ်စီးကို ဝယ်လိုက်ပါတယ်။ ခြောက်လလုံးလုံး သူက မြန်မာဝတ်စုံ ဝတ်ပြီး အဲဒီစက်ဘီးတစ်စီးနဲ့ လျှောက်သွား တော့တာပါပဲ။ ကင်မ်ကလည်း မူလတန်း ကျောင်းလေး မှာ ကျောင်းအပ်လို့ ရသွားပါတယ်။ ပြဿနာကတော့ သူက ဂျပန်လို လုံးဝနားမလည်တော့ စာလိုက်မလုပ်တော့ပါဘူး။ စုက ဗြိတိသျှကောင်စီက ငှားလာပေးတဲ့ အင်္ဂလိပ်စာအုပ် တွေကိုပဲ အတန်းထဲမှာ ထိုင်ဖတ်ပြီး ကျောင်းက ကျွေးတာတွေ စားပေါ့။ သူက “ကျောင်းသွားရတာ ပျော်တယ်။ စာကြည့်စရာ မလိုပေမယ့် ကျွေးတာကတော့ စားနိုင်တယ်လေ”လို့ ပျော်ပျော် ပဲ ပြောပါတယ်။
စုက အင်္ဂတေနဲ့ ဆောက်တဲ့အိမ်တွေကို မယဉ်ပါးဘူး ထင်ပါရဲ့။ ပိတ်ရက်တွေမှာ ကျွန်မတို့အိမ်ကို ရောက်လာရင် သူ ဘယ်လောက် စိတ်လက် ပေါ့ပါးသွားကြောင်း ပြောလေ့ ရှိပါတယ်။ နိုဝင်ဘာလမှာတော့ သူက ခရစ်စမတ်မှာ သူ့ဆီ လာလည်ကြမယ့် မိုက်ကယ်နဲ့ အလက်ဇန္ဒား တို့အတွက် လေယာဉ်လက်မှတ် ဝယ်ပေးရမှာမို့ လျှော့ဈေးဆိုင် ကို ခေါ်သွားပေးဖို့ ပြောလာပါတော့ တယ်။ စုက အိန္ဒိယမှာနေခဲ့တုန်းက ခင်ခဲ့တဲ့သူငယ်ချင်းတစ်ယောက်ဟာ အိန္ဒိယ လေကြောင်းလိုင်းမှာ လုပ်တာမို့ သူက အဲဒီလေကြောင်းလိုင်း ကနေပဲ လတ်မှတ်ဝယ် တတ်ပါတယ်။
အဲဒီအချိန်မှာ လန်ဒန်မှာ ဘော်ဒါနေ နေတဲ့ အလက်ဇန္ဒားက နယူးဒေလီကို သွားပြီး ဆင်းမလားက နေလာမယ့် မိုက်ကယ်နဲ့တွေ့ကာ ဂျပန်ကို အတူလာကြရမှာပါ။ အပြန်လည်း အဲဒီလိုပဲ စီစဉ်ပေးရမှာ ဖြစ်ကာ လက်မှတ်ဖိုး တွေကိုတော့ စုက ပေးရမှာပါ။ သူက မမောတမ်းပဲ လေယာဉ်ခရီးစဉ်အချိန်ဇယားကို ကြည့်ပြီး စိတ်ရှည် လက်ရှည် ရွေးနေလေရဲ့။ ကျွန်မကတော့ အဲဒီဘေးမှာ ရပ်ရင်းကို ပင်ပန်းလို့ လာတော့တာပါ။ ဈေးလျှော့ ပေးတယ်ဆိုပေမယ့် အပြန်လက်မှတ်တွေက သိပ်မချိုလှပါဘူး။ ငွေလည်း ချေပြီးရော သူက သက်ပြင်းကြီး ချလိုက်ကာ “နိုရီကိုရေ ယောကျာ်းတွေ ဆိုတာ ဘယ်လောက်များ ဒုက္ခပေးတဲ့ သတ္တဝါတွေ များပါလိမ့်နော်”လို့ ဆိုလိုက်ပါတော့တယ်။
စုက လစဉ်ဝင်ငွေ အဖြစ် စကောလားရှစ်က ယန်းငါးသိန်း ပေးပါတယ်။ အဲဒီအချိန်က ကျွန်မ ခင်ပွန်းရဲ့ လက်ထောက် ပါမောက္ခ လစာဟာ အခွန်ဖြတ်ပြီးတဲ့ အခါမှာတောင် လစဉ် ယန်းသုံးသန်းနှစ်သိန်း မို့ အတော် အဆင်ပြေပါရဲ့။ စု အတွက် ကတော့ “ကျွန်မက မြန်မာသံရုံးကို ဝင်ငွေရဲ့ ဆယ်ရာခိုင်နှုန်း ပေးရတာမို့ ယန်းငါးထောင် ပေးရမယ်လေ”လို့ ဆိုတာမို့ သူ့ဝင်ငွေဟာ သိပ်တော့ မဟန်လှဘူး ဆိုရမှာပါ။ “အဲလိုသာ မပေးရရင် ကောင်းမှာပဲ” လို့ စုက ပြောပါသေးတယ်။ ကျွန်မက သံရုံးကို ဘာအတွက် ပေးရတာလဲလို့ မေးတော့ စုကဘာမှ ပြန်မဖြေခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် ပေးရမှာပေါ့ လို့တော့ ပြောလေရဲ့။
အင်္ဂလန်မှာ ရှိတဲ့ မြန်မာတွေ အနေနဲ့ သူတို့ရဲ့ လစဉ်ဝင်ငွေထဲက ၁ဝ ရာခိုင်နှုန်းကို မြန်မာသံရုံးကို ပေးစရာ မလိုခဲ့ပါဘူး။ ၁၉၄၇ ခုနှစ် ဝန်ကြီးချုပ် အက်တလီနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ သဘောတူညီချက် မှာကို အဲဒီကိစ္စ ထည့်ပြောခဲ့ကြတယ်လို့ ဆိုပါတယ်။ ဂျပန်နဲ့ မြန်မာကြား မှာတော့ အဲဒီသဘောတူညီချက် ကိစ္စမျိုး မရှိပါဘူး။ ဂျပန်မှာ အလုပ်လုပ်နေတဲ့ မြန်မာတွေ အနေနဲ့ သူတို့လခ ထဲက ၁ဝ ရာခိုင်နှုန်းကို ဂျပန်အစိုးရက ဖြတ်တောက် ပြီးမှ ပေးတာမို့ မြန်မာသံရုံး ဘက်ကိုပါ အခွန် ထပ်ပေးရတာမျိုးက မဖြစ်သင့်ဘူးလို့ ကျွန်မထင်ပါတယ်။ ဒါဟာ ဂျပန်နိုင်ငံရဲ့ အခွန်ဥပဒေနဲ့လည်း ဆန့်ကျင် နေပါတယ်။ (အခုအချိန်မှာတော့ မြန်မာ အလုပ်သမားတိုင်းဆီက ယန်း တစ်သောင်းနှုန်း ကောက်ခံနေပါတယ်) ဒီကိစ္စကို ဂျပန်အစိုးရက မကြာခဏ ကန့်ကွက်ခဲ့ပြီးလည်း ဖြစ်ပါတယ်။ ဒီလို ကောက်ခံပုံက ကျွန်မတို့ဆီမှာ ယာကူဇာတွေ လောင်းကစားဝိုင်းတွေ ဆီက ငွေကောက်ပုံမျိုးနဲ့ တူနေပါရဲ့။ ဒီငွေကို ဘယ်သူကမှလည်း ကြည်ကြည်ဖြူဖြူ မပေးချင်ကြပါဘူး။
မသီတာ(စမ်းချောင်း)
No comments:
Post a Comment